1
သင် တို့ သည် စစ် ကြော ဆုံး ဖြတ် ခြင်း နှင့် ကင်း လွတ် ရ မည် အ ကြောင်း သူ တ ပါး ၏ အ မှု ၌ စစ် ကြော ဆုံး ဖြတ် ခြင်း ကို မ ပြု ကြ နှင့်။
2
သင် တို့ သည် အ ကြင် တ ရား အ တိုင်း သူ တ ပါး ကို စီ ရင် ကြ ၏။ ထို တ ရား အ တိုင်း စီ ရင် ခြင်း ကို ခံ ရ ကြ မည်။ အ ကြင် ချိန်၊ တင်း ပ မာ ဏ နှင့် သူ တ ပါး အား ပေး ၏။ ထို ပ မာ ဏ အ တိုင်း ကိုယ် ခံ ရ ကြ မည်။
3
ကိုယ် မျက် စိ ၌ ရှိ သော တံ ကျင် ကို မ အောက် မေ့ ဘဲ ညီ အစ် ကို မျက် စိ ၌ ရှိ သော ငြောင့် ငယ် ကို အ ဘယ် ကြောင့် ကြည့် ရှု သ နည်း။
4
ကိုယ် မျက် စိ ၌ တံ ကျင် ရှိ လျက် ပင် ညီ အစ် ကို အား သင် ၏ မျက် စိ ၌ ရှိ သော ငြောင့် ငယ် ကို ထုတ် ပါ ရ စေ ဟု အ ဘယ် သို့ ဆို သ နည်း။
5
လျှို့ ဝှက် သော သူ၊ ကိုယ် မျက် စိ ၌ ရှိ သော တံ ကျင် ကို ရှေ့ ဦး စွာ ထုတ် ပစ် လော့။ နောက် မှ ညီ အစ် ကို မျက် စိ ၌ ရှိ သော ငြောင့် ငယ် ကို ထုတ် ပစ် ခြင်း ငှါ ရှင်း လင်း စွာ မြင် လိမ့် မည်။
6
ဖြူ စင် သော အ ရာ ကို ခွေး တို့ အား မ ပေး ကြ နှင့်။ ပု လဲ ရ တ နာ တို့ ကို ဝက် တို့ ရှေ့ မှာ မ ချ မ ထား ကြ နှင့်။ သို့ ပြု လျှင် ထို အ ရာ တို့ ကို ကျော် နင်း ၍ သင် တို့ ကို လှည့် လျက် ကိုက် ဖြတ် ကြ လိမ့် မည်။
7
တောင်း ကြ လော့။ တောင်း လျှင် ရ မည်။ ရှာ ကြ လော့။ ရှာ လျှင် တွေ့ မည်။ တံ ခါး ကို ခေါက် ကြ လော့။ ခေါက် လျှင် ဖွင့် မည်။
8
တောင်း သော သူ မည် သည် ကား ရ ၏။ ရှာ သော သူ လည်း တွေ့ ၏။ ခေါက် သော သူ အား လည်း တံ ခါး ကို ဖွင့် ၏။
9
သား သည် မုန့် ကို တောင်း လျှင် မိ မိ သား အား ကျောက် ကို ပေး မည့် သူ၊
10
ငါး ကို တောင်း လျှင် မြွေ ကို ပေး မည့် သူ တ စုံ တ ယောက် မျှ သင် တို့ တွင် ရှိ သ လော။
11
သင် တို့ သည် အ ဆိုး ဖြစ် လျက် ပင် ကိုယ် သား တို့ အား ကောင်း သော အ ရာ ကို ပေး တတ် လျှင်၊ ထို မျှ မ က ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော သင် တို့ အ ဘ သည် ဆု တောင်း သော သူ တို့ အား၊ ကောင်း သော အ ရာ ကို သာ ၌ ပေး တော် မူ မည် မ ဟုတ် လော။
12
သင် တို့ သည် ကိုယ် ၌ သူ တ ပါး ပြု စေ လို သ မျှ အ တိုင်း သူ တ ပါး ၌ ပြု ကြ လော့။ ဤ ပ ညတ် ကား ပ ညတ္တိ ကျမ်း နှင့် အ နာ ဂတ္တိ ကျမ်း တို့ ၏ အ ချုပ် အ ချာ ပင် ဖြစ် သ တည်း။
13
ကျဉ်း သော တံ ခါး ကို ဝင် ကြ လော့။ ပျက် စီး ခြင်း သို့ ရောက် သော လမ်း နှင့် တံ ခါး သည် ကျယ် ဝန်း သည် ဖြစ် ၍ ဝင် သော သူ တို့ သည် များ ကြ ၏။
14
အ သက် ရှင် ခြင်း သို့ ရောက် သော လမ်း နှင့် တံ ခါး သည် အ လွန် ကျဉ်း မြောင်း သည် ဖြစ် ၍၊ တွေ့ ဝင် သော သူ တို့ သည် နည်း ကြ ၏။
15
အ တွင်း ၌ ကြမ်း တမ်း သော တော ခွေး ဖြစ် လျက်၊ သိုး ရေ ကို ခြုံ ၍ သင် တို့ ရှိ ရာ သို့ လာ သော မိစ္ဆာ ပ ရော ဖက် တို့ ကို သ တိ နှင့် ရှောင် ကြ လော့။
16
ထို သူ တို့ ၏ အ ကျင့် ကို ထောက် ၍ သူ တို့ ၏ သ ဘော ကို သိ လိမ့် မည်။ ဆူး ပင် ၌ စ ပျစ် သီး ကို ဆွတ် တတ် သ လော။ ဆူး လေ ပင် ၌ သင်္ဘော သ ဖန်း သီး ကို ဆွတ် တတ် သ လော။
17
ကောင်း သော အ ပင် သည် ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် သည် မ ကောင်း သော အ သီး ကို သီး တတ် ၏။
18
ကောင်း သော အ ပင် သည် မ ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် သည် ကောင်း သော အ သီး ကို မ သီး နိုင်။
19
ကောင်း သော အ သီး မ သီး သော အ ပင် ရှိ သ မျှ တို့ ကို ခုတ် လှဲ ၍ မီး ထဲ သို့ ချ လိုက် တတ် ၏။
20
သို့ ဖြစ် လျှင် ထို ပ ရော ဖက် တို့ ၏ အ ကျင့် ကို ထောက် သော် သူ တို့ ၏ သ ဘော ကို သိ ရ ကြ လိမ့် မည်။
21
သ ခင်၊ သ ခင် ဟု ငါ့ ကို လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ရ လိမ့် မည် မ ဟုတ်။ ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော ငါ့ ခ မည်း တော် ၏ အ လို တော် ကို ဆောင် သော သူ သာ လျှင် ဝင် ရ လိမ့် မည်။
22
ထို နေ့ ၌ ကား၊ သ ခင်၊ သ ခင်၊ အ ကျွန်ုပ် တို့ သည် ကိုယ် တော် အ ခွင့် နှင့် ဆုံး မ ဩ ဝါ ဒ ပေး ပါ ပြီ မ ဟုတ် လော။ ကိုယ် တော် အ ခွင့် နှင့် နတ် ဆိုး တို့ ကို နှင် ထုတ် ပါ ပြီ မ ဟုတ် လော။ ကိုယ် တော် အ ခွင့် နှင့် များ စွာ သော တန် ခိုး တို့ ကို ပြ ပါ ပြီ မ ဟုတ် လော ဟု အ များ သော သူ တို့ သည် လျှောက် ကြ လိမ့် မည်။
23
ထို သို့ လျှောက် ကြ သော အ ခါ သင် တို့ ကို ငါ အ လျှင်း မ သိ။ အ ဓမ္မ အ မှု ကို ပြု သော သူ တို့၊ ငါ့ ထံ မှ ဖယ် ကြ ဟု ထို သူ တို့ အား အ တည့် အ လင်း ငါ ပြော မည်။
24
အ ကြင် သူ သည် ငါ ဟော ပြော သော ဤ စ ကား ကို ကြား ၍ နား ထောင် ၏၊ ထို သူ သည် ကျောက် ပေါ် မှာ အိမ် ဆောက် သော ပ ညာ ရှိ နှင့် တူ ကြောင်း ကို ငါ ပုံ ပြ မည်။
25
မိုဃ်း ရွာ ၍ ရေ စီး သည် နှင့် လေ လာ ၍ ထို အိမ် ကို တိုက် သည် ရှိ သော်၊ ကျောက် ပေါ် မှာ တည် သော ကြောင့် မ ပြို မ လဲ နေ ၏။
26
အ ကြင် သူ သည် ငါ ဟော ပြော သော ဤ စ ကား ကို ကြား ၍ နား မ ထောင် ဘဲ နေ ၏၊ ထို သူ သည် သဲ ပေါ် မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါ ပုံ ပြ မည်။
27
မိုဃ်း ရွာ ၍ ရေ စီး သည် နှင့် လေ လာ ၍ ထို အိမ် ကို တိုက် သော အ ခါ၊ ကြီး စွာ သော ပြို လဲ ခြင်း သို့ ရောက် လေ သည် ဟု ဟော တော် မူ ၏။
28
ထို ဒေ သ နာ တော် ကို ယေ ရှု ဟော တော် မူ သည် အ ဆုံး ၌ ပ ရိ သတ် အ ပေါင်း တို့ သည် ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ခြင်း ကို အ လွန် အံ့ ဩ ကြ ၏။
29
အ ကြောင်း မူ ကား၊ ကျမ်း ပြု ဆ ရာ နည်း တူ မ ဟုတ်၊ အ စိုး ရ သော သူ နည်း တူ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ၏။