1
ယု ဒ ပြည် ဗက် လင် မြို့ ၌ ဟေ ရုဒ် မင်း ကြီး လက် ထက်၊ ယေ ရှု သည် ဘွား မြင် ခြင်း ကို ခံ တော် မူ ပြီး မှ၊ မာ ဂု ပ ညာ ရှိ တို့ သည် အ ရှေ့ ပြည် က ယေ ရု ရှ လင် မြို့ သို့ ရောက် လာ ကြ လျှင်၊
2
ယ ခု ဘွား မြင် သော ယု ဒ ရှင် ဘု ရင် သည်၊ အ ဘယ် မှာ ရှိ တော် မူ သ နည်း။ အ ရှေ့ ပြည် ၌ သူ ၏ ကြယ် ကို ငါ တို့ သည် မြင် ရ သည် ဖြစ် ၍ ဖူး တွေ့ ပူ ဇော် ခြင်း ငှါ ရောက် လာ ကြ ပြီ ဟု မေး မြန်း ပြော ဆို ကြ ၏။
3
ထို စ ကား ကို ကြား လျှင်၊ ဟေ ရုဒ် မင်း ကြီး သည် ယေ ရု ရှ လင် မြို့ သူ မြို့ သား အ ပေါင်း တို့ နှင့် တ ကွ စိတ် ပူ ပန် ခြင်း သို့ ရောက် သ ဖြင့်၊
4
ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် လူ တို့ တွင် ကျမ်း ပြု ဆ ရာ ရှိ သ မျှ တို့ ကို စု ဝေး စေ ၍၊ ခ ရစ် တော် ကို အ ဘယ် အ ရပ် မှာ ဘွား မြင် လိမ့် မည် နည်း ဟု မေး မြန်း တော် မူ ၏။
5
ထို ဆ ရာ တို့ က လည်း၊ ပ ရော ဖက် တ ဦး ရေး ထား သော အ ချက် ဟူ မူ ကား၊
6
အို ယု ဒ ပြည် ဗက် လင် မြို့၊ အ စိုး ရ သော ယု ဒ မြို့ တို့ တွင် သင် သည် မြို့ ငယ် မြို့ ယုတ် မ ဟုတ်။ အ ကြောင်း မူ ကား၊ ငါ ၏ လူ စု ဣ သ ရေ လ အ မျိုး ကို အုပ် စိုး ရ သော သ ခင် သည် သင် ၏ အ ထဲ မှာ ပေါ် ထွန်း လ တံ့ ဟု ကျမ်း လာ ရှိ ပါ ၏။ ထို့ ကြောင့် ယု ဒ ပြည် ဗက် လင် မြို့ ၌ ခ ရစ် တော် ကို ဘွား မြင် ရ ပါ မည် ဟု မင်း ကြီး အား ပြန် ကြား လျှောက် ထား ကြ ၏။
7
ထို အ ခါ ဟေ ရုဒ် မင်း ကြီး သည်၊ မာ ဂု ပ ညာ ရှိ တို့ ကို ခေါ် ၍၊ ကြယ် ပေါ် ထွန်း သော အ ချိန် ကာ လ ကို စေ့ စေ့ မေး မြန်း ပြီး မှ၊
8
သင် တို့ သွား ၍ ထို သူ ငယ် ကို ကြိုး စား ရှာ ကြ ပါ။ တွေ့ လျှင် ငါ့ ထံ သို့ ပြန် လာ ၍ ငါ လည်း ထို သူ ငယ် ကို ဖူး တွေ့ ပူ ဇော် ရ အောင် ကြား ပြော ကြ ပါ ဟု မှာ ထား တော် မူ လျက်၊ ဗက် လင် မြို့ သို့ စေ လွှတ် လေ ၏။
9
ထို သူ တို့ သည် မင်း ကြီး စ ကား ကို နာ ခံ ပြီး လျှင် ထွက် သွား ကြ ၍၊ အ ရှေ့ ပြည် က မြင် ရ သော ကြယ် သည် သူ တို့ ရှေ့ က သွား သ ဖြင့်၊ သူ ငယ် တော် ရှိ ရာ အ ရပ် အ ပေါ် သို့ ရောက် ၍ တည် လျက် နေ ၏။
10
ထို ကြယ် ကို မြင် ပြန် သော အ ခါ အ လွန် ဝမ်း မြောက် ဝမ်း သာ ခြင်း ရှိ ၍၊
11
အိမ် သို့ ဝင် လေ သော်၊ မယ် တော် မာ ရိ နှင့် တ ကွ သူ ငယ် တော် ကို တွေ့ မြင် လျှင် ပြပ် ဝပ် ကိုး ကွယ် ၍၊ မိ မိ တို့ ဘဏ္ဍာ ဥစ္စာ တို့ ကို ဖွင့် ပြီး မှ လော ဗန် နှင့် မု ရန် တည်း ဟူ သော နံ့ သာ မျိုး ကို ၎င်း၊ ရွှေ ကို ၎င်း ဆက် ကပ် ပူ ဇော် ကြ ၏။
12
နောက် မှ ဟေ ရုဒ် မင်း ကြီး ထံ သို့ မ ပြန် ရ မည် အ ကြောင်း အိပ် မက် တွင် ဗျာ ဒိတ် တော် ကို ရ ၍ မိ မိ တို့ ပြည် သို့ အ ခြား သော လမ်း ဖြင့် ပြန် သွား ကြ ၏။
13
ထို သူ တို့ သွား ကြ သည် နောက်၊ ယော သပ် သည် အိပ် မက် ကို မြင် သည် မှာ၊ ထာ ဝ ရ ဘု ရား ၏ ကောင်း ကင် တ မန် သည် ထင် ရှား ၍၊ သင် ထ လော့။ မယ် တော် နှင့် သူ ငယ် တော် ကို ဆောင် ယူ ပြီး လျှင်၊ အဲ ဂုတ္တု ပြည် သို့ ပြေး ၍၊ တ ဖန် ငါ ပြော ဆို သည် တိုင် အောင် ထို ပြည် ၌ နေ လော့။ ဟေ ရုဒ် မင်း ကြီး သည် သူ ငယ် တော် ကို သတ် အံ့ သော ငှါ ရှာ လိမ့် မည် ဟု ဆို လေ ၏။
14
ထို အ ခါ ယော သပ် သည် ထ ၍ မယ် တော် နှင့် သူ ငယ် တော် ကို ညဉ့် အ ချိန် ၌ ဆောင် ယူ ပြီး လျှင် အဲ ဂုတ္တု ပြည် သို့ ထွက် သွား ၍၊
15
ဟေ ရုဒ် မင်း ကြီး အ နိစ္စ ရောက် သည် တိုင် အောင် ထို ပြည် ၌ နေ လေ ၏။ ဤ အ ကြောင်း အ ရာ ကား၊ ငါ့ သား ကို အဲ ဂုတ္တု ပြည် မှ ငါ ခေါ် ခဲ့ ပြီ ဟု ထာ ဝ ရ ဘု ရား သည် ပ ရော ဖက် ဖြင့် ထား တော် မူ သော ဗျာ ဒိတ် တော် ပြည့် စုံ မည် အ ကြောင်း တည်း။
16
ထို အ ခါ ဟေ ရုဒ် မင်း ကြီး သည် မာ ဂု ပ ညာ ရှိ တို့ လှည့် ဖြား သည် ကို သိ လျှင်၊ ပြင်း စွာ အ မျက် ထွက် ၍ လူ ကို စေ လွှတ် သ ဖြင့်၊ မာ ဂု ပ ညာ ရှိ တို့ ၌ စေ့ စေ့ မေး မြန်း ပြီး သော ကြယ် ၏ အ ချိန် ကာ လ ကို ထောက် ၍၊ ဗက် လင် မြို့ မှ စ သော ကျေး လက် ရှိ သ မျှ တို့ ၌ နှစ် နှစ် အ ရွယ် မှ စ ၍၊ ထို အ ရွယ် အောက် ယုတ် သော သူ ငယ် ယောက်ျား အ ပေါင်း တို့ ကို သတ် စေ ၏။
17
ပ ရော ဖက် ယေ ရ မိ ဟော ဘူး သည် ကား၊
18
ရာ မ အ ရပ် ၌ သည်း စွာ သော ညည်း တွား ငို ကြွေး မြည် တမ်း ခြင်း အ သံ ကို ကြား ရ ၍ ရာ ခေ လ သည် မိ မိ သား တို့ မ ရှိ သော ကြောင့် ငို ၍ စိတ် မ ပြေ နိုင် ဟူ သော စ ကား သည် ထို အ ခါ ၌ အ မှန် ကျ သ တည်း။
19
ဟေ ရုဒ် မင်း ကြီး အ နိစ္စ ရောက် သည် နောက်၊ ယော သပ် သည် အဲ ဂုတ္တု ပြည် ၌ အိပ် မက် ကို မြင် ပြန် သည် မှာ၊ ထာ ဝ ရ ဘု ရား ၏ ကောင်း ကင် တ မန် သည် ထင် ရှား ၍၊
20
သင် ထ လော့။ မယ် တော် နှင့် သူ ငယ် တော် ကို ဆောင် ယူ ပြီး လျှင်၊ ဣ သ ရေ လ တိုင်း သို့ သွား လော့။ သူ ငယ် တော် ကို သတ် အံ့ သော ငှါ ရှာ သော သူ တို့ သည် သေ ကြ ပြီ ဟု ဆို လေ ၏။
21
ထို အ ခါ ယော သပ် သည် ထ ၍ မယ် တော် နှင့် သူ ငယ် တော် ကို ဆောင် ယူ ပြီး လျှင်၊ ဣ သ ရေ လ တိုင်း သို့ သွား ၍ ရောက် သည် ရှိ သော်၊
22
ဟေ ရုဒ် မင်း ကြီး ၏ အ ရာ ၌ သား တော် အာ ခေ လ သည် ယု ဒ ပြည် တွင် မင်း ပြု ကြောင်း ကို ကြား ရ လျှင်၊ ထို ပြည် သို့ မ သွား ဝံ့ ၍ အိပ် မက် ၌ ဗျာ ဒိတ် တော် ကို ရ ပြန် ပြီး မှ ဂါ လိ လဲ ပြည် သို့ သွား ၍၊
23
ခ ရစ် တော် ကို နာ ဇ ရက် လူ ဟု ခေါ် ဝေါ် ကြ လ တံ့ ဟူ သော ပ ရော ဖက် တို့ ၏ နှုတ် ထွက် နှင့် အ ညီ၊ နာ ဇ ရက် အ မည် ရှိ သော မြို့ သို့ ရောက် ၍ အ မြဲ နေ လေ ၏။