မဿဲ-11

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို သို့ တ ကျိပ် နှစ် ပါး သော တ ပည့် တော် တို့ ကို အ ကုန် အ စင် မှာ ထား တော် မူ ပြီး လျှင်၊ မြို့ ရွာ များ တို့ ၌ ဆုံး မ ဩ ဝါ ဒ ပေး ခြင်း ငှါ ၎င်း၊ သိ တင်း ကြား ပြော ခြင်း ငှါ ၎င်း၊ ထို အ ရပ် မှ ကြွ တော် မူ ၏။
  • 2 ခ ရစ် တော် ပြု တော် မူ သော အ မှု တို့ ကို ယော ဟန် သည် ထောင် ထဲ မှာ ကြား သော အ ခါ၊ မိ မိ တ ပည့် နှစ် ယောက် ကို စေ လွှတ် ၍၊ ကိုယ် တော် သည် ကြွ လာ သော သူ မှန် သ လော။
  • 3 သို့ မ ဟုတ် အ ခြား သော သူ ကို မျှော် လင့် ရ ပါ မည် လော ဟု မေး လျှောက် စေ ၏။
  • 4 ယေ ရှု က လည်း၊ သင် တို့ သည် ကြား ရ သ မျှ မြင် ရ သ မျှ တို့ ကို သွား ၍ ယော ဟန် အား ကြား လျှောက် ကြ လော့။
  • 5 မျက် စိ ကန်း သော သူ တို့ သည် မျက် စိ မြင် ရ ကြ ၏။ ခြေ မ စွမ်း သော သူ တို့ သည် လှမ်း သွား ရ ကြ ၏။ နူ နာ စွဲ သော သူ တို့ သည် သန့် ရှင်း ခြင်း သို့ ရောက် ရ ကြ ၏။ နား ပင်း သော သူ တို့ သည် နား ကြား ရ ကြ ၏။ သေ သော သူ တို့ သည် ထ မြောက် ခြင်း သို့ ရောက် ရ ကြ ၏။ ဆင်း ရဲ သား တို့ သည် လည်း ဝမ်း မြောက် စ ရာ သိ တင်း ကို ကြား ရ ကြ ၏။
  • 6 ငါ့ ကြောင့် စိတ် မ ပျက် သော သူ သည် မင်္ဂ လာ ရှိ ၏ ဟု ပြန် ပြော တော် မူ ၏။
  • 7 ထို သူ တို့ သည် သွား ကြ သည် နောက် ယေ ရှု သည် ယော ဟန် ကို အ ကြောင်း ပြု ၍ ပ ရိ သတ် တို့ အား၊ သင် တို့ သည် အ ဘယ် မည် သော အ ရာ ကို ကြည့် ရှု ခြင်း ငှါ တော သို့ ထွက် သွား ကြ သ နည်း။ လေ လှုပ် သော ကျူ ပင် ကို ကြည့် ရှု ခြင်း ငှါ သွား သ လော။
  • 8 သို့ မ ဟုတ် နူး ညံ့ သော အ ဝတ် ကို ဝတ် ဆင် သော သူ ကို ကြည့် ရှု ခြင်း ငှါ သွား သ လော။ နူး ညံ့ သော အ ဝတ် ကို ဝတ် ဆင် သော သူ တို့ သည် မင်း အိမ် ၌ နေ တတ် ကြ ၏။
  • 9 ပ ရော ဖက် ကို ကြည့် ရှု ခြင်း ငှါ သွား သ လော။ မှန် ပေ ၏။ ပ ရော ဖက် ထက် ကြီး မြတ် သော သူ လည်း ဖြစ် သည် ဟု ငါ ဆို ၏။
  • 10 ကျမ်း စာ ၌ လာ သည် ကား၊ ကြည့် ရှု လော့။ သင် သွား ရာ လမ်း ကို ပြင် ရ သော ငါ ၏ တ မန် ကို သင့် ရှေ့ ၌ ငါ စေ လွှတ် ၏ ဆို ရာ ၌ ထို သူ ကို ဆို လို သ တည်း။
  • 11 ငါ အ မှန် ဆို သည် ကား၊ မိန်း မ မွေး သော သူ တို့ တွင် ဗတ္တိ ဇံ ဆ ရာ ယော ဟန် ထက် ကြီး မြတ် သော သူ တ ယောက် မျှ မ ပေါ် မ ထွန်း သေး။ သို့ သော် လည်း ကောင်း ကင် နိုင် ငံ တော် တွင် အ ငယ် ဆုံး သော သူ သည် ထို သူ ထက် သာ ၍ ကြီး မြတ် ၏။
  • 12 ဗတ္တိ ဇံ ဆ ရာ ယော ဟန် လက် ထက် မှ စ ၍ ယ ခု တိုင် အောင် ကောင်း ကင် နိုင် ငံ တော် ကို အ နိုင် အ ထက် ပြု ကြ ၏။ အ နိုင် အ ထက် ပြု သော သူ တို့ သည် လည်း လု ယူ ဝင် စား ရ ကြ ၏။
  • 13 ယော ဟန် မ ရောက် မှီ တိုင် အောင် ပ ညတ္တိ ကျမ်း၊ အ နာ ဂတ္တိ ကျမ်း ရှိ သ မျှ တို့ သည် ဆုံး မ ဩ ဝါ ဒ ပေး ကြ ၏။
  • 14 သင် တို့ သည် ငါ့ စ ကား ကို နား ခံ နိုင် လျှင်၊ ဤ သူ ကား လာ လ တံ့ သော ဧ လိ ယ ဖြစ် သ တည်း။
  • 15 ကြား စ ရာ နား ရှိ သော သူ မည် သည် ကား ကြား ပါ စေ။
  • 16 ဤ လူ မျိုး ကို အ ဘယ် ဥ ပ မာ နှင့် ပုံ ပြ ရ အံ့ နည်း။ ပွဲ သ ဘင် ၌ ထိုင် နေ သော သူ ငယ် တို့ သည် မိ မိ သူ ငယ် ချင်း တို့ အား အ သံ ကို လွှင့် ၍၊
  • 17 ငါ တို့ သည် သာ ယာ စွာ တီး မှုတ် သော် လည်း သင် တို့ သည် မ က ကြ။ ညည်း တွား စွာ မြည် တမ်း သော် လည်း မ ငို ကြွေး ကြ ဟု ပြော ဆို သော သူ ငယ် တို့ နှင့် ဤ လူ မျိုး သည် တူ လှ ၏။
  • 18 အ ကြောင်း မူ ကား၊ ယော ဟန် သည် မ စား မ သောက် ဘဲ လာ သည် ရှိ သော်၊ သူ တို့ က ဤ သူ သည် နတ် ဆိုး စွဲ သော သူ ပါ တ ကား ဟု ဆို ကြ ၏။
  • 19 လူ သား သည် စား သောက် လျက် လာ သည် ရှိ သော်၊ ဤ သူ သည် စား ကြူး သော သူ၊ စ ပျစ် ရည် သောက် ကြူး သော သူ ပါ တ ကား။ အ ခွန် ခံ သော သူ နှင့် ဆိုး သော သူ တို့ ကို မိတ် ဆွေ ဖွဲ့ သော သူ ပါ တ ကား ဟု ဆို ပြန် ကြ ၏။ သို့ သော် လည်း ပ ညာ တ ရား သည် မိ မိ သား တို့ တွင် ကဲ့ ရဲ့ ပြစ် တင် ခြင်း နှင့် လွတ် သည် ဟု မိန့် တော် မူ ၏။
  • 20 ထို အ ခါ များ စွာ သော တန် ခိုး ကို ပြ တော် မူ သော မြို့ ရွာ တို့ သည် နောင် တ မ ရ သော ကြောင့်၊ ထို မြို့ တို့ ကို ဤ သို့ ကဲ့ ရဲ့ ပြစ် တင် တော် မူ ၏။
  • 21 အို ခေါ ရာ ဇိန် မြို့၊ သင် သည် အ မင်္ဂ လာ ရှိ ၏။ အို ဗက် ဇဲ ဒ မြို့၊ သင် သည် အ မင်္ဂ လာ ရှိ ၏။ အ ကြောင်း မူ ကား၊ သင် တို့ တွင် ပြ သော တန် ခိုး ကို တု ရု မြို့ နှင့် ဇိ ဒုန် မြို့ တို့ တွင် ပြ ဘူး လျှင်၊ ထို မြို့ တို့ သည် ရှေး ကာ လ ၌ လျော် တေ အ ဝတ် ကို ဝတ် ၍၊ ပြာ နှင့် လူး လျှက် နောင် တ ရ ကြ လိမ့် မည်။
  • 22 ငါ ဆို သည် ကား၊ တ ရား ဆုံး ဖြတ် သော နေ့ ၌ သင် တို့ သည် တု ရု မြို့ နှင့် ဇိ ဒုန် မြို့ ထက် သာ ၍ ခံ ရ ကြ လ တံ့။
  • 23 အို က ပေ ရ နောင် မြို့၊ သင် သည် မိုဃ်း ကောင်း ကင် တိုင် အောင် မြှောက် စား ခြင်း ကို ခံ ရ သော် လည်း၊ မ ရ ဏာ နိုင် ငံ တိုင် အောင် နှိမ့် ချ ခြင်း ကို ခံ ရ လ တံ့။ အ ကြောင်း မူ ကား၊ သင် ၌ ပြ သော တန် ခိုး ကို သော ဒုံ မြို့ ၌ ပြ ဘူး လျှင်၊ ထို မြို့ သည် ယ ခု တိုင် အောင် တည် ရာ ၏။
  • 24 ငါ ဆို သည် ကား၊ တ ရား ဆုံး ဖြတ် သော နေ့ ၌ သင် သည် သော ဒုံ မြို့ ထက် သာ ၍ ခံ ရ လ တံ့ ဟု မိန့် တော် မူ ၏။
  • 25 ထို အ ခါ ယေ ရှု က၊ ကောင်း ကင် နှင့် မြေ ကြီး ကို အ စိုး ရ တော် မူ သော အ ဘ၊ ကိုယ် တော် သည် ပ ညာ အ လိမ္မာ နှင့် ပြည့် စုံ သော သူ တို့ အား ဤ အ ရာ များ ကို ထိမ် ဝှက် ကွယ် ထား လျက် သူ ငယ် တို့ အား ဘော် ပြ တော် မူ သည် ဖြစ် ၍ ကျေး ဇူး တော် ကို အ ကျွန်ုပ် ချီး မွမ်း ပါ ၏။
  • 26 ထို သို့ အ လို တော် ရှိ သော ကြောင့် မှန် ပါ ၏ အ ဘ။
  • 27 ငါ ၏ ခ မည်း တော် သည် ခပ် သိမ်း သော အ ရာ တို့ ကို ငါ ၌ အပ် ပေး တော် မူ ပြီ။ ခ မည်း တော် မှ တ ပါး အ ဘယ် သူ မျှ သား တော် ကို မ သိ။ သား တော် နှင့် သား တော် သည် လင်း စေ လို သော သူ မှ တ ပါး အ ဘယ် သူ မျှ ခ မည်း တော် ကို မ သိ။
  • 28 ဝန် လေး ၍ ပင် ပန်း သော သူ အ ပေါင်း တို့၊ ငါ့ ထံ သို့ လာ ကြ လော့။ ငါ သည် ချမ်း သာ ပေး မည်။
  • 29 ငါ့ ထမ်း ပိုး ကို တင် ၍ ထမ်း ကြ လော့။ ငါ့ ထံ ၌ နည်း ခံ ကြ လော့။ ငါ သည် နူး ညံ့ သိမ် မွေ့ နှိမ့် ချ သော စိတ် သ ဘော ရှိ ၏။ သင် တို့ စိတ် နှ လုံး သည် သက် သာ ခြင်း ကို ရ လိမ့် မည်။
  • 30 အ ကြောင်း မူ ကား၊ ငါ့ ထမ်း ပိုး သည် ထမ်း လွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页