မဿဲ-4

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို အ ခါ မာရ် နတ် ၏ စုံ စမ်း သွေး ဆောင် ခြင်း ကို ခံ စေ မည် အ ကြောင်း၊ ဝိ ညာဉ် တော် သည် ယေ ရှု ကို တော သို့ ပို့ ဆောင် တော် မူ ၍၊
  • 2 ယေ ရှု သည် အ ရက် လေး ဆယ် ပတ် လုံး အ စာ အာ ဟာ ရ ကို မ သုံး ဆောင် ဘဲ နေ ပြီး မှ မွတ် သိပ် ခြင်း သို့ ရောက် တော် မူ ၏။
  • 3 ထို အ ခါ စုံ စမ်း သွေး ဆောင် သော သူ သည် ချဉ်း ကပ် ၍၊ ကိုယ် တော် သည် ဘု ရား သ ခင် ၏ သား တော် မှန် လျှင်၊ ဤ ကျောက် ခဲ တို့ ကို မုန့် ဖြစ် စေ ခြင်း ငှါ အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် လေ ၏။
  • 4 ယေ ရှု က လည်း၊ လူ သည် မုန့် အား ဖြင့် သာ အ သက် ကို မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင် မိန့် တော် မူ သ မျှ အား ဖြင့် အ သက် ကို မွေး ရ မည် ကျမ်း စာ လာ သည် ဟု ပြန် ပြော တော် မူ ၏။
  • 5 ထို အ ခါ မာရ် နတ် သည် ယေ ရှု ကို သန့် ရှင်း သော မြို့ တော် သို့ ဆောင် သွား ၍၊ ဗိ မာန် တော် ၏ အ ထွဋ် ၌ တင် ထား ပြီး လျှင်၊
  • 6 ကျမ်း စာ လာ သည် ကား၊ ကောင်း ကင် တ မန် တို့ အား သင့် အ ဘို့ မှာ ထား တော် မူ သည် ဖြစ် ၍၊ သင် ၏ ခြေ ကို ကျောက် နှင့် မ ထိ မ ခိုက် စေ ခြင်း ငှါ သူ တို့ သည် သင့် ကို လက် နှင့် မ စ ချီ ပင့် ကြ လိမ့် မည် ဟု လာ ၏။ ထို ကြောင့် ဘု ရား သ ခင် ၏ သား တော် မှန် လျှင် ကိုယ် ကို အောက် သို့ ချ လိုက် တော် မူ ပါ ဟု လျှောက် လေ ၏။
  • 7 ယေ ရှု က လည်း သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သင် သည် အ စုံ အ စမ်း မ ပြု ရ ဟု ကျမ်း စာ လာ ပြန် သည် ဟု မိန့် တော် မူ ၏။
  • 8 တ ဖန် မာရ် နတ် သည် ယေ ရှု ကို အ လွန် မြင့် လှ စွာ သော တောင် ပေါ် သို့ ဆောင် သွား ၍၊ ဤ လော က ၌ ရှိ သ မျှ သော တိုင်း နိုင် ငံ တို့ ကို ၎င်း၊ ထို တိုင်း နိုင် ငံ တို့ ၏ ဘုန်း စည်း စိမ် ကို ၎င်း ပြ ညွှန် ၍၊
  • 9 ကိုယ် တော် သည် ငါ့ ကို ညွတ် ပြပ် ကိုး ကွယ် လျှင် ယ ခု ပြ လေ သ မျှ တို့ ကို ငါ ပေး မည် ဟု ဆို လေ ၏။
  • 10 ယေ ရှု က လည်း အ ချင်း စာ တန်၊ ငါ့ နောက် သို့ ဆုတ် လော့။ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် ရ မည်။ ထို ဘု ရား သ ခင် ကို သာ ဝတ် ပြု ရ မည် ကျမ်း စာ လာ သည် ဟု မိန့် တော် မူ ၏။
  • 11 ထို အ ခါ မာရ် နတ် သည် အ ထံ တော် မှ ထွက် သွား ၍ ကောင်း ကင် တ မန် တို့ သည် ချဉ်း ကပ် လျက် လုပ် ကျွေး ကြ ၏။
  • 12 ယော ဟန် သည် ထောင် ထဲ သို့ ရောက် ကြောင်း ကို ယေ ရှု သည် ကြား လျှင်၊ ဂါ လိ လဲ ပြည် သို့ ကြွ တော် မူ ၍၊
  • 13 နာ ဇ ရက် မြို့ ကို စွန့် သွား လျက်၊ ဇာ ဗု လုန် ခ ရိုင်၊ နဿ လိ ခ ရိုင် စပ် ကြား တွင် အိုင် နှင့် နီး စပ် သော က ပေ ရ နောင် မြို့ သို့ ရောက် ၍ နေ တော် မူ ၏။
  • 14 ဤ အ ကြောင်း အ ရာ ကား၊ ပ ရော ဖက် ဟေ ရှာ ယ နှုတ် ထွက် ပြည့် စုံ မည် အ ကြောင်း တည်း။
  • 15 နှုတ် ထွက် အ ချက် ဟူ မူ ကား၊ ဇာ ဗု လုန် ခ ရိုင် နှင့် နဿ လိ ခ ရိုင် တည်း ဟူ သော အိုင် နား လျှောက် သော လမ်း၊ ယော် ဒန် မြစ် တ ဘက်၊ တ ပါး အ မျိုး သား နေ ရာ ဂါ လိ လဲ ပြည်၊
  • 16 မှောင် မိုက် ထဲ မှာ ရှိ နေ သော လူ များ တို့ သည် ကြီး စွာ သော အ လင်း ကို မြင် ရ ၍၊ သေ မင်း ၏ နိုင် ငံ အ ရိပ် တွင် ရှိ နေ သော သူ တို့ ၌ အ လင်း ပေါ် ထွန်း လျက် ရှိ ၏ ဟု ဟော ထား သ တည်း။
  • 17 ထို အ ခါ မှ စ ၍ ယေ ရှု က၊ နောင် တ ရ ကြ လော့။ ကောင်း ကင် နိုင် ငံ တော် သည် တည် လု နီး ပြီ ဟူ သော တ ရား ကို ဟော စ ပြု တော် မူ ၏။
  • 18 ဂါ လိ လဲ အိုင် နား မှာ ကြွ တော် မူ စဉ်၊ ပေ တ ရု ဟူ ၍ ခေါ် ဝေါ် သော ရှိ မုန် နှင့် အန္ဒြေ၊ ညီ အစ် ကို နှစ် ယောက် တို့ သည် တံ ငါ ဖြစ် ၍၊ အိုင် တွင် ပိုက် ကွန် ဖြန့် ချ သည် ကို မြင် တော် မူ လျှင်၊
  • 19 ထို သူ တို့ အား ငါ့ နောက် သို့ လိုက် ကြ လော့။ သင် တို့ သည် လူ ကို မျှား သော တံ ငါ ဖြစ် စေ ခြင်း ငှါ ငါ ပြု မည် ဟု အ မိန့် တော် ရှိ လေ သော်၊
  • 20 ထို သူ တို့ သည် ချက် ခြင်း ပိုက် ကွန် ကို စွန့် ပစ် ၍ နောက် တော် သို့ လိုက် ကြ ၏။
  • 21 ထို မှ လွန် ပြန် လျှင် အ ခြား သော ညီ အစ် ကို နှစ် ယောက်၊ ဇေ ဗေ ဒဲ ၏ သား ယာ ကုပ် နှင့် ယော ဟန် တို့ သည် သူ တို့ အ ဘ နှင့် အ တူ လှေ ပေါ် မှာ ပိုက် ကွန် ပြင် နေ သည် ကို မြင် ၍ ခေါ် တော် မူ ၏။
  • 22 ထို သူ တို့ သည် လည်း ချက် ခြင်း အ ဘ နှင့် လှေ ကို စွန့် ပစ် ၍ နောက် တော် သို့ လိုက် ကြ ၏။
  • 23 ယေ ရှု သည် တ ရား စ ရပ် တို့ ၌ ဆုံး မ ဩ ဝါ ဒ ပေး လျက်၊ နိုင် ငံ တော် နှင့် ယှဉ် သော ဧ ဝံ ဂေ လိ တ ရား ကို ဟော လျက်၊ လူ တို့ တွင် အ နာ ရော ဂါ အ မျိုး မျိုး တို့ ကို ငြိမ်း စေ လျက်၊ ဂါ လိ လဲ ပြည် တ ပြည် လုံး ကို ဒေ သ စာ ရီ လှည့် လည် တော် မူ ၏။
  • 24 သိ တင်း တော် သည် လည်း ရှု ရိ ပြည် ၌ အ နှံ့ အ ပြား ကျော် စော သည် ဖြစ် ၍ နတ် ဝင် သော သူ၊ ဝက် ရူး စွဲ သော သူ၊ လက် ခြေ သေ သော သူ မှ စ သော အ ထူး ထူး အ ပြား ပြား သော အ နာ ရော ဂါ စွဲ ၍ မ ကျန်း မ မာ သော သူ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ဆောင် ခဲ့ ကြ ၍၊ သူ တို့ ၏ အ နာ ရော ဂါ ကို ငြိမ်း စေ တော် မူ ၏။
  • 25 ဂါ လိ လဲ ပြည်၊ ဒေ က ပေါ လိ ပြည်၊ ယေ ရု ရှ လင် မြို့ မှ စ သော ယု ဒ ပြည်၊ ယော် ဒန် မြစ် တ ဘက် မှ လာ သော လူ များ အ ပေါင်း တို့ သည် နောက် တော် သို့ လိုက် ကြ ၏။
回到本卷目录 回到本版本目录 回到首页