1
ထို ကာ လ အ ခါ ယေ ရှု သည် ဥ ပုသ် နေ့ ၌ ဂျုံ စ ပါး လယ် ကွက် တို့ ကို ရှောက် ကြွ တော် မူ လျှင်၊ တ ပည့် တော် တို့ သည် ဆာ မွတ် သော ကြောင့် စ ပါး အ သီး အ နှံ ကို ဆွတ် ၍ စား ကြ ၏။
2
ဖါ ရိ ရှဲ တို့ သည် မြင် လျှင်၊ ကိုယ် တော် ၏ တ ပည့် တို့ သည် ဥ ပုသ် နေ့ ၌ မ ပြု အပ် သော အ မှု ကို ပြု ကြ ပါ သည် တ ကား ဟု လျှောက် ကြ သော်၊
3
ကိုယ် တော် က၊ ဒါ ဝိဒ် သည် မိ မိ အ ဘော် တို့ နှင့် တ ကွ မွတ် သိပ် သော အ ခါ၊
4
ဘု ရား သ ခင် ၏ အိမ် တော် သို့ ဝင် ၍ မိ မိ မ စား အပ်၊ မိ မိ အ ဘော် မ စား အပ်၊ ယဇ် ပု ရော ဟိတ် တို့ သာ စား အပ် သော ရှေ့ တော် မုန့် ကို စား သည် အ ကြောင်း ကို သင် တို့ သည် မ ဘတ် ဘူး သ လော။
5
ယဇ် ပု ရော ဟိတ် တို့ သည် လည်း ဗိ မာန် တော် တွင် ဥ ပုသ် နေ့ ၌ ဥ ပုသ် ပျက် သော် လည်း၊ အ ပြစ် မ သင့် သည် ကို ပ ညတ္တိ ကျမ်း ၌ မ ဘတ် ဘူး သ လော။
6
ငါ ဆို သည် ကား၊ ဤ အ ရပ် ၌ ဗိ မာန် တော် ထက် သာ ၍ ကြီး မြတ် သော အ ရာ ရှိ ၏။
7
ယဇ် ပူ ဇော် ခြင်း အ ကျင့် ထက် သ နား ခြင်း က ရု ဏာ အ ကျင့် ကို ငါ နှစ် သက် ၏ ဟူ သော ကျမ်း စ ကား ကို သင် တို့ သည် နား လည် လျှင်၊ အ ပြစ် ကင်း သော သူ တို့ ကို အ ပြစ် မ တင် မ စီ ရင် ကြ ပြီ။
8
လူ သား သည် ဥ ပုသ် နေ့ ကို အ စိုး ရ သည် ဟု မိန့် တော် မူ ၏။
9
ထို အ ရပ် မှ ကြွ ၍ တ ရား စ ရပ် သို့ ဝင် တော် မူ ၏။ လက် တ ဘက် သေ သော သူ တ ယောက် ရှိ သည် ဖြစ် ၍၊
10
လူ အ ချို့ တို့ က၊ ဥ ပုသ် နေ့ ၌ ရော ဂါ ကို ငြိမ်း စေ အပ် သ လော ဟု ကိုယ် တော် ၌ အ ပြစ် တင် ခွင့် ကို ရှာ ၍ မေး လျှောက် ကြ ၏။
11
ကိုယ် တော် က လည်း၊ မိ မိ ၌ သိုး တ ကောင် တည်း ရှိ ၍ ထို သိုး သည် ဥ ပုသ် နေ့ ၌ တွင်း ထဲ သို့ ကျ လျှင်၊ မ ဆွဲ မ တင် ဘဲ နေ မည့် သူ တ စုံ တ ယောက် မျှ သင် တို့ တွင် ရှိ သ လော။
12
လူ သည် သိုး ထက် အ လွန် မြတ် ပေ ၏။ ထို ကြောင့် ဥ ပုသ် နေ့ ၌ ကျေး ဇူး ပြု အပ် သည် ဟု ပြန် ပြော တော် မူ ပြီး မှ၊
13
ထို သူ အား၊ သင် ၏ လက် ကို ဆန့် လော့ ဟု မိန့် တော် မူ ၍၊ သူ သည် မိ မိ လက် ကို ဆန့် လျှင် ထို လက် သည် လက် တ ဘက် ကဲ့ သို့ ပ က တိ ဖြစ် လေ ၏။
14
ထို အ ခါ ဖါ ရိ ရှဲ တို့ သည် ထွက် ၍ ကိုယ် တော် ကို အ ဘယ် သို့ ဖျက် ဆီး ရ အံ့ နည်း ဟု တိုင် ပင် ကြ ၏။
15
ယေ ရှု သည် သိ တော် မူ လျှင်၊ အ ခြား သို့ ပြောင်း ကြွ ၍ များ စွာ သော လူ အ ပေါင်း တို့ သည် နောက် တော် သို့ လိုက် ကြ သ ဖြင့်၊ သူ တို့ ၏ အ နာ ရော ဂါ ရှိ သ မျှ တို့ ကို ငြိမ်း စေ တော် မူ ၏။
16
ထို သူ တို့ သည် သိ တင်း တော် ကို မ ဖွင့် ရ မည် အ ကြောင်း ပ ညတ် တော် မူ ၏။
17
ထို အ ကြောင်း အ ရာ ကား၊ ပ ရော ဖက် ဟေ ရှာ ယ ၏ နှုတ် ထွက် ပြည့် စုံ မည် အ ကြောင်း တည်း။ နှုတ် ထွက် အ ချက် ဟူ မူ ကား၊
18
ငါ ရွေး ချယ် သော ငါ့ ကျွန် ရင်း၊ ငါ နှစ် သက် မြတ် နိုး သော သူ ကို ကြည့် ရှု လော့။ ထို သူ ၏ အ ပေါ် ၌ ငါ့ ဝိ ညာဉ် ကို ငါ တည် စေ မည်။ သူ သည် လူ အ မျိုး မျိုး တို့ ကို တ ရား ပေး လိမ့် မည်။
19
ငြင်း ခုံ ခြင်း၊ ဟစ် ကြော် ခြင်း ကို မ ပြု မူ ၍၊ လမ်း ခ ရီး ၌ သူ ၏ အ သံ ကို အ ဘယ် သူ မျှ မ ကြား စေ ရ။
20
နင်း နယ် လျက် ရှိ သော ကျူ ပင် ကို မ ချိုး၊ မီး ခိုး များ သော မီး စာ ကို မ သတ်။ တ ရား သည် အောင် မြင် ခြင်း သို့ ရောက် မည် အ ကြောင်း စီ ရင် လိမ့် မည်။
21
သူ ၏ နာ မ ကို လည်း လူ အ မျိုး မျိုး တို့ သည် ကိုး စား ကြ လိမ့် မည် ဟု ဟော ထား သ တည်း။
22
ထို အ ခါ နတ် ဆိုး စွဲ သော လူ ကန်း လူ အ တ ယောက် ကို အ ထံ တော် သို့ ဆောင် ခဲ့ ကြ လျှင်၊ ထို လူ ကန်း လူ အ သည် မျက် စိ မြင် ၍ စ ကား ပြော နိုင် အောင် ကယ် မ တော် မူ ၏။
23
လူ အ စု အ ဝေး အ ပေါင်း တို့ သည် မိန်း မော တွေ ဝေ ၍၊ ဤ သူ သည် ဒါ ဝိဒ် ၏ သား တော် ဖြစ် လိမ့် မည် လော ဟု ပြော ဆို ကြ ၏။
24
ဖါ ရိ ရှဲ တို့ သည် ကြား လျှင်၊ ဤ သူ သည် နတ် ဆိုး မင်း ဗေ လ ဇေ ဗု လ ကို အ မှီ ပြု ၍ သာ နတ် ဆိုး တို့ ကို နှင် ထုတ် သည် ဟု ဆို ကြ ၏။
25
ယေ ရှု သည် ထို သူ တို့ ၏ စိတ် ကို သိ တော် မူ သည် ဖြစ် ၍၊ တိုင်း နိုင် ငံ မည် သည် ကား၊ မိ မိ နှင့် မ သင့် မ တင့် ကွဲ ပြား လျှင် ပျက် စီး ခြင်း သို့ ရောက် လိမ့် မည်။ မြို့ ရွာ ဖြစ် စေ၊ အိမ် ဖြစ် စေ၊ မိ မိ နှင့် မ သင့် မ တင့် ကွဲ ပြား လျှင် မ တည် နိုင် ရာ။
26
စာ တန် သည် လည်း စာ တန် ကို နှင် ထုတ် သည် မှန် လျှင်၊ သူ သည် မိ မိ နှင့် ကွဲ ပြား ၏။ သူ ၏ နိုင် ငံ သည် အ ဘယ် သို့ တည် နိုင် မည် နည်း။
27
ငါ သည် ဗေ လ ဇေ ဗု လ ကို အ မှီ ပြု ၍ နတ် ဆိုး တို့ ကို နှင် ထုတ် သည် မှန် လျှင်၊ သင် တို့ ၏ သား တို့ သည် အ ဘယ် သူ ကို အ မှီ ပြု ၍ နှင် ထုတ် ကြ သ နည်း။ ထို ကြောင့် သူ တို့ သည် သင် တို့ အား တ ရား စီ ရင် သော သူ ဖြစ် ကြ လိမ့် မည်။
28
ငါ သည် ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် ကို အ မှီ ပြု ၍ နတ် ဆိုး တို့ ကို နှင် ထုတ် သည် မှန် လျှင်၊ အ ကယ် စင် စစ် သင် တို့ ၌ ဘု ရား သ ခင် ၏ နိုင် ငံ တော် တည် ချိန် ရောက် လေ ပြီ။
29
သူ ရဲ ကို ရှေ့ ဦး စွာ မ ချည် မ နှောင် လျှင်၊ အ ဘယ် သူ သည် သူ ရဲ အိမ် သို့ ဝင် ၍ သူ ၏ ဥစ္စာ ကို လု ယူ နိုင် အံ့ နည်း။ သူ ရဲ ကို ချည် နှောင် ပြီး မှ သူ ၏ အိမ် ကို လု ယူ နိုင် ၏။
30
ငါ့ ဘက် ၌ မ နေ သော သူ သည် ငါ့ ရန် ဘက် ဖြစ် ၏။ ငါ နှင့် အ တူ မ စု မ သိမ်း သော သူ သည် ကြဲ ဖြန့် သော သူ ဖြစ် ၏။
31
ထို ကြောင့် ငါ ဆို သည် ကား၊ ပြစ် မှား သော အ ပြစ်၊ ဘု ရား ကို ကဲ့ ရဲ့ သော အ ပြစ် အ မျိုး မျိုး တို့ နှင့် လွတ် စေ ခြင်း အ ခွင့် ကို လူ တို့ သည် ရ နိုင် ကြ ၏။ ဝိ ညာဉ် တော် ကို ကဲ့ ရဲ့ သော အ ပြစ် နှင့် လွတ် စေ ခြင်း အ ခွင့် ကို လူ တို့ သည် မ ရ နိုင် ကြ။
32
လူ သား ကို နှုတ် ဖြင့် ပြစ် မှား သော သူ ၏ အ ပြစ် ကို လည်း လွှတ် နိုင် ၏။ သန့် ရှင်း သော ဝိ ညာဉ် တော် ကို နှုတ် ဖြင့် ပြစ် မှား သော သူ ၏ အ ပြစ် ကို ယ ခု ဘ ဝ နောင် ဘ ဝ ၌ မ လွှတ် နိုင်။
33
အ သီး အား ဖြင့် အ ပင် ၏ သ ဘော သည် ထင် ရှား သည် ဖြစ် ၍၊ အ သီး ကောင်း လျှင် အ ပင် ကောင်း သည် ဟု ဆို ကြ လော့။ အ သီး မ ကောင်း လျှင် အ ပင် မ ကောင်း ဟု ဆို ကြ လော့။
34
အ ချင်း မြွေ ဆိုး အ မျိုး တို့၊ သင် တို့ သည် အ ဆိုး ဖြစ် လျက် ကောင်း သော စ ကား ကို အ ဘယ် သို့ ပြော နိုင် မည် နည်း။ စိတ် နှ လုံး အ ပြည့် ရှိ သည် အ တိုင်း နှုတ် မြွက် တတ် ၏။
35
ကောင်း သော သူ သည် ကောင်း သော စိတ် နှ လုံး ဘဏ္ဍာ တိုက် ထဲ က ကောင်း သော အ ရာ တို့ ကို ထုတ် ဘော် တတ် ၏။ မ ကောင်း သော သူ သည် မ ကောင်း သော ဘဏ္ဍာ တိုက် ထဲ က မ ကောင်း သော အ ရာ တို့ ကို ထုတ် ဘော် တတ် ၏။
36
ငါ ဆို သည် ကား၊ လူ တို့ သည် အ ကျိုး မဲ့ သော စ ကား ကို ပြော သ မျှ အ တွက်၊ တ ရား ဆုံး ဖြတ် သော နေ့ ၌ စစ် ကြော ခြင်း ကို ခံ ရ ကြ လ တံ့။ သင့် စ ကား များ အား ဖြင့် သင် သည် အ ပြစ် လွတ် လိမ့် မည်။
37
သို့ မ ဟုတ် သင့် စ ကား များ အား ဖြင့် အ ပြစ် စီ ရင် ခြင်း ကို ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ၏။
38
ထို အ ခါ အ ချို့ သော ကျမ်း ပြု ဆ ရာ နှင့် ဖါ ရိ ရှဲ တို့ က၊ အ ရှင် ဘု ရား၊ အ ကျွန်ုပ် တို့ သည် ကိုယ် တော် ပြ တော် မူ သော နိ မိတ် လက္ခ ဏာ တ စုံ တ ခု ကို မြင် ချင် ပါ သည် ဟု လျှောက် ကြ လျှင်၊
39
ကိုယ် တော် က၊ ဆိုး ညစ် ၍ မျောက် မ ထား သော အ မျိုး သည် လက္ခ ဏာ ကို တောင်း သည် မှာ၊ ပ ရော ဖက် ယော န ၏ နိ မိတ် လက္ခ ဏာ မှ တ ပါး အ ဘယ် လက္ခ ဏာ ကို မျှ သူ တို့ အား မ ပြ ရာ။
40
ယော န သည် ငါး ကြီး ဝမ်း ထဲ မှာ သုံး ရက် နေ ရ သ ကဲ့ သို့၊ လူ သား သည် မြေ ကြီး ထဲ မှာ သုံး ရက် နေ ရ လ တံ့။
41
တ ရား ဆုံး ဖြတ် တော် မူ သော အ ခါ၊ နိ နေ ဝေ မြို့ သား တို့ သည် ဤ လူ မျိုး တ ဘက် ၌ ထ ၍ အ ရှုံး ခံ စေ လ တံ့။ အ ကြောင်း မူ ကား၊ ထို မြို့ သား တို့ သည် ယော န ဟော ပြော သော စ ကား ကြောင့် နောင် တ ရ ကြ ၏။ ဤ အ ရပ် ၌ ကား၊ ယော န ထက် သာ ၍ ကြီး မြတ် သော သူ ရှိ ၏။
42
တ ရား ဆုံး ဖြတ် တော် မူ သော အ ခါ တောင် ပြည် ကို အ စိုး ရ သော မိ ဖု ရား သည်၊ ဤ လူ မျိုး တ ဘက် ၌ ထ ၍ အ ရှုံး ခံ စေ လ တံ့။ အ ကြောင်း မူ ကား၊ ထို မိ ဖု ရား သည် ရှော လ မုန် မင်း ကြီး ၏ ပ ညာ စ ကား ကို နား ထောင် ခြင်း ငှါ မြေ ကြီး စွန်း မှ လာ ၏။ ဤ အ ရပ် ၌ ကား၊ ရှော လ မုန် ထက် သာ ၍ ကြီး မြတ် သော သူ ရှိ ၏။
43
ညစ် ညူး သော နတ် သည် လူ ထဲ က ထွက် လျှင်၊ ခြောက် ကပ် သော အ ရပ် တို့ ၌ လည် ၍ ငြိမ် ဝပ် ခြင်း ကို ရှာ တတ် ၏။
44
မ တွေ့ လျှင် ငါ သည် ထွက် ခဲ့ သော နေ မြဲ အိမ် သို့ ပြန် ရ ဦး မည် ဟု ဆို ၍၊ ရောက် သော အ ခါ ထို အိမ် သည် လွတ် လပ် ၍ သုတ် သင် ပြင် ဆင် လျက် ရှိ သည် ကို တွေ့ သော်၊
45
မိ မိ ထက် သာ ၍ ညစ် ညူး သော နတ် ဆိုး ခု နစ် ယောက် တို့ ကို ခေါ် ပြီး လျှင်၊ ထို လူ ထဲ သို့ ဝင် ၍ နေ ကြ ၏။ ထို လူ ၏ နောက် ဖြစ် ဟန် သည် ရှေ့ ဖြစ် ဟန် ထက် သာ ၍ ဆိုး ၏။ ဆိုး ညစ် သော ဤ လူ မျိုး သည် ထို နည်း တူ ဖြစ် လ တံ့ ဟု မိန့် တော် မူ ၏။
46
ထို သို့ ပ ရိ သတ် တို့ အား ဟော တော် မူ စဉ် တွင်၊ မယ် တော် နှင့် ညီ တော် တို့ သည် နှုတ် ဆက် လို ၍ ပြင် မှာ ရပ် နေ ကြ ၏။
47
လူ တ ယောက် က လည်း၊ မယ် တော် နှင့် ညီ တော် တို့ သည် ကိုယ် တော် နှင့် နှုတ် ဆက် လို ၍ ပြင် မှာ ရပ် နေ ကြ ပါ ၏ ဟု လျှောက် လျှင်၊
48
ကိုယ် တော် က၊ ငါ့ အ မိ၊ ငါ့ ညီ ကား အ ဘယ် သူ နည်း ဟု မေး တော် မူ ၏။
49
လက် တော် ကို လည်း ဆန့် ၍ တ ပည့် တော် တို့ ကို ညွှန် လျက်၊ ဤ သူ တို့ ကား ငါ့ အ မိ၊ ငါ့ ညီ ပေ တည်း။
50
ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော ငါ့ အ ဘ ၏ အ လို တော် ကို ဆောင် သော သူ သည် ငါ့ ညီ၊ ငါ့ နှ မ၊ ငါ့ အ မိ ဖြစ် သ တည်း ဟု မိန့် တော် မူ ၏။