1
ဣ သ ရေ လ လူ မျိုး တွင် ဘု ရင် မ ရှိ သေး သည့် ကာ လ၊ ဧ ဖ ရိမ် ခင် တန်း အ စွန်း အ ဖျား တွင် တည်း ခို သော လေ ဝိ ဂိုဏ်း သား တစ် ယောက် သည် ယု ဒ နယ်၊ ဗက် လင် မြို့ သူ အ ပျော် မ ယား တစ် ယောက် ကို သိမ်း ယူ လေ ၏။
2
ထို မိန်း သည် မျောက် မ ထား ပြီး လျှင်၊ အ ဖ အိမ် သို့ ပြန် သွား လျက် လေး လ တိုင် တိုင် နေ ရာ၊
3
လင် ထ၍ ငယ် သား တစ် ယောက် နှင့် မြည်း နှစ် စီး ပါ ဖျောင်း ဖျ ပြော ဆို ပြန် သိမ်း ရန် လိုက် သွား ရောက် ရှိ သော်၊ အ ဖ အိမ် သို့ မ ယား ခေါ် သွင်း သ ဖြင့် အ ဖ မြင် လျှင် မြင် ချင်း ဝမ်း မြောက် စွာ လက် ခံ လေ ၏။
4
မ ယား၏ အ ဖ ဖြစ် သော ယော က္ခ မ ဆိုင်း ထား သည့် အ တိုင်း၊ သ မက် သည် သုံး ရက် တိုင် တိုင် စား သောက် လျက် တည်း ခို နေ ပြီး နောက်၊
5
လေး ရက် မြောက် သော နံ နက် အ ချိန် တွင် ထွက် သွား မည့် အ ကြံ နှင့် ထ သော အ ခါ မ ယား၏ အ ဖ က၊ ခဲ ဖွယ် စား ဖွယ် အ နည်း ငယ် ကို စား သောက်၍ အား ရှိ ပြီး မှ သွား ပါ ဟု ဆို သည့် အ လျောက်
6
နှစ် ယောက် လုံး ပင် စား သောက် နေ ထိုင် ကြ၏။ ယ နေ့ တစ် ညဉ့် စိတ် ရွှင် လန်း စွာ နေ ပါ ဦး ဟု သ မက် အား ဆို ပြန် လျှင် သွား ခြင်း ငှါ ထ သော် လည်း
7
ယော က္ခ မ တိုက် တွန်း သ ဖြင့် ထို ညဉ့် အိပ် ပြန် လေ ၏။
8
ငါး ရက် မြောက် သော နံ နက် အ ချိန် သွား ခြင်း ငှါ ထ သော အ ခါ ယော က္မ က၊ မွန်း လွဲ သည့် တိုင် အောင် အား ရ စွာ နေ ပါ ဦး ဟု ဆို သည့် အ တိုင်း နှစ် ယောက် လုံး စား သောက် နေ ကြ ပြီး လျှင်၊
9
မ ယား နှင့် ငယ် သား ပါ သွား ခြင်း ငှါ ထ ပြန် ကြ သည့် ကာ လ၊ ယော က္ခ မ ဖြစ် သော ထို မိန်း မ၏ အ ဖ က၊ ကြည့် ပါ လော့။ ယ နေ့ နေ စောင်း ပြီ ဖြစ်၍ ယ နေ့ ညဉ့် ကို လည်း အိပ် ပါ ဦး။ နေ ကျ သ ဖြင့် စိတ် ရွှင် လန်း စွာ ဤ အိမ် တွင် တည်း ခို ဦး လော့။ နက် ဖြန် နံ နက် ခ ရီး ထွက်၍ အိမ် ကို ပြန် သွား ပါ တော့ ဟု ဆို သော် လည်း
10
သ မက် သည် မ ဆိုင်း လို၍ ထ သွား ပြီး လျှင် ယေ ရု ရှ လင် တည်း ဟူ သော ယေ ဗုတ် မြို့ နှင့် ရင် ဆိုင် အ ရပ် သို့ ကုန်း တင် ပြီး မြည်း နှစ် စီး နှင့် မ ယား ပါ ရောက် လေ ၏။
11
ယေ ဗုတ် မြို့ အ နီး သို့ ရောက် လျှင် နေ ကျ သည် ကို မြင်၍ ငယ် သား က၊ ယေ ဗု သိ လူ မျိုး တို့ နေ ရာ ဤ မြို့ အ တွင်း တစ် ညဉ့် ဝင် ရောက် တည်း ခို ကြ စို့ ဟု သ ခင် အား ဆို သော်
12
ဣ သ ရေ လ အ မျိုး သား တို့ နှင့် မ ဆိုင် သော လူ မျိုး ခြား တို့ နေ ရာ ထို မြို့ အ တွင်း သို့ မ ဝင် ထိုက်။
13
ဂိ ဗာ မြို့ အ ရောက် သွား မည် ဟူ၍လည်း ကောင်း၊ ဂိ ဗာ ဖြစ် စေ၊ ရာ မ ဖြစ် စေ၊ တစ် မြို့ မြို့ တွင် တည်း ခို အံ့။ သွား ဦး လော့ ဟူ၍လည်း ကောင်း၊
14
ငယ် သား အား ဆို လျက် ခ ရီး သွား မြဲ သွား လျှင် ဗင်္ယာ မိန့် နယ်၊ ဂိ ဗာ မြို့ အ နီး ရောက် သည့် ကာ လ၊ နေ ဝင် လေ ၏။
15
ဂိ ဗာ မြို့ တွင် တည်း ခို မည့် အ ကြံ နှင့် မြို့ တွင်း သို့ ဝင် ရောက် ရာ အိမ် တွင် တည်း ခို ရန် ခေါ် ဖိတ် သူ မ ရှိ သည် နှင့် လမ်း ဆုံ မှာ ထိုင် နေ ရ ၏။
16
ဗင်္ယာ မိန့် အ နွယ် သား တို့ နေ ရာ ထို ဂိ ဗာ မြို့ တွင် ခို ကပ် နေ ထိုင် သူ၊ ဧ ဖ ရိမ် ခင် တန်း သား၊ လူ အို တစ် ယောက် သည် ညဉ့် ချမ်း အ ချိန် လယ် ယာ မှ ပြန် လာ စဉ်
17
လမ်း ဆုံ တွင် ခ ရီး သည် တစ် ယောက် ထိုင် နေ သည် ကို မျှော် ကြည့် သိ မြင် လျှင် ဘယ် ကို သွား၍ ဘယ် က လာ သ နည်း ဟု မေး သော်
18
ယု ဒ နယ်၊ ဗက် လင် မြို့ မှ ဧ ဖ ရိမ် ခင် တန်း အ စွန်း အ ဖျား အ ရောက် ခ ရီး လာ ခဲ့ ပါ သည်။ ကျွန် တော် သည် ထို ခင် တန်း သား ဖြစ် ပါ၍ ယု ဒ နယ် ဗက် လင် မြို့ သို့ အ လည် သွား ရာ မှ အိမ် သို့ ယ ခု ပြန် လာ သော် မြည်း အ ဖို့ ကောက် ရိုး နှင့် အ ခြား အ စာ များ ပါ ရှိ သည့် ပြင် ကျွန် တော် မှ စ၍ အ ရှင့် ကျွန် မ နှင့် လိုက် ခဲ့ သူ ငယ် သား အ ဖို့ စား သောက် ရန် ပါ ရှိ သည် ဖြစ်၍ လို လေ သေး သည် မ ရှိ ပါ သော် လည်း၊ တည်း ခို ရန် ခေါ် ဖိတ် သူ မ ရှိ ချေ ဟု ဆို လျှင်၊
19
20
လူ အို က၊ စိတ် သာ ချ လော့။ လို သ မျှ မှာ ငါ့ တာ ဝန် ရှိ စေ တော့။ လမ်း ဆုံ တွင် မ တည်း ခို နှင့် ဟု ဆို လျက်၊
21
အိမ် တွင်း သို့ ခေါ် သ ဖြင့် သူ တို့ သည် ခြေ ဆေး၍ စား သောက် ခွင့် ရ ကြ၏။ မြည်း များ ကို လည်း ကျွေး မွေး လေ၏။
22
ထို သို့ စိတ် ရွှင် လန်း စွာ နေ ကြ သော အ ခါ တ ရား မဲ့ မြို့ သား အ ချို့ တို့ သည် အိမ် ကို ဝန်း ဝိုင်း၍ တံ ခါး ကို ပြင်း စွာ ရိုက် ခတ် ကြ လျက် သင့် အိမ် တွင် ဝင် နေ သော ယောက်ျား နှင့် ငါ တို့ ဆက် ဆံ လို သည် ဖြစ် ၍ ငါ တို့ ထံ ထုတ် ခဲ့ လော့ ဟု အိမ့် ရှင် ဖြစ် သော လူ အို အား ဆို ကြ သော်၊
23
သူ တို့ ရှိ ရာ သို့ အိမ် ရှင် ထွက်၍ အ မောင် တို့ ထို သို့ မ ပြစ် မှား ကြ နှင့်။ ထို သူ သည် ငါ့ အိမ်၌ ဧည့် သည် ဖြစ် ပါ၍ ယုတ် မာ စွာ မ ပြု ကြ ပါ နှင့်။
24
ငါ့ တွင် က ညာ ဖြစ် သော သ မီး နှင့် ထို လူ၏ အ ပျော် မ ယား ရှိ၍ သူ တို့ ကို သင် တို့ ထံ ထုတ် ပေး ပါ မည်။ အ သ ရေ ရှုတ် ချ၍ ပြု လို သ မျှ အ တိုင်း ပြု ကြ ပါ လေ။ ထို လူ ကို ကား ယုတ် မာ စွာ မ ပြု ကြ ပါ နှင့် ဟု တောင်း ပန် သော် လည်း၊
25
မ နာ မ ယူ ကြ သော ကြောင့် ထို ဧည့် သည် သည် ကိုယ့် အ ပျော် မ ယား ကို ကိုင် ဆွဲ ထုတ် ပေး သ ဖြင့် ရက် စက် ကြမ်း ကြုတ် စွာ တ ညဉ့် လုံး ပြု ပြီး နောက် မိုး သောက် မှ လွှတ် လိုက် ကြ၏။
26
ထို အ ချိန် တွင် မိန်း မ ပြန် ရောက်၍ ကိုယ့် သ ခင့် အိမ် တံ ခါး ရှေ့ မှာ လဲ လျက် မိုး လင်း သည့် တိုင် အောင် နေ လေ၏။
27
သူ့ သ ခင် လည်း နံ နက် အ ချိန် ထ လျက် ခ ရီး သွား ခြင်း ငှါ အိမ် တံ ခါး ကို ဖွင့်၍ ထွက် သော်၊ မ ယား သည် တံ ခါး ခုံ ကို လက် တင်၍ လဲ လျက် နေ သည် ကို မြင် လျှင်၊
28
ထ လော့ သွား ကြ ကုန် အံ့ ဟု ဆို သော် လည်း ပြန် ဆို ခြင်း မ ရှိ သော ကြောင့် မြည်း ပေါ် တွင် သူ့ ကို တင် လျက် ကိုယ့် ဌာ န အ ရောက် ခ ရီး နှင် လေ၏။
29
ကိုယ့် အိမ့် အ တွင်း ဝင် လျက် ဓား ကို ဆွဲ၍ မ ယား၏ အ လောင်း ကို ဆယ့် နှစ် ပိုင်း ပိုင်း ဖြတ် ပြီး လျှင်၊ ဣ သ ရေ လ ပြည် တစ် ဝှမ်း လုံး သို့ ပေး ဝေ လိုက် သ ဖြင့်
30
သိ မြင် သူ အ ပေါင်း တို့ က၊ ဣ သ ရေ လ အ မျိုး သား တို့ သည် အိ ဂျစ် ပြည် မှ ထွက် လာ ခဲ့ သည့် နေ့ မှ စ၍ ယ နေ့ တိုင် အောင် ဤ သို့ သော အ မှု ကို တစ် ကြိမ် တစ် ခါ မျှ မ မြင် မ ဖြစ် စ ဘူး သော ကြောင့် နှ လုံး သွင်း ခြင်း၊ ကြံ စည် ခြင်း ပြု၍ တိုင် ပင် ကြ ဦး လော့ ဟု ပြော ဆို ကြ၏။