1
အ ခါ တစ် ပါး၊ ရှံ ဆုန် သည် တိ မ နတ် မြို့ သို့ သွား ရောက် ရာ ဖိ လိ တ္တိ အ မျိုး ဖြစ် သော မိန်း မ တစ် ယောက် ကို မြင် လျှင်၊
2
မိ ဘ ထံ ပြန် လာ၍ တိ မ နတ် မြို့၌ ဖိ လိ တ္တိ အ မျိုး ဖြစ် သော မိန်း မ တစ် ယောက် ကို မြင် ခဲ့ ပါ သည်။ ကျွန် တော့် ခင် ပွန်း ဖြစ် စေ ခြင်း ငှာ တောင်း ဆို ပါ ဟု လျှောက် သော်၊
3
မိ ဘ တို့ က၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ ဖိ လိ တ္တိ အ မျိုး တွင် ခင် ပွန်း ပြု ရန် ခေါ် ဆောင် ရ မည့် အ ကြောင်း မှာ၊ သင့် ဆွေ မျိုး သား ချင်း၊ ငါ တို့ အ မျိုး အ နက် မိန်း မ တစ် ယောက် မျှ မ ရှိ သ လော ဟု ပြော ဆို သော် လည်း၊ ရှံ ဆုန် က၊ ထို မိန်း မ ကို သာ တောင်း ပေး ပါ။ အ လွန် ပင် မြတ် နိုး လှ ပါ သည် ဟု အ ဘ အား လျှောက် ဆို လေ၏။
4
ထို အ ခါ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဖိ လိ တ္တိ လူ မျိုး အ စိုး ရ သည် ဖြစ်၍ ဖိ လိ တ္တိ လူ မျိုး၌ ရန် မူ ရန် အ ကြောင်း ထာ ဝ ရ ဘုရား ပြု တော် မူ သည့် အ တိုင်း အ ထံ တော် မှ ဖြစ် ပွား သည် ကို မိ ဘ တို့ မ သိ ကြ ချေ။
5
ထို နောက် ရှံ ဆုန် သည် မိ ဘ တို့ နှင့် အ တူ၊ တိ မ နတ် မြို့ ခ ရီး သွား ရာ တိ မ နတ် မြို့ ရှိ စ ပျစ် ခြံ သို့ ရောက် သော်၊ ခြင်္သေ့ ပျို တစ် ကောင် ဟောက် လျှင်၊
6
ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက် သ ဖြင့်၊ ရှံ ဆုန် လက် ချည်း ဖြစ် သော် လည်း၊ ဆိတ် သား ငယ် ကို ဆွဲ ဖဲ့ နိုင် သ ကဲ့ သို့ ဆွဲ ဖဲ့ လေ၏။ ထို အ ကြောင်း ကို မိ ဘ တို့ အား မ ကြား မ ပြော ဘဲ နေ လေ ၏။
7
ထို မြို့ သို့ ရောက် ပြီး လျှင်၊ မိန်း မ နှင့် စ ကား နှီး နှော၍ အ လွန် ပင် မြတ် နိုး သည် နှင့်
8
နောက် မ ကြာ မီ သိမ်း ဆောင် ရန် ပြန် သွား စဉ်၊ ထို ခြင်္သေ့ သေ ကို လှည့် ဝင် ရှု ကြည့် ရာ ၎င်း အ သေ ကောင် တွင် ပျား စွဲ၍ အ ရည် ရှိ မှန်း သိ လျင်
9
ဖွပ် ယူ စား သောက် လျက် သွား လေ သော်၊ မိ ဘ တို့ ထံ လာ ရောက် ပေး ကမ်း သည် နှင့် စား ကြ သော် လည်း ထို ပျား ရည် ကို ခြင်္သေ့ သေ မှ ဖွပ် ခဲ့ ကြောင်း မ ကြား မ ပြော နေ လေ၏။
10
အ ဘ လည်း ချွေး မ ရှိ ရာ သို့ တစ် ဖန် သွား ရောက် သ တည်း။ ထို အ ခါ လူ ပျို တို့ ထုံး စံ အ တိုင်း စား သောက် ပွဲ ပြု လုပ် သော ရှံ ဆုန် ကို မြင် ကြ လျှင်၊
11
အ ပေါင်း အ ဖော် သုံး ဆယ် တို့ ကို ခေါ်၍ ထိုင် နေ ကြ စဉ်
12
ရှံ ဆုန် က စ ကား ထာ ဝှက် ပါ မည်။ ပွဲ ခံ သော ခု နစ် ရက် အ တွင်း ဘော် ဆို နိုင် လျှင် ပိတ် တ ဘက် ထည် သုံး ဆယ် နှင့် အ ဝတ် စုံ သုံး ဆယ် ပေး ပါ မည်။
13
မ ဖော် နိုင် မူ ငါ့ အား သင့် တို့ က ပိတ် တ ဘက် ထည် သုံး ဆယ် နှင့် အ ဝတ် စုံ သုံး ဆယ် ပေး ကြ ရ မည် ဟု ပြော လျှင် သူ တို့ က၊ စ ကား ထာ ကို ဝှက် ပါ၊ ငါ တို့ နား ထောင် ပါ ရ စေ ဦး ဟု ပြန် ဆို ကြ၏။
14
ထို အ ခါ ရှံ ဆုန် က၊ စား ဝါး သူ့ အ တွင်း မှ အ စာ၊ သန် စွမ်း သူ့ အ တွင်း မှ အ ချို၊ ထွက် စ တ ကား ဟူ၍ ဝှက် လေ ရာ သုံး ရက် မြောက် သော် လည်း မ ဖော် မ ဆို နိုင် ကြ။
15
လေး ရက် မြောက် သော နေ့ တွင် ရှံ ဆုန် မ ယား အား သူ တို့ က၊ သင် နှင့် တ ကွ အ ဘ အိမ် ထောင် ကို ငါ တို့ မီး မ တိုက် စေ ရန် ထို သို့ သော စ ကား ထာ ကို ဖော် ပြ ပါ မည့် အ ကြောင်း၊ ကိုယ့် လင် ကို ဖြား ယောင်း ပါ။ ငါ တို့ ဉစ္စာ ကို ရ ရန် သာ ခေါ် ဖိတ် သည် မ ဟုတ် တုံ လော ဟု ကြိမ်း မောင်း ကြ သည် နှင့်
16
မိန်း မ သည် လင် ရှံ ဆုန် ထံ တွင် ငို ကြွေး လျက် ကျွန် မ အား အ ရှင် မေ တ္တာ မဲ့၍ ချစ် ခြင်း မ ရှိ ပါ။ ကျွန် မ အား မ ဖော် မ ပြ သေး ဘဲ ဆွေ မျိုး သား ချင်း တို့ ကို စ ကား ထာ ဝှက် ထား လေ ပြီ ဟု ဆို သော် မိ ဘ တို့ အား မ ဖော် မ ပြ ခဲ့ သော စ ကား ထာ ကို သင့် အား ဖော် ပြ ရ မည် လော ဟု ပြန် ဆို သော် လည်း
17
ထို ပွဲ ခံ ရာ ခု နစ် ရက် အ တွင်း ငို ကြွေး သည့် ပြင် နောက် ဆုံး နေ့၌ ပူ စာ သ ဖြင့် မိန်း မ အား ဖော် ပြ ရာ မိန်း မ လည်း ဆွေ မျိုး သား ချင်း တို့ ကို ဖော် ပြော လေ ၏။
18
မြို့ သား တို့ က၊ ပျား ရည် ထက် မည် သည့် အ ရာ ချို သ နည်း။ ခြင်္သေ့ ထက် မည် သည့် သ တ္တ ဝါ သန် စွမ်း သ နည်း ဟု ခု နစ် ရက် မြောက် သော နေ့၊ နေ မ ဝင် မီ၊ ဖော် ဆို ကြ ရာ ရှံ ဆုန် က၊ ငါ့ နွား မ နှင့် မ ထွန် လင့် မူ။ ဖြေ ဖွင့် နိုင် သူ မ ရှိ ဟူ၍ ဆို ပြီး လျှင်၊
19
ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက် သည် နှင့် အာ ရှေ ကေ လုန် မြို့ သို့ ဆင်း သွား၍ မြို့ သား သုံး ဆယ် ကို သတ် ဖြတ် လုယက် သ ဖြင့် စ ကား ထာ ဖော် သူ တို့ အား အ ဝတ် စုံ များ ပေး အပ် ပြီး နောက် အ မျက် ထွက် လျက် အ ဘ အိမ် သို့ ပြန် သွား လေ ၏။
20
မ ယား ကို ကား ရှံ ဆုန့် လူ ပျို ရံ ဖြစ် သူ မိတ် ဆွေ တစ် ဦး ယူ လေ ၏။