သူ​ကြီး-16

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 နောက် တစ် ဖန် ရှံ ဆုန် သည် ဂါ ဇ မြို့ သို့ သွား လျက် ပြည် တန် ဆာ မိန်း မ တစ် ယောက် ကို တွေ့ မြင်၍ ၎င်း ထံ ဝင် နေ ရာ ရှံ ဆုန် ရောက် လာ ပြီ ဟု သ တင်း ကြား ကြ သော်၊
  • 2 ဂါ ဇ မြို့ သား တို့ ဝန်း ဝိုင်း လျက် နံ နက် မိုး သောက် လျင် သတ် ရ တော့ မည် ဟု အောက် မေ့၍ တစ် ညဉ့် ပတ် လုံး မြို့ တံ ခါး အ နီး မှာ တိတ် ဆိတ် စွာ ချောင်း နေ ကြ လေ ၏။
  • 3 ရှံ ဆုန် သည် သန်း ခေါင် တိုင် တိုင် အိပ် နေ ပြီး မှ ထို အ ချိန်၌ ပင် ထ သွား၍ မြို့ တံ ခါး ရွက် များ နှင့် ၎င်း တိုင် နှစ် လုံး ကို ကန့် လန့် ကျင် ပါ နုတ် ယူ ပြီး လျှင် ဟေ ဗြုန် မြို့ ရင် ဆိုင် တောင် ထိပ် အ ရောက် ထမ်း ဆောင် သွား လေ ၏။
  • 4 နောက် တစ် ဖန် စော ရက် ချိုင့် တွင် နေ ထိုင် သည့် ဒေ လိ လ အ မည် ရှိ သော မိန်း မ တစ် ယောက် ကို ချစ် ကြိုက် ပြန် လျှင်
  • 5 ဖိ လိ တ္တိ မင်း တို့ သည် ထို မိန်း မ ထံ လာ ရောက်၍ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှာ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း သင် သိ ရန် ရှံ ဆုန် အား ဖြား ယောင်း ပါ။ ငါ တို့ တစ် ယောက် လျှင် ငွေ ဆယ့် တစ် ပိဿာ စီ ပေး ပါ မည် ဟု ဝန် ခံ ကြ ပြီး သော်၊
  • 6 ရှံ ဆုန် အား ဒေ လိ လ က၊ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှါ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း ဖော် ပြ ပါ ဟု မေး စမ်း သော်
  • 7 ရှံ ဆုန် က၊ မ ခြောက် သေး သော ဒူး လေး ကြိုး အ စို ခု နစ် ပင် ဖြင့် ငါ့ ကို ချည် နှောင် ပါ မူ သူ တစ် ပါး ကဲ့ သို့ ဖြစ် လျက် အား လျော့ လိမ့် မည် ဟု ပြော လေ၏။
  • 8 ထို အ ခါ မိန်း မ သည် အိပ် ခန်း တွင် ချောင်း မြောင်း သူ တို့ ကို ထား လျက် ဖိ လိ တ္တိ မင်း ဘို့ ယူ လာ သည့် မ ခြောက် သေး သော ဒူး လေး ကြိုး အ စို ခု နစ် ပင် ဖြင့် ရှံ ဆုန် ကို ချည် နှောင် ပြီး လျှင် အို ရှံ ဆုန်၊ သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီး တ ကား ဟု အော် ဟစ် သော် မီး ကျ၍ ပြတ် သော ဝါ ချည် ကဲ့ သို့ ဒူး လေး ကြိုး ကို သူ ဖြတ် လိုက် သော ကြောင့် ခွန် အား အ ကြောင်း မ သိ ကြ သေး ချေ။
  • 9
  • 10 ကျွန် မ ကို လှောင်၍ မု သာ သုံး လေ ပြီ။ ယ ခု မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကို ဖော် ပြ ပါ ဟု ဒေ လိ လ တောင်း ပန် ပြန် သော်၊
  • 11 မ ဆွဲ ရ သေး သော လွန် ကြိုး အ သစ် ဖြင့် ချည် နှောင် ပါ မူ သူ တစ် ပါး ကဲ့ သို့ ဖြစ် လျက် အား လျော့ လိမ့် မည် ဟု ပြော ပြန် သည့် အ တိုင်း
  • 12 ဒေ လိ လ သည် အိပ် ခန်း တွင် ချောင်း မြောင်း သူ တို့ ကို ထား လျက် လွန် ကြိုး အ သစ် ယူ၍ ချည် နှောင် ပြီး လျှင် အို ရှံ ဆုန် သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီ တ ကား ဟု အော် ဟစ် ပြန် သော် ချည် မျှင် ကဲ့ သို့ လက် ရုံး ကြိုး များ ကို သူ ဖြတ် လိုက် လေ၏။
  • 13 ဒေ လိ လ က လည်း၊ ယ ခု တိုင် အောင် ကျွန် မ ကို လှောင်၍ မု သာ သုံး ခဲ့ ပြန် ပြီ။ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကို ဖော် ပြ ပါ ဟု ဆို သော် ရှံ ဆုန် က ကျစ် ဆံ ခု နစ် သွယ် ကို ရက် ကန်း သား နှင့် ရော ရက် လျှင် ဖြစ် မည် ဟု ဆို သည့် အ တိုင်း
  • 14 ရက် သည့် ပြင် လက် ခတ် ခတ် ပြီး လျှင် အို ရှံ ဆုန် သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီ တ ကား ဟု အော် ဟစ် သော် အိပ် ရာ မှ နိုး၍ ရက် ကန်း သား နှင့် တ ကွ ရက် ကန်း စင် ပါ ဆွဲ နုတ် လေ၏။
  • 15 ထို အ ခါ ဒေ လိ လ က၊ သင့် စိတ် သည် ကျွန် မ နှင့် မ မျှ ဘဲ လျက် ကျွန် မ ကို ချစ် ကြောင်း မည် သို့ ပြော ဆို နိုင် သ နည်း၊ သုံး ကြိမ် မြောက် အောင် ကျွန် မ ကို လှောင်၍ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကို မ ဖော် မ ပြ လေ စွ တ ကား ဟု မြည် တွန် သည့် ပြင်
  • 16 နေ့ စဉ် မ ပြတ် ထို သို့ သော စ ကား နှင့် သွေး ဆောင် ပူ စာ သ ဖြင့် သေ လောက် အောင် စိတ် ငြီး ငွေ့ သော ရှံ ဆုန် သည်
  • 17 စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ သည် မှာ ငါ သည် အ မိ ဝမ်း တွင်း မှ စ၍ ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ သည့် အ လျောက် ဦး ခေါင်း ပေါ် တွင် သင် တုန်း ဓား မ တင် ရ သေး။ ဆံ ပယ် ခြင်း ခံ ရ မူ ခွန် အား ကွယ် ပျောက်၍ လူ တိုင်း ကဲ့ သို့ ဖြစ် လျက် အား လျော့ လိမ့် မည် ဟု ပြော ဆို လေ ၏။
  • 18 ဒေ လိ လ သည် စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ ကြောင်း သိ မြင် သော် ယ ခု တစ် ကြိမ် လာ ကြ တော့။ စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ လေ ပြီ ဟူ၍ ဖိ လိ တ္တိ မင်း တို့ ကို ခေါ် စေ သည့် အ လျောက် လက် ဆောင် တွင် ပါ လျက် ရောက် လာ ကြ ပြီး နောက်
  • 19 ဒူး ပေါ် တွင် ဦး ခေါင် တင် လျက် ရှံ ဆုန် ကို အိပ် စေ ပြီး မှ ဆ တ္တာ သည် ခေါ်၍ ကျစ် ဆံ ခု နစ် သွယ် ရိတ် စေ သ ဖြင့် ခွန် အား ကွယ် ပျောက် သည် နှင့် အ သ ရေ ယုတ် လျော့ စေ ၏။
  • 20 ထို အ ခါ ဒေ လိ လ က အို ရှံ ဆုန်၊ သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီ တ ကား ဟု အော် ဟစ် သော် အိပ် ရာ မှ နိုး လျှင် ရှံ ဆုန် သည် ထာ ဝ ရ ဘု ရား ခွာ ကြွ တော် မူ ကြောင်း မ သိ သေး သော ကြောင့် အ ထက် ကဲ့ သို့ အ ပြင် သို့ ထွက် လျက် ရုန်း၍ ရ မည် ထင် မှတ် လေ ၏။
  • 21 ဖိ လိ တ္တိ လူ မျိုး တို့ ဖမ်း ဆီး၍ မျက် စိ နှစ် လုံး ကို ထိုး ဖောက် ပြီး လျှင် ဂါ ဇ မြို့ သို့ ဆောင် သွား၍ ခြေ ချင်း ခတ် လျက် နှောင် အိမ် အ တွင်း တွင် စ ပါး ကြိတ် စေ ၏။
  • 22 သို့ ရာ တွင် ဦး ဆံ ရိတ် ပြီး မှ တစ် ဖန် ရှည် စ ဖြစ် သ တည်း။
  • 23 ဖိ လိ တ္တိ မင်း တို့ က ငါ တို့ ဘု ရား သည် ရန် သူ ရှံ ဆုန် ကို ငါ တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ပြီ ဟု ဆို လျက် ၎င်း တို့ ဘု ရား ဒါဂုန် အား ခမ်း နား စွာ ပူ ဇော်၍ ပျော် ရွှင် ရန် စု ဝေး ကြ ကုန်၏။
  • 24 ပြည် သူ ပြည် သား တို့ လည်း ရှံ ဆုန် ကို မြင် သော အ ခါ ငါ တို့ ဘု ရား သည် နေ ပြည် ပျက် စီး စေ ၍ ပြည် သား များ စွာ သတ် ဖြတ် သော ထို ရန် သူ ကို ငါ တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ပြီ ဟူ၍ ကိုယ့် ဘု ရား အား ထော မ နာ ပြု ကြ ကုန် ၏။
  • 25 စိတ် ကြည် လင် သော အ ခါ သူ တို့ က ရွှင် လန်း ကြ ရန် ရှံ ဆုန် ကို ခေါ် စေ ဟု ဆို သည့် အ တိုင်း ရှံ ဆုန် ကို နှောင် အိမ် အ တွင်း မှ ထုတ် ခေါ် သ ဖြင့် ရွှင် လန်း ကြ ပြီး နောက် ကျောင်း ခေါင် တိုင် ကြား တွင် ထား သော ရှံ ဆုန် က
  • 26 ကျောင်း ထောက် ခံ သော တိုင် များ ကို အ မှီ သ ဟဲ ပြု ရန် စမ်း သပ် ပါ ရ စေ ဟု လက် ဆွဲ သူ လု လင် အား တောင်း ပန် လေ၏။
  • 27 ထို ကျောင်း မှာ ဖိ လိ တ္တိ မင်း ပေါင်း တို့ ပါ ယောက်ျား မိန်း မ ပြည့် နှက် စွာ ရှိ သည့် ပြင် ရှံ ဆုန် ရွှင် လန်း စေ သည့် ကာ လ အ မိုး ထက် ကြည့် ရှု နေ ထိုင် သူ ယောက်ျား မိန်း မ သုံး ထောင် ခန့် ရှိ ရာ
  • 28 ရှံ ဆုန် သည် အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ တိ ရ တော် မူ ပါ။ ဖိ လိ တ္တိ လူ မျိုး တို့ အ ပေါ် တွင် အ ကျွန်ုပ်၏ မျက် စိ တစ် လုံး အ တွက် ကျေ နပ် အောင် ဆပ် ပေး ရန်၊ ယ ခု တစ် ကြိမ် မှ သာ အား တိုး စေ တော် မူ ပါ ဘု ရား ဟု ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု လျက်
  • 29 အ မိုး ထောက် ခံ သော အ လယ် တိုင် နှစ် တိုင် ကို လက် နှစ် ဘက် ဖြင့် ဆုပ် ကိုင် ပြီး မှ
  • 30 အား ဆည်း၍ ဖိ လိ တ္တိ လူ မျိုး တို့ နှင့် တ ကွ သေ ရ ပါ စေ ဟု ဆို လျက် အား ကြီး စွာ ကိုယ် ကို ကုန်း ဝပ် လေ သော်၊ မင်း တို့ မှ စ၍ အ တွင်း ရှိ ပြည် သူ ပြည် သား တို့ အ ပေါ်၌ ကျောင်း ပြို ပိ သ ဖြင့် သေ ဆဲ တွင် သတ် သော သူ တို့ ကား အ သက် ရှင် စဉ် သတ် ခဲ့ သူ တို့ ထက် များ ပြား သေး ၏။
  • 31 သူ့ ညီ မှ စ၍ ဆွေ မျိုး သား ချင်း အ ပေါင်း တို့ လာ ရောက် ပြီး လျှင် အ လောင်း ကို ဆောင် ယူ ပြန် လျက် ဇော ရာ မြို့ နှင့် ဧ ရှ တော လ မြို့ များ စပ် ကြား အ ဘ မာ နော်၏ သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ရှံ ဆုန် သည် ဣ သ ရေ လ လူ မျိုး ကို နှစ် ပေါင်း နှစ် ဆယ် အုပ် စိုး စီ ရင် လေ သ တည်း။
回到本卷目录 回到本版本目录 回到首页