တမန်တော်ဝတ္ထု-22

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ ချင်း ညီ အစ် ကို အ ဘ တို့၊ ယ ခု ထု ချေ မည့် စ ကား ကို ကြား နာ ကြ ကုန် ဟု ဟစ် သည့် ကာ လ၊
  • 2 ဟေ ဗြဲ စ ကား ဖြင့် ပြော ဆို သည် ကို ကြား သော် သာ၍ ဆိတ် ဆိတ် နေ ကြ ၏။
  • 3 ထို အ ခါ ပေါ လု ပြော ဆို သည် မှာ ငါ သည် ကိ လိ ကိ ပြည်၊ တာ ရှု မြို့ ဇာ တိ၊ ဤ မြို့၌ ကြီး ပွား သူ ဂါ မ လျေ လ ခြေ ရင်း တွင် မိ ရိုး ဖ လာ တ ရား အ တိုင်း အ သေ အ ချာ သင် ကြား ခံ ရ သည် နှင့် အ ညီ၊ ယ နေ့ သင် တို့ ရှိ သ မျှ တို့ နည်း တူ ပင် ဘု ရား သ ခင့် ဘက် တော်၌ စိတ် အား ကြီး သော ယု ဒ လူ မျိုး ဖြစ် လျက်၊
  • 4 ပ ရော ဟိတ် မင်း နှင့် လူ ကြီး အ ပေါင်း တို့ သိ မြင် သည့် အ တိုင်း မဂ် လမ်း တော် လိုက် သော ယောက်ျား၊ မိန်း မ တို့ ကို ချည် နှောင် ထောင် ချ ၍ အ သေ သတ် သည့် တိုင် အောင် ညှဉ်း ပန်း ခဲ့၏။ ထို မင်း တို့ ထံ မှ ငါ သည် ဒ မာ သက် မြို့ ရှိ လူ မျိုး ချင်း တို့ ထံ အ မိန့် စာ များ ရ ပြီး လျှင် ထို မြို့ နေ သူ တို့ ကို လည်း ယေ ရု ရှ လင် မြို့ သို့ ချုပ် နှောင် ခေါ် ယူ ဒဏ် ခတ် ခြင်း ငှာ၊
  • 5
  • 6 ဒ မာ သက် မြို့ သို့ ခ ရီး သွား ၍ အ နီး သို့ ရောက် သော် မွန်း တည့် အ ချိန် ခန့် ငါ့ ပတ် လည် တွင် ကောင်း ကင် မှ ကြီး စွာ သော အ လင်း ရုတ် တ ရက် တောက် ပ သ ဖြင့်၊
  • 7 မှောက် လဲ ရာ၊ ရှော လု၊ ရှော လု၊ ငါ့ ကို အ ဘယ် ကြောင့် ညှဉ်း ပန်း သ နည်း ဟူ သော ဗျာ ဒိတ် တော် သံ ကို ကြား လျှင်၊
  • 8 ငါ က မည် သူ ပါ နည်း အ ရှင် ဘု ရား၊ ဟု မေး လျှောက် သော် ငါ ကား သင် ညှဉ်း ပန်း သော နာ ဇ ရက် မြို့ သား ယေ ရှု ပင် တည်း ဟု မိန့် တော် မူ ၏။
  • 9 ထို ကာ လ လိုက် ပါ သူ တို့ သည် ထို အ လင်း ကို မြင် ရ သော် လည်း၊ ငါ့ အား မိန့် တော် မူ သော အ ရှင်၏ ဗျာ ဒိတ် တော် သံ ကို မ ကြား ရ ကြ။
  • 10 ငါ က လည်း အ ရှင် ဘု ရား၊ မည် သို့ ပြု ရ ပါ အံ့ နည်း ဟု မေး လျှောက် ရာ ထ၍ ဒ မာ သက် မြို့ သို့ ဝင် သွား လော့။ သင် ပြု ရန် စီ မံ ထား သော အ ရာ ခပ် သိမ်း ကို ကြား ပြော စေ မည် ဟု အ ရှင် ဘု ရား မိန့် တော် မူ ၏။
  • 11 ထို အ လင်း ရောင် ခြည် ကြောင့် ငါ့ မျက် စိ ကွယ် သ ဖြင့် ခ ရီး သွား ဖော် တို့ လက် ဆွဲ၍ ဒ မာ သက် မြို့ သို့ ဝင် သွား ရ၏။
  • 12 ထို အ ခါ ပ ညတ် တ ရား အ တိုင်း ကြည် ညို လျက် ထို မြို့ နေ ယု ဒ လူ မျိုး အ ပေါင်း တို့ တွင် အ သ ရေ ကောင်း သော အာ န နိ ဆို သူ သည်၊
  • 13 ငါ့ ထံ လာ ရောက် ချဉ်း ကပ် လျက် ညီ ရှော လု၊ မျက် စိ မြင် ပြန် စေ ဟု ဆို လျှင် ဆို ချင်း သူ့ ကို ငါ ကြည့် မြင် ရ၏။
  • 14 သူ က လည်း ငါ တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် သည် အ လို တော် ကို သိ ရ စေ ရန် လည်း ကောင်း၊ ဖြောင့် မတ် သော အ ရှင် ကို ဖူး မြင်၍ နှုတ် တော် ထွက် ဗျာ ဒိတ် တော် ကို ကြား နာ ရ စေ ရန် လည်း ကောင်း ခန့် ထား တော် မူ ပြီး သည့် အ လျောက်၊
  • 15 သင် သည် မြင် ရ ကြား ရ သော အ ရာ များ ကို လူ ခပ် သိမ်း တို့ ရှေ့ ကိုယ် တော်၏ သက် သေ ဖြစ် ရ လိမ့် မည်။
  • 16 ယ ခု မှာ အ ဘယ် ကြောင့် ဆိုင်း လင့် သ နည်း။ ထ ပြီး လျှင် နာ မ တော် အား ပ ဌ နာ ပြု လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ၍ သင့် အ ပြစ် များ ကို ဆေး ကြော လော့ ဟု ဆို ၏။
  • 17 ထို့ နောက် ငါ သည် ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက်၍ ဗိ မာန် တော် တွင် ပ ဌ နာ ပြု လျက် သ မ္မာ ပတ် ဝင် စား ရာ၊
  • 18 ကိုယ် တော် ထင် ရှား၍ ငါ နှင့် စပ် သော သက် သေ ခံ ချက် ကို သင့် ထံ မှ ခံ ယူ ကြ မည် မ ဟုတ် သော ကြောင့် ယေ ရု ရှ လင် မြို့ ထဲ မှ အ မြန် ထွက် သွား လော့ ဟု ဗျာ ဒိတ် ပေး တော် မူ သည့် ကာ လ၊
  • 19 ငါ က အ ရှင် ဘု ရား၊ ကိုယ် တော့် အား ယုံ ကြည် သူ တို့ ကို အ ကျွန်ုပ် သည် ထောင် ချ လျက် ဓ မ္မာ ရုံ တိုင်း တွင် ရိုက် ဒဏ် ခတ် သည် ကို လည်း ကောင်း၊
  • 20 ကိုယ် တော်၏ သက် သေ ဖြစ် သူ သ တေ ဖန်၏ အ သွေး ကို သွန်း ကြ သည့် အ ခါ၊ ကွပ် မျက် သူ တို့၏ အင်္ကျီ များ ကို သိမ်း ထား၍ သ ဘော တူ လျက် ရပ် နေ သည် ကို လည်း ကောင်း၊ ထို သူ တို့ သိ ကြ လေ စွ ဟု ပြန် လျှောက် သော်၊
  • 21 ထွက် သွား လော့။ သင့် ကို ဝေး ကွာ သော လူ မျိုး ခြား တို့ ထံ ငါ စေ လွှတ် မည် ဟူ၍ မိန့် တော် မူ ကြောင်း ပြန် ကြား လေ၏။
  • 22 ထို စ ကား တိုင် အောင် နား ထောင် လျက် နေ သော လူ စု က ဤ သို့ သော အ ကောင် ကို မြေ ပေါ် မှ ပယ် ကြ၊ အ သက် ရှင် လျက် မ နေ သင့် ဟု ကျယ် သော အ သံ နှင့် အော် ဟစ် ခြင်း၊
  • 23 ခြုံ ထည် မြှောက် ခါ ခြင်း၊ ဖုတ် လွှင့် ခြင်း များ ကို ပြု ကြ သ ဖြင့်၊
  • 24 ဗိုလ် ချုပ် သည် ပေါ လု ကို ခံ မြို့ ထဲ သို့ သွင်း စေ ပြီး လျှင် မည် သည့် ပြစ် မှု ကြောင့် အော် ဟစ် ကြ သည် ကို သိ ခြင်း ငှါ ရိုက် နှက် စစ် မေး စေ ဟု အ မိန့် အ ရ၊
  • 25 ရိုက် ရန် ကား ခုံ၌ ကပ် သော အ ခါ ရပ် နေ သော တပ် မှူး အား ပေါ လု က ရော မ ဖြစ် သူ ကို စစ် ဆေး စီ ရင် ခြင်း မ ပြု ဘဲ ရိုက် နှက် အပ် သ လော ဟု ဆို ရာ၊
  • 26 ထို စ ကား ကို တပ် မှူး ကြား သော် ဗိုလ် ချုပ် ထံ သွား၍ မည် သို့ ပြု မည် ကြံ သ နည်း။ ထို သူ ရော မ ပါ တ ကား ဟု လျှောက်၏။
  • 27 ထို ကာ လ ဗိုလ် ချုပ် သည် လာ၍ ပေါ လု အား၊ သင် ရော မ လော။ ငါ့ ကို ပြော ပါ ဟု ဆို ရာ ဟုတ် သည် ဟု ပြန် ဆို သော်၊
  • 28 ဗိုလ် ချုပ် က ငါ သည် ရော မ အ ဖြစ် ကို ငွေ များ စွာ ပေး မှ ရ သည် ဟု ဆို သည့် ကာ လ ငါ မူ ကား ဇာ တိ ဖြစ် သည် ဟု ပေါ လု ပြန် ဆို၏။
  • 29 သို့ ဖြစ်၍ စစ် မေး မည့် သူ တို့ သည် ချက် ခြင်း ဆုတ် ခွာ ကြ သည့် ပြင် ဗိုလ် ချုပ် လည်း ချည် နှောင် မိ သော ပေါ လု သည် ရော မ ဖြစ် ကြောင်း သိ သည့် အ တွက် ကြောက် ရွံ့ လေ ၏။
  • 30 နောက် နေ့ ၌ ယု ဒ လူ မျိုး တို့ စွဲ ဆို ချက် အ ကြောင်း တပ် ရာ သိ လို၍ ပ ရော ဟိတ် ကြီး တို့ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ ကို စု ရုံး ရန် အ မိန့် ရှိ ပြီး လျှင် ပေါ လု ကို အ ကျယ် ချုပ် ထား၍ ထို သူ တို့ ရှေ့ ခေါ် သွင်း လေ၏။
回到本卷目录 回到本版本目录 回到首页