1
သို့ ဖြစ်၍ ဖေ တ္ထု မင်း သည် ထို နယ် သို့ ဝင် လျက် သုံး ရက် ကြာ သော် ကဲ သ ရိ မြို့ မှ ယေ ရု ရှ လင် မြို့ သို့ သွား ရောက် ရာ၊
2
ပ ရော ဟိတ် ကြီး နှင့် ယု ဒ လူ အ ကြီး အ ကဲ တို့ သည် ပေါ လု အ ကြောင်း တ ရား ဖွင့် ပြီး လျှင်၊
3
ခ ရီး အ ကြား ချောင်း မြောင်း သတ် ပစ် မည့် အ ကြံ နှင့် ကျေး ဇူး ပြု၍ ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ ခေါ် ပါ မည့် အ ကြောင်း အ သ နား ခံ ကြ၏။
4
ဖေ တ္ထု မင်း မူ ကား ပေါ လု ကို ကဲ သ ရိ မြို့ တွင် စောင့် ကြပ် လျက် ထား ကြောင်း မ ကြာ မီ ထို မြို့ သို့ ကိုယ် တိုင် ပြန် မည် ဖြစ် ကြောင်း မိန့် ဆို သည့် ပြင်၊
5
ပေါ လု၌ ပြစ် မှု ရှိ လျှင် သင် တို့ အ နက် အ ကြီး အ မှူး တို့ သည် လိုက် လာ စွဲ ဆို ကြ စေ ဟု အ မိန့် ရှိ၏။
6
ထို နောက် ရှစ် ရက်၊ ဆယ် ရက် နေ ထိုင်၍ ဖေ တ္ထု မင်း သည် ကဲ သ ရိ မြို့ သို့ ပြန် ရောက် ပြီး လျှင် နောက် နေ့၌ တ ရား ခွင် တွင် ထိုင် လျက် ပေါ လု ကို ခေါ် စေ ရန် အ မိန့် ရှိ သည့် အ တိုင်း၊
7
ရောက် သော်၊ ယေ ရု ရှ လင် မြို့ မှ လိုက် လာ သော ယု ဒ လူ မျိုး တို့ သည် ပေါ လု ပတ် လည် တွင် ရပ်၍ အ ထင် အ ရှား မ ပြ နိုင် သော ပြစ် မှု ကြီး များ ကို စွဲ ဆို ကြ ရာ၊
8
ပေါ လု က ကျွန် တော် သည် ယု ဒ လူ မျိုး တို့ တ ရား ကို ဖြစ် စေ၊ ဗိ မာန် တော် ကို ဖြစ် စေ၊ ကဲ သာ မင်း ကို ဖြစ် စေ အ လျှင်း ပြစ် မှား ဘူး သည် မ ဟုတ် ပါ ဟု ထု ချေ လေ၏။
9
သို့ ရာ တွင် ဖေ တ္ထု မင်း သည် ယု ဒ လူ မျိုး တို့ ထံ မှ မျက် နှာ ရ လို၍ ပေါ လု အား ယေ ရု ရှ လင် မြို့ သို့ သွား ပြီး လျှင် ဤ အ ချက် များ နှင့် စပ်၍ ငါ ရှေ့ တွင် စီ ရင် ခံ လို သ လော ဟု မေး ရာ၊
10
ပေါ လု က ကျွန် တော် သည် စီ ရင် ခံ သင့် ရာ ကဲ သာ မင်း၏ တ ရား ခွင် တွင် ယ ခု ရပ် လျက် ရှိ နေ ပါ သည်။ ကိုယ် တော် မှန် ကန် စွာ သိ သည့် အ တိုင်း ယု ဒ လူ မျိုး တို့ ကို အ လျှင်း ပြစ် မှား ဖူး သည် မ ဟုတ် ပါ။
11
သေ ဒဏ် ခံ ထိုက် သော၊ ပြစ် မှု ပြု ကျင့် ခဲ့ သော မ တ ရား သူ ဖြစ် လျှင်၊ အ သက် ချမ်း သာ ခွင့် တောင်း မည် မ ဟုတ် ပါ။ ဤ သူ တို့ စွဲ ဆို ချက် တစ် စုံ တစ် ရာ မ မှန် လျှင် မူ ကား သူ တို့ လက် သို့ မည် သူ မျှ လွှဲ အပ် ခွင့် မ ရှိ ပါ။ ကဲ သာ မင်း ထံ အ ယူ တော် ခံ ပါ မည် ဟု လျှောက် လေ၏။
12
ထို အ ခါ ဖေ တ္ထု မင်း သည် မင်း တိုင် ပင် တို့ နှင့် နှီး နှော ပြီး လျှင် ကဲ သာ မင်း ထံ သင် အ ယူ တော် ခံ လို သည့် အ တိုင်း ကဲ သာ မင်း ထံ သွား ရ မည် ဟု မိန့် ဆို၏။
13
ထို နောက် နေ့ ရက် အ တန် ကြာ သော် အ ဂ ရိ ပ္ပ ဘု ရင် မင်း နှင့် နှ မ တော် ဗေ ရ နိတ် တို့ သည် ကဲ သ ရိ မြို့ သို့ ရောက် လာ၍ ဖေ တ္ထု မင်း ကို နှုတ် ဆက် ပြီး လျှင်
14
နေ့ ရက် များ စွာ စံ နေ ကြ ရာ၊ ဖေ တ္ထု မင်း သည် ပေါ လု အ မှု ကို ထို ဘု ရင် အား ဖော် ပြ သည် မှာ ဖေ လစ် မင်း ထား ခဲ့ သော အ ကျဉ်း သား တစ် ယောက် ရှိ သ ဖြင့်၊
15
ကျွန်ုပ် သည် ယေ ရု ရှ လင် မြို့ တွင် ရှိ နေ စဉ် ထို သူ့ ကို ပ ရော ဟိတ် ကြီး နှင့် ယု ဒ လူ ကြီး တို့ စွဲ ဆို၍ ပြစ် ဒဏ် စီ ရင် ရန် အ သ နား ခံ ကြ သော်၊
16
တ ရား ခံ ဖြစ် သူ သည် တ ရား လို တို့ နှင့် ဆိုင် ပြိုင် လျက် စွဲ ဆို ချက် ကို ထု ချေ ခွင့် မ ရ မီ လွှဲ အပ် လိုက် ရန် ရော မ လူ မျိုး တို့ စီ ရင် ထုံး မ ရှိ ဟု ပြန် ဆို ခဲ့ ရ ၏။
17
သို့ ဖြစ်၍ ထို သူ တို့ သည် ဤ မြို့ သို့ စုံ ညီ ရောက် လာ ကြ သည့် ကာ လ ကျွန်ုပ် သည် မ ဆိုင်း မ လင့်၊ နောက် နေ့၌ ပင် တ ရား ခွင် တွင် ထိုင် ပြီး လျှင် ထို သူ ကို ခေါ် သွင်း စေ ရန် အ မိန့် ရှိ ရာ၊
18
တ ရား လို တို့ သည် လာ ရပ် စွဲ ဆို ကြ သော် ကျွန်ုပ် ထင် သော ပြစ် မှု တစ် စုံ တစ် ရာ ကို မျှ မ စွဲ ဆို ကြ၊
19
သူ တို့ အ ယူ ဘာ သာ မှ စ၍ သေ လွန် ပြီး ဖြစ် သော ယေ ရှု ဆို သူ့ ဆိုင် ရာ ဆွေး နွေး ချက် များ အ ကြောင်း စွဲ ဆို ကြ၏။ ပေါ လု မူ ကား ထို သူ အ သက် ရှင် သည် ဟူ၍ ကြား ပြော လေ၏။
20
ကျွန်ုပ် သည် ထို အ ကြောင်း များ နှင့် စပ်၍ စီ ရင် ထုံး မ တွေ့ သော ကြောင့် ယေ ရု ရှ လင် မြို့ သို့ သွား ပြီး လျှင် စီ ရင် ခံ လို သည်၊ မ လို သည် ကို မေး မြန်း ရာ၊
21
ဧ က ရာဇ် ဘု ရင့် ထံ အ ယူ တော် ခံ လို ကြောင်း ပေါ လု လျှောက် ထား သည့် အ တိုင်း ကဲ သာ မင်း ထံ မ ပို့ မ ချင်း ချုပ် ထား စေ ဟု အ မိန့် ရှိ လိုက် ပါ သည် ဟူ၍ ပြော ဆို၏။
22
ထို အ ခါ ဖေ တ္ထု မင်း အား အ ဂ ရိ ပ္ပ မင်း က ထို သူ့ စ ကား ကို ကိုယ် တိုင် ကြား လို သည် ဟု ဆို ရာ နက် ဖြန် ကြား ခွင့် ရ ပါ စေ မည် ဟု ပြန် ဆို၏။
23
ထို ကြောင့် နောက် နေ့၌ အ ဂ ရိ ပ္ပ မင်း နှင့် ဗေ ရ နိတ် တို့ သည် အ ခမ်း အ နား ခင်း ကျင်း၍ ဗိုလ် ချုပ် များ မြို့ ဝန် များ ခြံ ရံ လျက် ညီ လာ ခံ ထွက် ကြ ပြီး လျှင် ဖေ တ္ထု မင်း အ မိန့် နှင့် ပေါ လု ကို သွင်း ခဲ့ ရာ၊
24
ဖေ တ္ထု မင်း က အ ဂ ရိ ပ္ပ ဘု ရင် မင်း မှ စ၍ ညီ လာ ခံ ဝင် သူ အ ပေါင်း တို့ ယ ခု မြင် ကြ သော ဤ သူ နှင့် စပ်၍ ယေ ရု ရှ လင် မြို့ နေ၊ ဤ မြို့ နေ ယု ဒ လူ မျိုး ပ ရိ သတ် တို့ က သူ့ ကို အ ရှင် မ ထား ထိုက် ဟု ဟစ် လျက် ကျွန်ုပ် ထံ လျှောက် ကြ၏။
25
ကျွန်ုပ် မူ ကား သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ကို ရှာ၍ မ တွေ့။ သူ ကိုယ် တိုင် လည်း ဧ က ရာဇ် ဘု ရင့် ထံ အ ယူ တော် ခံ လို သ ဖြင့် ပို့ လိုက် ရန် ပြ ဌာန်း ပြီး ဖြစ် ၏။
26
သို့ ရာ တွင် အ ရှင် ဧ က ရာဇ် မင်း ထံ အ သေ အ ချာ သံ တော် ဦး တင် လွှာ ရေး လိုက် ရန် မ ရှိ သ ဖြင့် စီ စစ် မေး မြန်း ကြ ပြီး နောက် တင် လွှာ ရေး လိုက် ခွင့် ရ ရန် အ ဂ ရိ ပ္ပ ဘု ရင် မင်း မှ စ၍ အ စုံ အ ညီ ရှေ့ ကျွန်ုပ် ခေါ် သွင်း လေ ပြီ။
27
အ ကြောင်း မ ပြ ဘဲ အ ကျဉ်း သား တစ် ယောက် ကို ပို့ လိုက် လျှင် မ သင့် မ လျော် ကြောင်း ကျွန်ုပ် ထင် မှတ် ပါ သည် ဟု ပြော ဆို၏။