တမန်တော်ဝတ္ထု-12

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို ကာ လ ဟေ ရုဒ် မင်း သည် အ သင်း တော် ဝင် သူ အ ချို့ ကို နှိပ် စက် ရန် ဖမ်း ဆီး ပြီး လျှင်၊
  • 2 ယော ဟန့် အစ် ကို ယာ ကုပ် ကို ဓား နှင့် ကွပ် မျက် ရာ၊
  • 3 ယု ဒ လူ မျိုး တို့ နှစ် သက် ကြ သည် ကို မြင် သော် ပေ တ ရု ကို လည်း ဖမ်း ဆီး လေ ၏။
  • 4 တ ဆေး မဲ့ မုန့် ပွဲ အ ခါ ဖြစ် သ ဖြင့် ပ သ ခါ ပွဲ ပြီး မှ ပြည် သူ ပြည် သား တို့ အ ရှေ့ ထုတ် မည့် အ ကြံ နှင့်၊ စစ် သည် အ စောင့် အ ကြပ် တစ် ဆယ့် ခြောက် ယောက် တို့ လက် သို့ ပေ တ ရု ကို အပ်၍ နှောင် အိမ် ချ ထား သည့် အ တိုင်း၊
  • 5 အ သင်း တော် သည် အ ကျဉ်း ကျ လျက် နေ သော ပေ တ ရု အ တွက် ဘု ရား သ ခင့် ထံ စိတ် အား ကြီး စွာ တောင်း လျှောက် ကြ၏။
  • 6 ဟေ ရုဒ် မင်း မ ထုတ် မီ ညဉ့် အ ခါ ရောက် သော် စစ် သည် နှစ် ယောက် ကြား တွင် သံ ကြိုး နှစ် စင်း နှင့် ချည် နှောင် ထား လျက် ထောင် တံ ခါး ရှေ့ အ စောင့် အ ကြပ် များ စောင့် ကြပ် လျက် ပေ တ ရု အိပ် နေ စဉ်၊
  • 7 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ရပ် လာ၍ နှောင် အိမ့် အ တွင်း အ လင်း တောက် ပ၏။ စေ တ မန် တော် သည် ပေ တ ရု နံ ဘေး ကို ပုတ် လျက် အ မြန် ထ လော့ ဟု နှိုး သော်၊ လက် မှ သံ ကြိုး များ ကျွတ် ကျ သည့် ကာ လ၊
  • 8 စေ တ မန် တော် က ခါး ပန်း လျက် ဖိ နပ် စီး လော့ ဟု မိန့် ဆို သည့် အ တိုင်း ပြု ပြီး နောက် ဝတ် လုံ ရုံ၍ လိုက် ခဲ့ ဟု ထပ် ဆို ရာ၊
  • 9 စေ တ မန် တော့် အ ပြု အ မူ မှန် မ မှန် မ သိ ဘဲ ရူ ပါ ရုံ ဖြစ် သည် ဟု ထင် မြင် လျက် ပေ တ ရု လိုက်၍ ထွက် သွား လေ၏။
  • 10 ကင်း နှစ် တန် လွန်၍ မြို့ ဝင် သံ တံ ခါး သို့ ရောက် ကြ သော် အ လို လို ပွင့် သ ဖြင့် ဝင် ရာ ကြား လမ်း တစ် လျှောက် လျှောက် ကြ ပြီး နောက် စေ တ မန် တော် ချက် ခြင်း ကွယ် လေ၏။
  • 11 သ တိ ရ သော် ပေ တ ရု က ထာ ဝ ရ ဘု ရား သည် ကိုယ် တော့် စေ တ မန် တော် ကို လွှတ်၍ ဟေ ရုဒ် မင်း လက် မှ လည်း ကောင်း၊ ယု ဒ လူ မျိုး တို့ မျှော် လင့် သ မျှ သော ဘေး မှလည်း ကောင်း၊ ငါ့ ကို ကယ် နုတ် တော် မူ ကြောင်း ယ ခု မု ချ သိ ရ ပြီ ဟု အောက် မေ့ လျက် နား လည် ပြီး လျှင်၊
  • 12 အ များ တို့ စည်း ဝေး တောင်း လျှောက် နေ ရာ မာ ကု ခေါ် ယော ဟန်၏ အ မိ မာ ရိ အိမ် သို့ သွား လေ၏။
  • 13 ဝင်း တံ ခါး ကို ခေါက် ရာ ရော ဒ အ မည် ရှိ သော အ စေ ခံ မ တစ် ယောက် သည် နား ထောင် ရန် သွား သ ဖြင့်၊
  • 14 ပေ တ ရု စ ကား သံ ကို သိ သည့် ကာ လ ဝမ်း မြောက်၍ မ ဖွင့် ဘဲ အ မြန် ဝင် လာ ပြီး လျှင် တံ ခါး ရှေ့ တွင် ပေ တ ရု ရှိ ကြောင်း ကြား ပြော၏။
  • 15 သင် ရူး ပြီ ဟု ဆို ကြ သော် သူ ပြော တိုင်း ဟုတ် မှန် ကြောင်း အ ခိုင် အ မာ ပြန် ဆို ရာ ထို သူ တို့ က သူ့ ကိုယ် စောင့် နတ် ဖြစ် မည် ဟု ဆို ကြ ပြန် သော် လည်း၊
  • 16 ပေ တ ရု ဆက် လက် ခေါက် နေ သ ဖြင့် ဖွင့် ကြ သည့် အ ခါ သူ့ ကို မြင်၍ အံ့ သြ ကြ၏။
  • 17 ထို အ ခါ ပေ တ ရု သည် ဆိတ် ဆိတ် နေ ကြ စေ ရန် လက် ရိပ် ပြ လျက် နှောင် အိမ် ထဲ မှ ထာ ဝ ရ ဘု ရား မည် သို့ ထုတ် ဆောင် တော် မူ ကြောင်း ဖော် ပြ ပြီး လျှင် ဤ အ ကြောင်း အ ရာ များ ကို ယာ ကုပ် နှင့် ညီ အစ် ကို တို့ အား ကြား ပြော ကြ လော့ ဟု မှာ၍ အ ခြား သို့ ထွက် သွား၏။
  • 18 မိုး လင်း လျှင် စစ် သည် တို့ သည် ပေ တ ရု မည် သို့ ဖြစ် သည် ကို မ သိ ဘဲ များ စွာ မ ငြိမ် မ သက် ရှိ ကြ သည့် ပြင်၊
  • 19 ဟေ ရုဒ် မင်း လည်း ပေ တ ရု ကို ရှာ၍ မ တွေ့ သော် အ စောင့် အ ကြပ် များ ကို စစ် မေး ပြီး လျှင် အ ဆုံး စီ ရင် စေ ရန် အ မိန့် ထုတ်၍ ယု ဒ နယ် မှ ကဲ သ ရိ မြို့ သို့ သွား ရောက် စံ နေ၏။
  • 20 ထို အ ခါ မင်း မျက် ခံ ရ သော တု ရု နှင့် ဇိ ဒုန် မြို့ သား တို့ သည် တစ် ညီ တစ် ညွတ် တည်း တိုး ဝင်၍ အ ဆောင် တော် မြဲ ဗိုလ် ဗ လ တ္တု ကို ဖျောင်း ဖျ ပြီး လျှင် သူ တို့ မြို့ များ သည် ဘု ရင်၏ ပြည် ကို မှီ ခို စား သောက် ရ သော ကြောင့် အ မျက် တော် ပြေ ငြိမ်း ရန် တောင်း ပန် ကြ ရာ၊
  • 21 ချိန်း ချက် ထား သော နေ့ တစ် နေ့ တွင် မင်း မြောက် တန် ဆာ ဆင် ယင် လျက် ရာ ဇ ပ လ္လင် ပေါ် မှာ ဟေ ရုဒ် မင်း ထိုင် ပြီး လျှင် ရာ ဇ သံ ထုတ် ပြန်၏။
  • 22 ညီ လာ ခံ သူ တို့ က ဤ အ သံ ကား လူ သံ မ ဟုတ်။ ဘု ရား အ သံ ဖြစ် သည် ဟု ကြွေး ကြော် ကြ သော်၊
  • 23 ဟေ ရုဒ် မင်း သည် ဘု ရား သ ခင့် ဘုန်း တော် ကို မ ထောက် သော ကြောင့် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ချက် ခြင်း ဒဏ် ခတ် သ ဖြင့် ပိုး စား၍ ကွယ် လွန် လေ၏။
  • 24 ဘု ရား သ ခင်၏ တ ရား တော် မူ ကား တိုး တက် ထွန်း ကား လေ သ တည်း။
  • 25 ဗာ န ဗ နှင့် ရှော လု တို့ သည် ထောက် ပံ့ မှု ပြု ပြီး နောက် မာ ကု ဆို သူ ယော ဟန် ကို ခေါ်၍ ယေ ရု ရှ လင် မြို့ မှ ပြန် သွား ကြ၏။
回到本卷目录 回到本版本目录 回到首页