ရှင်ယောဟန်-6

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုနောက်ယေရှုသည် တိဗေရိခေါ်ဂါလိလဲအိုင်တစ်ဘက်သို့ကူးကြွတော်မူရာ၊
  • 2 သူနာတို့တွင်ပြတော်မူသော နိမိတ်လက္ခဏာများကိုမြင်ခဲ့သောကြောင့် ကြီးစွာသောလူပရိသတ်သည် နောက်တော်သို့လိုက်သွားကြ၏။
  • 3 ယေရှုလည်း တောင်ပေါ်သို့တက်ကြွ၍ တပည့်တော်တို့နှင့်တကွထိုင်တော်မူပြီးမှ မျှော်ကြည့်ရာ၊
  • 4 ယုဒလူမျိုး၏ ပသခါပွဲတိုင်လုသည့်အတိုင်း ကြီးစွာသောလူပရိသတ်လိုက်လာသည်ကိုမြင်တော်မူသော်၊ ကိုယ်တိုင်မည်သို့ပြုမည်ကိုသိသော်လည်း ဖိလိပ္ပုအားစုံစမ်းလို၍ မေးတော်မူသည်မှာ၊ ထိုသူတို့စားလောက်အောင် အစာကိုမည်သို့ဝယ်ရအံ့နည်းဟုမေးတော်မူလျှင် ဖိလိပ္ပုက လူတိုင်းအနည်းငယ်စားရစေခြင်းငှါ၊
  • 5
  • 6
  • 7 အစာငွေနှစ်ရာဖိုးမလောက်ပါဟု ပြန်လျှောက်၏။
  • 8 ထိုအခါ တပည့်တော်အပါအဝင်ဖြစ်သူ ရှိမုန်ပေတရု၏ညီအန္ဒြေက၊
  • 9 ဤတွင်မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသောသူငယ်တစ်ယောက်ရှိပါသည်။ သို့ရာတွင် ဤမျှလောက်များသောသူတို့အဖို့ မည်သို့ပါနည်းဟုလျှောက်သော်၊
  • 10 လူတို့ကိုထိုင်နေစေကြလော့ဟု ယေရှုမိန့်တော်မူသည့်အတိုင်း မြက်ပေါများသောထိုအရပ်တွင် ယောကျ်ားဦးရေငါးထောင်ခန့်ရှိသောသူတို့ ထိုင်နေကြသည့်ကာလ၊
  • 11 ယေရှုသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် ထိုင်နေသူတို့အားဝေငှတော်မူ၏။ ထိုနည်းတူငါးကလေးများကိုလည်း စားလိုသမျှဝေငှတော်မူ၏။
  • 12 စား၍ဝကြပြီးနောက် တပည့်တော်တို့အား တစ်စုံတစ်ရာမပြုန်းတီးစေခြင်းငှါ စားကြွင်းအကျိုးအပဲ့များကို ကောက်သိမ်းကြလော့ဟု မိန့်တော်မူသည့်အတိုင်း မုယောမုန့်ငါးလုံးမှစားကြွင်းအကျိုးအပဲ့ကို၊
  • 13 ဆွဲတောင်းတစ်ဆယ့်နှစ်တောင်းအပြည့် ကောက်သိမ်းရကြ၏။
  • 14 သို့ဖြစ်၍ ပြတော်မူသောထိုနိမိတ်လက္ခဏာကိုမြင်ကြသူတို့က ဤသူကား ဤလောကသို့ရောက်လာရမည့်ပရောဖက်မုချဖြစ်သတည်းဟု ဝန်ခံကြပြီးလျှင်၊
  • 15 ချဉ်းကပ်ကိုင်ဆွဲ၍ မင်းမြှောက်မည်ပြုကြသည်ကိုယေရှုသိသဖြင့် တောင်ပေါ်သို့တစ်ပါးတည်း ဖဲကြွတော်မူပြန်၏။
  • 16 ညနေချမ်းအချိန်ရောက်သော်၊ တပည့်တော်တို့သည်အိုင်သို့ဆင်းသွားပြီးလျှင်၊
  • 17 လှေစီးလျက် ကပေရနောင်မြို့သို့ကူးနေကြရာ မိုးချုပ်၍လေပြင်းကျသဖြင့် လှိုင်းတံပိုးထသည့်ကာလ ယေရှုသည်သူတို့ထံမကြွမရောက်သေး။
  • 18
  • 19 တစ်တိုင်ခွဲနှစ်တိုင်ခန့်တက်ခတ်၍ ရောက်ကြသော် ယေရှုသည်အိုင်ရေပေါ်တွင်စက်တော်ဖြန့်လျက် လှေအနီးကြွလာသည်ကိုမြင်၍ ကြောက်ရွံ့ကြသဖြင့်၊
  • 20 ကိုယ်တော်က မကြောက်ကြလင့်။ ငါပင်တည်းဟုမိန့်တော်မူသည်နှင့်၊
  • 21 တပည့်တော်တို့သည် အားတက်သရောလှေပေါ်တွင်လက်ခံ၍ လှေလည်းသွားကြမည့်ဆိပ်ကမ်းသို့ ချက်ခြင်းဆိုက်ရောက်၏။
  • 22 နောက်နေ့၌ အိုင့်တစ်ဘက်မှကျန်ရစ်သောလူပရိသတ်သည် လှေငယ်တစ်စင်းမှတစ်ပါး၊ အခြားလှေမရှိသည်ကိုလည်းကောင်း၊ ယေရှုမစီးဘဲတပည့်တော်တို့သာ ထွက်သွားခဲ့သည်ကိုလည်းကောင်း၊
  • 23 သိမြင်ကြသည့်ပြင်၊ ယေရှုနှင့်တပည့်တော်တို့သည်ထိုအရပ်၌မရှိရစ်ကြောင်းတွေ့မြင်ကြသည့်ကာလ ကျေးဇူးတော်ကိုအရှင်ဘုရားချီးမွမ်းပြီးနောက် အစာစားခဲ့ကြရာအရပ်အနီးသို့ တိဗေရိမြို့လှေများဆိုက်ရောက်သဖြင့် ထိုလှေများကိုစီး၍ ယေရှုကိုရှာရန်ကပေရနောင်မြို့ရောက်သွားကြ၏။
  • 24
  • 25 အိုင့်တစ်ဘက်တွင်တွေ့ကြသော် ဆရာတော်၊ မည်သည့်အခါရောက်တော်မူပါသနည်းဟု မေးလျှောက်ကြရာ၊
  • 26 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာများကိုမြင်သောကြောင့်မဟုတ်၊ အစာစား၍ဝသောကြောင့်သာ ငါ့ကိုရှာကြ၏။
  • 27 ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။
  • 28 ထိုသူတို့ကလည်း အကျွန်ုပ်တို့သည်ဘုရားသခင့်အမှုတော်များကို ဆောင်ရွက်ရစေခြင်းငှါ မည်သို့ပြုလုပ်ရပါအံ့နည်းဟု မေးလျှောက်ကြသော်၊
  • 29 ဘုရားသခင့်အမှုတော်မှာ စေလွှတ်တော်မူသူ့ကိုယုံကြည်ခြင်းတည်းဟု ယေရှုပြန်၍မိန့်တော်မူလျှင်၊
  • 30 အကျွန်ုပ်တို့သည်မြင်၍ ဆရာကိုယုံကြည်ရစေခြင်းငှါ မည်သည့်နိမိတ်လက္ခဏာကိုဆရာပြပါသနည်း။ မည်သည့်အမှုကို ဆောင်ရွက်ပါသနည်း။
  • 31 ကောင်းကင်ဘုံထဲမှ စားရန်အစာကိုပေးခဲ့သည်ဟူ၍ကျမ်းချက်ရှိသည့်အတိုင်း အကျွန်ုပ်တို့ဘိုးဘေးများသည် သဲတော၌မန္နမုန့်ကိုစားရပါသည်ဟုလျှောက်ကြရာ၊
  • 32 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား မောရှေသည်ကောင်းကင်ဘုံထဲမှအစာကို သင်တို့အားပေးခဲ့သည်မဟုတ်၊ ငါ့အဘခမည်းတော်သည် ကောင်းကင်ဘုံထဲမှမှန်သောအစာကို ယခုသနားတော်မူပြီ။
  • 33 ဘုရားသခင့်အစာမှာ ကောင်းကင်ဘုံထဲမှဆင်းသက်၍ လောကသားတို့အား အသက်ပေးသောအစာတည်းဟု မိန့်တော်မူ၏။
  • 34 သို့ဖြစ်၍ထိုသူတို့က အရှင်ဘုရား၊ ထိုအစာကို အကျွန်ုပ်တို့အားအစဉ်ပေးတော်မူပါ ဟုလျှောက်ဆိုကြသော်၊
  • 35 ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
  • 36 သင်တို့မှာမူ ငါ့ကိုမြင်လျက်ပင်မယုံကြဟုငါဆိုခဲ့ပြီ။
  • 37 ငါ့အားခမည်းတော်သနားတော်မူသမျှတို့သည် ငါ့ထံလာရောက်ကြလိမ့်မည်။ ငါ့ထံလာရောက်သူ့ကိုလည်း ငါပယ်ထုတ်မည်မဟုတ်။
  • 38 ကောင်းကင်ဘုံထဲမှ ငါဆင်းသက်သည်မှာ ကိုယ့်အလိုကိုမဟုတ်၊ စေလွှတ်တော်မူလိုက်သော အရှင့်အလိုတော်ကိုဆောင်ရွက်ရန်တည်း။
  • 39 ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်၏အလိုတော်ကား ငါ့အားသနားတော်မူသမျှအနက် မည်သူ့ကိုမျှငါမပျောက်စေဘဲ နောက်ဆုံးနေ့တွင်ရှင်ပြန်ထမြောက်စေခြင်းငှါတည်း။
  • 40 ငါ့အဘခမည်းတော်အလိုတော်မှာလည်း၊ သားတော်ကိုမြင်၍ယုံကြည်သူတိုင်း ထာဝရအသက် ရစေသည့်ပြင် နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေခြင်းငှါတည်းဟု မိန့်တော်မူ၏။
  • 41 ငါသည် ကောင်းကင်ဘုံထဲမှ ဆင်းသက်သောအစာဖြစ်သည်ဟု မိန့်တော်မူသောကြောင့် ယုဒလူမျိုးတို့က ဤသူသည်ယောသပ်၏သားယေရှုမဟုတ်လော။ သူ့မိဘကိုငါတို့သိကြသည်မဟုတ်လော။ ကောင်းကင်ဘုံထဲမှ ငါဆင်းသက်ခဲ့သည်ဟူ၍ မည်သို့ယခုပြောသနည်းဟု ကိုယ်တော်နှင့်စပ်၍နှီးနှောပြောဆိုကြသော်၊
  • 42
  • 43 ယေရှုက အချင်းချင်းမနှီးနှောကြနှင့်။
  • 44 ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။
  • 45 ရှိသမျှတို့သည် ဘုရားသခင့်ထံသွန်သင်ခံရလိမ့်မည်ဟူ၍ ပရောဖက်ကျမ်းများ တွင်ရေးထားသည်နှင့်အညီ ခမည်းတော့်ရှေ့ကြားနာ၍လေ့ကျက်သူတိုင်း ငါ့ထံရောက်လာ၏။
  • 46 ထိုသို့ဆိုသော် ခမည်းတော်ကိုမြင်ဖူးသည့်တစ်စုံတစ်ယောက်ရှိသောကြောင့်မဟုတ်။ ဘုရားသခင့်အထံတော်မှကြွလာသူသာလျှင်၊ ခမည်းတော်ကိုမြင်ဖူး၏။
  • 47 ငါဧကန်အမှန်ဆိုသည်ကား၊ ယုံကြည်သူသည် ထာဝရအသက်ကိုရပြီ။
  • 48 ငါသည် အသက်စာဖြစ်၏။
  • 49 သင်တို့၏ဘိုးဘေးများသည် သဲတော၌မန္နမုန့်ကိုစားပြီးလျှင်သေကြကုန်၏။
  • 50 ကောင်းကင်ဘုံထဲမှဆင်းသက်သောအစာမှာ မည်သူမဆိုစားလျှင် သေမည်မဟုတ်။
  • 51 ငါသည် ကောင်းကင်ဘုံထဲမှဆင်းသက်သောအသက်စာဖြစ်၏။ မည်သူမဆိုထိုအစာကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်လိမ့်မည်။ ငါပေးမည့်အစာမှာ လောကသားတို့၏အသက်အဖို့ စွန့်သောငါ့အသားတည်းဟု မိန့်တော်မူ၏။
  • 52 သို့ဖြစ်၍ယုဒလူမျိုးတို့က ဤသူသည်ကိုယ့်အသားကိုအစာအဖြစ် မည်သို့ပေးနိုင်သနည်းဟု အချင်းချင်းငြင်းခုံပြောဆိုကြသော်၊
  • 53 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်လူ့သား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် အသက်ရရှိပြီမဟုတ်။
  • 54 ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရပြီ။ ထိုသူ့ကိုလည်းနောက်ဆုံးနေ့တွင် ငါရှင်ပြန်ထမြောက်စေမည်။
  • 55 ငါ့အသားသည် မှန်သောစားဖွယ်၊ ငါ့အသွေးလည်း မှန်သောသောက်ဖွယ်ဖြစ်၏။
  • 56 ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။
  • 57 အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ခမည်းတော်ကြောင့် ငါအသက်ရှင်သည့်နည်းတူ ငါ့ကိုစားသောသူသည် ငါ့ကြောင့်အသက်ရှင်လိမ့်မည်။
  • 58 ကောင်းကင်ဘုံထဲမှဆင်းသက်သောအစာမှာ ဘိုးဘေးတို့စားပြီးလျှင်သေရကြသည့်နည်းတူမဟုတ်။ ယခုအစာကိုစားသောသူသည် ကာလအစဉ်အသက်ရှင်လိမ့်မည်ဟု၊
  • 59 ကပေရနောင်မြို့ရှိ ဓမ္မာရုံတွင်ဒေသနာပေးလျက်မိန့်တော်မူ၏။
  • 60 သို့ဖြစ်၍တပည့်တော်တို့အနက် အများတို့သည်ကြားသဖြင့် ထိုစကားခဲယဉ်းစွတကား။ မည်သူနာယူနိုင်သနည်းဟုဆို၍၊
  • 61 နှီးနှောကြသည်ကိုစိတ်တော်၌သိသည်နှင့် ယေရှုက ထိုဒေသနာကြောင့်သင်တို့တိုက်လဲကြသလော။
  • 62 လူ့သားသည် စံနေရာရင်းသို့တက်သွားသည်ကိုသင်တို့မြင်ရလျှင် မည်သို့နည်း။
  • 63 အသက်ရှင်ရာရှင်ကြောင်းကား နာမ်တည်း။ ရုပ်မှာမူမည်သည့်အကျိုးကိုမျှမပေးနိုင်။ သင်တို့အား ငါပြောသောစကားသည် နာမ်နှင့်အသက်ဖြစ်၏။
  • 64 သို့ရာတွင်သင်တို့အနက် အချို့မယုံကြချေဟုမိန့်တော်မူ၏။ ထိုသို့ဆိုသော် မယုံကြည်သူတို့ကိုလည်းကောင်း၊ ကိုယ်တော်ကိုပို့အပ်မည့်သူ့ကိုလည်းကောင်း၊ အစကပင်ယေရှုသိမြင်တော်မူသည့်အတိုင်း၊
  • 65 ခမည်းတော်ခွင့်ပြုတော်မမူလျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်ဟူ၍ ထိုအတွက် နှင့်ငါဆိုခဲ့သည်ဟုမိန့်တော်မူ၏။
  • 66 ထိုနောက်တပည့်တော်များတို့သည်ဆုတ်ခွာ၍ ကိုယ်တော်နှင့်ဆက်လက်မလိုက်ကြသဖြင့်၊
  • 67 တစ်ဆယ့်နှစ်ပါးတို့အား ယေရှုက၊ သင်တို့လည်းထွက်သွားလိုကြသလောဟု မေးတော်မူသော်၊
  • 68 ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သူ့ထံသွားရပါအံ့နည်း။ ကိုယ်တော်သာလျှင်ထာဝရအသက်ဆိုင်ရာဒေသနာကို ဟောတော်မူသဖြင့်၊
  • 69 ဘုရားသခင်သီးသန့်ထားတော်မူသောအရှင်ဖြစ်တော်မူကြောင်း တပည့်တော်တို့ ယုံကြည်သိမြင်ကြပါသည်ဟု ပြန်လျှောက်ရာ၊
  • 70 ယေရှုက တစ်ဆယ့်နှစ်ယောက်သောသင်တို့ကိုငါရွေးကောက်သည်မဟုတ်လော။ တစ်ယောက်ကား နတ်ဆိုးဖြစ်သည်ဟုမိန့်တော်မူ၏။
  • 71 ထိုသို့မိန့်တော်မူသည်မှာ တစ်ဆယ့်နှစ်ပါးပါဝင်လျက်ကိုယ်တော်ကိုပို့အပ်မည့်သူ ရှိမုန်ဣရှကာရုတ်၏သား ယုဒကိုရည်ဆောင်သတည်း။
回到本卷目录 回到本版本目录 回到首页