1
ဗာ လမ် သည်၊ ဣ သ ရေ လ အ မျိုး ကို မင်္ဂ လာ ပေး ရန် ထာ ဝ ရ ဘု ရား အ လို ရှိ တော် မူ ကြောင်း သိ လျှင် ယ မန် ကာ လ များ ကဲ့ သို့ ယ တြာ ကို မ လိုက် မ ရှာ ဘဲ၊
2
သဲ တော သို့ မျက် နှာ ပြု လျက် မျှော် ကြည့် ရာ အ နွယ် များ အ လိုက်၊ ဣ သ ရေ လ လူ မျိုး တို့ စွဲ ရပ် နေ ကြ သည် ကို မြင် သော် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့်၊
3
က ဗျာ ဖွဲ့ ဆို သော ဗာ လမ် က၊ မံ သ စ က္ခု ပိတ် သော် လည်း ပျပ် ဝပ် ပြီး လျှင် မ နော စ က္ခု အ လင်း ရ သည့် အ တိုင်း ဘု ရား သ ခင်၏ ဗျာ ဒိတ် တော် ကို ကြား နာ ခွင့်၊ အ န န္တ တန် ခိုး ရှင် ကို ဖူး မြင် ခွင့် ရ သော ဗော ရ သား ငါ ဗာ လမ် ဆင့် ဆို ချက် ကား၊
4
5
အို ယာ ကုပ် အ မျိုး၊ အို ဣ သ ရေ လ အ နွယ်၊ သင် တို့၏ ယာ ယီ တဲ များ သည် ရှည် လျား သော ချိုင့်၊ မြစ် ကမ်း ခြေ ခြံ၊ ထာ ဝ ရ ဘု ရား စိုက် ပျိုး တော် မူ သော အ ကျော် ပင်၊ ရေ အ နီး ရှိ သစ် က တိုး ပင် များ ကဲ့ သို့ တင့် တယ် လေ စွ။
6
7
က ရား စုံ ဖြင့် ရေ သွန်း လောင်း သည့် အ လျောက် ရေ များ သော ဝမ်း ရာ၌ မျိုး ကြဲ ခွင့် ရှိ သည် ပြင် ထို လူ မျိုး၏ ဘု ရင် သည် အာ ဂတ် မင်း ထက် မြင့် မြတ် လျက် နိုင် ငံ လည်း ဂုဏ် ကြီး လိမ့် မည်။
8
အိ ဂျစ် ပြည် မှ ဘု ရား သ ခင် ထုတ် ဆောင် တော် မူ ခဲ့ သော ဤ လူ မျိုး သည် စိုင် နှင့် အ မျှ ဗ လ ပြည့် စုံ၍ ရန် မူ သော လူ မျိုး ခြား တို့ ကို မြှား ဖြင့် ခွင်း လျက်၊ အ ရိုး ကို ချိုး လျက် မျို စား ကြ လိမ့် မည်။
9
သီ ဟ ခြင်္သေ့ ကဲ့ သို့ ငုံ့ လျက် ဝပ် လျက် နေ ရာ မည် သူ ဆွ ဝံ့ မည် နည်း။ သင့် ကို မင်္ဂ လာ ပေး သူ တို့ သည် မင်္ဂ လာ ခံ ရ ကြ စေ သော။ အ မင်္ဂ လာ ပေး သူ တို့ သည် အ မင်္ဂ လာ ခံ ရ ကြ စေ သော ဟူ၍ တည်း။
10
ထို အ ခါ ဗာ လက် မင်း သည် ဗာ လမ် ကို အ မျက် ထွက် သ ဖြင့် လက် ခုပ် တီး လျက်၊ ရန် သူ တို့ အား အ မင်္ဂ လာ ပေး ရန် ကျွန်ုပ် ခေါ် သော် လည်း သုံး ကြိမ် တိုင် မင်္ဂ လာ ကို သာ ပေး လေ သည် တ ကား။
11
ထို ကြောင့် နေ ရာ ရင်း သို့ ပြေး သွား လော့။ ဂုဏ် အ သ ရေ တင် မည် ဟု ကျွန်ုပ် အောက် မေ့ လျက် ပင် ထာ ဝ ရ ဘု ရား သည် ဂုဏ် မ ရောက် စေ ရန် တား မြစ် တော် မူ သည် ဟု ဆို သော်၊
12
ဗာ လမ် က၊ ဗာ လက် မင်း သည် ရွှေ ငွေ များ ကို နန်း တော် နှင့် အ ပြည့် ပေး သော် လည်း ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို လွန် ကျူး ၍ ကိုယ့် သ ဘော အ တိုင်း မည် သည့် အ ကောင်း အ ဆိုး ကို မျှ မ ပြု ဝံ့။ ထာ ဝ ရ ဘု ရား ပေး တော် မူ မည့် ဗျာ ဒိတ် ချက် ကို သာ ဆင့် ဆို မည် ဟူ၍ ဘု ရင် မင်း စေ လွှတ် သော ရာ ဇ သံ တို့ အား ကြား ပြော ခဲ့ သည် မ ဟုတ် ပါ လော။
13
14
ယ ခု မှာ အ မျိုး သား ချင်း တို့ ရှိ ရာ သို့ မ ပြန် မီ ဘု ရင် မင်း လူ မျိုး အား နောင် ကာ လ ဤ လူ မျိုး ပြု လ တ္တံ့ သော အ ခြင်း အ ရာ ကို ကျွန်ုပ် ကြား ပြော ပါ မည် ဟု ဆို ပြီး လျှင်၊
15
က ဗျာ ဖွဲ့ ဆို သော ဗာ လမ် က မံ သ စ က္ခု ပိတ် သော် လည်း ပျပ် ဝပ် ပြီး လျှင် မ နော စ က္ခု အ လင်း ရ သည့် အ တိုင်း ဘု ရား သ ခင်၏ ဗျာ ဒိတ် တော် ကို ကြား နာ ခွင့်၊ မြင့် မြတ် သော ဘု ရား၏ အ သိ ပ ညာ ကို သိ ကျွမ်း ခွင့်၊ အ န န္တ တန် ခိုး ရှင် ကို ဖူး မြင် ခွင့် ရ သော ဗော ရ သား ငါ ဗာ လမ် ဆင့် ဆို ချက် ကား၊
16
17
ယ ခု မ ဟုတ်၊ ချက် ခြင်း လည်း မ ဟုတ်၊ ထို လူ မျိုး ကို ထောက် ရှု မြော် မြင် ရာ ယာ ကုပ် အ မျိုး မှ ပေါ် ထွက် သော ကြယ်၊ ဣ သ ရေ လ အ နွယ် မှ ပေါ် ထွန်း သော ရာ ဇ လှံ တံ သည် မော ဘ အ မျိုး နား ထင်၊ ရှေ သ အ နွယ် ဦး ထိပ် ကို ခွင်း၍၊
18
ဣ သ ရေ လ လူ မျိုး ရဲ ရင့် စွာ ပြု သော် ရန် မူ သော ဧ ဒုံ အ မျိုး နှင့် စိ ရ တောင် ကို အ ပိုင် ရ သည့် ပြင်၊
19
ယာ ကုပ် အ မျိုး သည် ရွှေ မြို့ တော်၌ စိုး စံ လျက် နေ စဉ် အ ကြွင်း အ ကျန် တို့ အား ဖြို ဖျက် အံ့ သည် ကို ငါ မြင် ပြီ ဟူ၍ တည်း။
20
အာ မ လက် လူ မျိုး ကို စီး ကြည့်၍ က ဗျာ ဖွဲ့ ဆို သည် မှာ လူ မျိုး ခြား တို့၏ အ ထွဋ် အ မြတ် ဖြစ် သော အာ မ လက် လူ မျိုး သည် အ ဆုံး၌ ပျက် စီး ရာ ရောက် လိမ့် မည် ဟူ၍ တည်း။
21
ကေ နိ လူ မျိုး ကို စီး ကြည့်၍ က ဗျာ ဖွဲ့ ဆို သည် မှာ သင့် နေ ရာ မြဲ လျက်၊ ကျောက် တောင်၌ သိုက် မြုံ တည် သော် လည်း အာ ရှု ရိ ဘု ရင် သိမ်း သွား သည့် တိုင် အောင်၊
22
ကေ နိ လူ မျိုး ပျက် စီး ရ မည် ဟူ၍ တည်း။
23
က ဗျာ ဖွဲ့ ဆို ပြန် သည် မှာ၊ ထာ ဝ ရ ဘု ရား သည် ထို သို့ စီ ရင် တော် မူ သည့် ကာ လ မည် သူ အ သက် ချမ်း သာ ရ ရှာ မည် နည်း။
24
ကိ တ္တိမ် စစ် သင်္ဘော များ ရောက် လာ သ ဖြင့် ညှဉ်း ပန်း ခံ ရ သော မြစ် ကြီး တစ် ဘက် ရှိ အာ ရှု ရိ လူ မျိုး ပင် ပျက် စီး ရာ ရောက် လိမ့် မည် ဟု ဆို ပြီး လျှင်၊
25
ဗာ လမ် ထ လျက် နေ ရာ ရင်း သို့ ပြန် သွား၏။ ဗာ လက် မင်း လည်း ပြန် လေ၏။