1
ဗာ လမ် က၊ ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို ဤ တွင် တည် လျက် နွား ထီး ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် ကို လည်း စီ မံ ပါ လော့ ဟု တောင်း သည့် အ တိုင်း၊
2
ဗာ လက် မင်း လိုက် နာ၍ နှစ် ဦး လုံး ပင် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် ကြ ၏။
3
ထို နောက် ဗာ လမ် က၊ ကိုယ့် မီး ရှို့ ရာ သ က္ကာ အ နီး ရပ် နေ ပါ ဦး လော့။ ကျွန်ုပ် ထွက် သွား၍ ထာ ဝ ရ ဘု ရား ကြွ လာ တွေ့ ကြုံ က၊ ဖော် ပြ တော် မူ သည့် အ ရာ ကို ကျွန်ုပ် ပြန် ကြား ပါ မည် ဟု ဆို ပြီး လျှင်၊
4
ကုန်း ထိပ် သို့ တက် သွား ရာ ဘု ရား သ ခင် တွေ့ ကြုံ တော် မူ သော် ဗာ လမ် က၊ အ ကျွန်ုပ် သည် ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို ပြု ပြင် လျက် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် ပါ ပြီ ဟု တင် လျှောက် လေ ၏။
5
ထာ ဝ ရ ဘု ရား သည် ဗာ လမ့် နှုတ် တွင် ဗျာ ဒိတ် ချက် ကို ထည့် သွင်း၍ ဗာ လက် မင်း ထံ ပြန် သွား လျက် ထို အ တိုင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ လျှင်၊
6
မော ဘ မှူး မတ် အ ပေါင်း တို့ နှင့် တ ကွ မီး ရှို့ ရာ သ က္ကာ အ နီး ရပ် နေ သည် ကို ဗာ လမ် ပြန် ရောက် တွေ့ မြင်၍၊
7
က ဗျာ ဖွဲ့ ဆို သည် မှာ မော ဘ ဘု ရင် ဗာ လက် မင်း သည် အာ ရံ ပြည်၊ အ ရှေ့ မျက် နှာ တောင် တန်း မှ ငါ့ ကို ခေါ် ဆောင် လျက် ယာ ကုပ် အ မျိုး ကို လာ၍ အ မင်္ဂ လာ ပေး လော့။ ဣ သ ရေ လ အ နွယ် ကို လာ၍ ကျိန် ဆို လော့ ဟု ဆို ရာ ၌၊
8
ဘု ရား သ ခင် အ မင်္ဂ လာ ပေး တော် မ မူ သော လူ မျိုး ကို ငါ မည် သို့ ပေး ဝံ့ သ နည်း။ ထာ ဝ ရ ဘု ရား ကျိန် ဆို တော် မ မူ သော လူ မျိုး ကို ငါ မည် သို့ ကျိန် ဆို ဝံ့ သ နည်း။
9
ငါ သည် ကျောက် တောင် ထွဋ် က စီး ကြည့် ၍ ကုန်း ထိပ် က ထောက် ရှု သော် လူ မျိုး ခြား တို့ အ ပါ အ ဝင် ဟု မ ထင်၊ တစ် ပါး တည်း နေ သော လူ တစ် မျိုး ကို မြင် ရ သည် တ ကား။
10
မြေ မုန့် နှင့် အ မျှ များ သော ယာ ကုပ် အ မျိုး ကို မည် သူ ရေ တွက် နိုင် သ နည်း။ ဣ သ ရေ လ အ နွယ် တစ် စိတ် ကို မည် သူ စာ ရင်း ကောက် နိုင် သ နည်း။ ငါ သည် ထို ဖြောင့် သူ တို့ သေ ခြင်း မျိုး ကို လည်း ကောင်း၊ အို ခြင်း မျိုး ကို လည်း ကောင်း ခံ စား ရ ပါ စေ သော ဟု ဆို သော်၊
11
ဗာ လက် မင်း က၊ ကိုယ် တော် သည် ကျွန်ုပ်၌ မည် သို့ ပြု ဘိ သ နည်း။ ကျွန်ုပ် သည် ရန် သူ တို့ ကို အ မင်္ဂ လာ ပေး ရန် ခေါ် လျက် ပင် မင်္ဂ လာ ကို သာ ပေး ပါ သည် တ ကား ဟု ဆို သည့် ကာ လ၊
12
ကျွန်ုပ် နှုတ် တွင် ထာ ဝ ရ ဘု ရား ထည့် သွင်း တော် မူ ချက် ကို ဆင့် ဆို ရန် သ တိ မူ အပ် သည် မ ဟုတ် ပါ လော ဟု ပြန် ဆို လေ၏။
13
ဗာ လက် မင်း က၊ ထို လူ မျိုး အား လုံး မ ဟုတ်၊ တပ် စွန် တပ် ဖျား ကို သာ မြင် နိုင် သော အ ရပ် တစ် ပါး သို့ ကျွန်ုပ် နှင့် လိုက်၍ အ မင်္ဂ လာ ပေး ပါ လော့ ဟု ဆို လျက်၊
14
ပိ သ ဂါ တောင် တန်း ဦး၊ ဇော ဖိမ် ကွင်း ပြင် သို့ ပို့ ဆောင်၍ ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို တည် ပြီး လျှင် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် လေ ၏။
15
ဗာ လမ် က လည်း ကိုယ့် မီး ရှို့ ရာ သ က္ကာ အ နီး ဤ တွင် ရပ် နေ ပါ ဦး လော့။ ထာ ဝ ရ ဘု ရား ကို တွေ့ ဆုံ ရန် သွား ပါ ရ စေ ဟု ခွင့် ပန် ပြီး နောက်၊
16
ထာ ဝ ရ ဘု ရား သည် တွေ့ ကြုံ တော် မူ သော် ဗာ လမ့် နှုတ်၌ ဗျာ ဒိတ် ချက် ကို ထည့် သွင်း၍ ဗာ လက် မင်း ထံ ပြန် သွား လျက် ထို အ တိုင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ လျှင်၊
17
မော ဘ မှူး မတ် တို့ နှင့် တ ကွ မီး ရှို့ ရာ သ က္ကာ အ နီး ရပ် နေ သည် ကို ဗာ လမ် ပြန် ရောက် တွေ့ မြင် ရာ ဗာ လက် မင်း က၊ ထာ ဝ ရ ဘု ရား သည် မည် သို့ ဗျာ ဒိတ် ပေး တော် မူ ပါ သ နည်း ဟု မေး သော်၊
18
ဗာ လမ် က ဗျာ ဖွဲ့ ဆို သည် မှာ၊ အို ဇိ ဖော့် သား ဗာ လက် မင်း၊ စိတ် စော၍ ငါ့ စ ကား ကို နာ ခံ နား ထောင် ပါ လော့။
19
ဘု ရား သ ခင် သည် မု သာ ဆို ရန် လူ၊ ပြောင်း လဲ ရန် လူ့ သား ဖြစ် တော် မူ သည် မ ဟုတ်။ ကိုယ် တော် သည် က တိ ထား ပြီး မှ မ ပြည့် စုံ စေ ဘဲ သ စ္စာ ဆို ပြီး မှ အ တည် မ ပြု ဘဲ နေ တော် မူ မည် လော။
20
မင်္ဂ လာ ပေး စေ ဟု နာ ခံ ရ သော ငါ သည် ကိုယ် တော် ပေး သော မင်္ဂ လာ ကို မ ဖျက် နိုင်။
21
ယာ ကုပ် အ မျိုး ၌ ဘေး သင့် ခြင်း၊ ဣ သ ရေ လ အ နွယ် ၌ ဒု က္ခ ရောက် ခြင်း များ ကို မျှော် ကြည့်၍ မ မြင် ချေ။ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပါ ရှိ တော် မူ သည့် အ လျောက် ဘု ရင် မြတ် အောင် သံ ကို ကြား ရ ကြ ၏။
22
အိ ဂျစ် ပြည် မှ ဘု ရား သ ခင် ထုတ် ဆောင် တော် မူ ခဲ့ သော ဤ လူ မျိုး သည် စိုင် နှင့် အ မျှ ဗ လ ပြည့် စုံ ၏။
23
ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ် ကို ဗေ ဒင် ယ တြာ ဖြင့် မ ပြု နိုင်။ ဘု ရား သ ခင် စီ ရင် တော် မူ ခြင်း ကား ကြီး လှ လေ စွ ဟု ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ် ကို ရည်၍ ယ ခု ခေတ် ဆို ဖွယ် ရှိ၏။
24
ထို လူ မျိုး သည်၊ သီ ဟ ခြင်္သေ့ ကဲ့ သို့ ထ ကြွ လျက် ကိုက် သတ် သော အ ကောင်၏ အ သွေး အ သား ကို မ စား မ သောက် မ ချင်း ဝပ် မည် မ ဟုတ် ဟု ဆို သော်၊
25
ဗာ လက် မင်း က၊ အ မင်္ဂ လာ ကို သော် လည်း ကောင်း၊ မင်္ဂ လာ ကို သော် လည်း ကောင်း မ ပေး ပါ နှင့် ဟု မြစ် တား လျှင်၊
26
ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း လိုက် နာ ရ မည့် အ ကြောင်း ကျွန်ုပ် ကြား ပြော နှင့် သည် မ ဟုတ် ပါ လော ဟု ဗာ လမ် ပြန် ဆို လေ ၏။
27
တစ် ဖန် ဗာ လက် မင်း က၊ ကြွ လာ ပါ၊ ကျွန်ုပ် သည် အ ရပ် တစ် ပါး သို့ ပို့ ဆောင် ဦး မည်။ ထို အ ရပ် မှ ဘု ရား သ ခင် သည် အ မင်္ဂ လာ ပေး ခွင့် ပြု ကောင်း ပြု တော် မူ လိမ့် မည် ဟု ဗာလမ် အား ဆို လျက်၊
28
ယေ ရှိ မုန် တော နှင့် ရင် ဆိုင် နေ သော ပေ ဂု ရ တောင် ထိပ် သို့ ခေါ် ဆောင် ပြီး လျှင်၊
29
ဗာ လမ် က၊ ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို ဤ တွင် တည် လျက် နွား ထီး ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် ကို လည်း စီ မံ ပါ လော့ ဟု တောင်း သည့် အ တိုင်း ဗာ လက် မင်း လိုက် နာ ၍၊
30
ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် လေ ၏။