1
ဣ သ ရေ လ လူ မျိုး တို့ သည် ရှိ တ္တိမ် မြို့၌ စွဲ ရပ် သည့် ကာ လ၊
2
မော ဘ အ မျိုး သ မီး တို့ နှင့် မှား ယွင်း၍ ၎င်း တို့ ဘု ရား ပူ ဇော် ပွဲ သို့ အ ဖိတ် ခံ ရ သည့် အ လျောက် စား သောက် လျက် ထို ဘု ရား ကို ရှိ ခိုး ကြ ၏။
3
ထို သို့ ဗာ လ ပေ ဂု ရ နတ် ကို မှီ ဝဲ ကြ သော ကြောင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အား အ မျက် တော် ထား လျက်၊
4
အ မျက် တော် အ ရှိန် ကို ဣ သ ရေ လ လူ မျိုး မှ လွှဲ စေ ရန် လူ မျိုး တော် အ အုပ် အ ချုပ် ရှိ သ မျှ ကို ခေါ် ပြီး လျှင် ငါ ထာ ဝ ရ ဘု ရား ရှေ့ နေ အ လင်း၌ ကား တင် စေ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
5
မော ရှေ က၊ သင် တို့ အ သီး အ သီး အုပ် စု အ နက် ဗာ လ ပေ ဂု ရ နတ်၌ မှီ ဝဲ သူ တို့ ကို ကွပ် မျက် ကြ လော့ ဟု ဣ သ ရေ လ တ ရား ပိုင် မင်း တို့ အား ဆင့် ဆို လေ ၏။
6
ထို အ ခါ ဣ သ ရေ လ အ မျိုး သား တစ် ယောက် သည် တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ငို ကြွေး လျက် နေ သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် နှင့် မော ရှေ့ မျက် မှောက် တွင် ပင် မိ ဒျန် အ မျိုး မိန်း မ ကို ဆွေ မျိုး သား ချင်း တို့ ထံ ခေါ် ဆောင် ခဲ့ ရာ၊
7
ပ ရော ဟိတ် အာ ရုန် မြေး၊ ဧ လာ ဇာ့ သား ဖိ န ဟတ် သည် မြင်၍ လှံ ကိုင် လျက် လူ ပ ရိ သတ် အ လယ် မှ ထ ပြီး လျှင်၊
8
တဲ အ တွင်း သို့ သူ့ ကို လိုက် လံ ထိုး သတ် ရာ မိန်း မ ဝမ်း ပါ ဖောက် သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ တွင် ကပ် ရော ဂါ ငြိမ်း လေ၏။
9
ထို ကပ် ရော ဂါ နှင့် သေ သော လူ ပေါင်း ကား နှစ် သောင်း လေး ထောင် တည်း။
10
ထို နောက် မော ရှေ အား ထာ ဝ ရ ဘု ရား က ပ ရော ဟိတ် အာ ရုန့် မြေး၊ ဧ လာ ဇာ့ သား ဖိ န ဟတ် သည် ဣ သ ရေ လ အ မျိုး သား တို့ အ တွက် ငါ မ ရှု ဆိတ် သည့် နည်း တူ မ ရှု ဆိတ် သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ ကို ငါ မ ရှု ဆိတ် သော သ ဘော နှင့် မ ကုန် ခန်း စေ ခြင်း ငှါ အ မျက် တော် ကို လှဲ လေ ပြီ။
11
12
သို့ နှင့် အ ညီ ကိုယ့် ဘု ရား သ ခင် အ တွက် မ ရှု စိတ် လျက် ဣ သ ရေ လ အ မျိုး သား တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သော ကြောင့် ထို သူ နှင့် သား စဉ် မြေး ဆက် တို့ အား ပ ရော ဟိတ် ရာ ထူး ဆိုင် ရာ မ ဟာ မိတ် ပ ဋိ ညာဉ် ကို ငါ အ မြဲ ဖွဲ့ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
13
14
မိ ဒျန် အ မျိုး မိန်း မ နှင့် တ ကွ သေ ဒဏ် ခံ သော ဣ သ ရေ လ လူ၏ အ မည် ကား၊ ရှိ မောင့် အ နွယ် တွင် တစ် အိမ် ထောင် အ ကြီး အ ကဲ၊ သာ လု သား ဇိ မ ရိ တည်း။
15
သေ ဒဏ် ခံ သော မိ ဒျန် အ မျိုး မိန်း မ အ မည် ကား၊ မိ ဒျန် အ မျိုး တွင် တစ် အိမ် ထောင် သား တို့ အ အုပ် အ ချုပ်၊ ဇု ရ သ မီး ကော ဇ ဘိ တည်း။
16
တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ မိ ဒျန် လူ မျိုး သည် ပေ ဂု ရ နတ် အ မှု အ ရေး၌ လည်း ကောင်း၊ ပေ ဂု ရ အ မှု အ ရေး ကြောင့် ကပ် ရော ဂါ သင့် သော နေ့ တွင် အ မျိုး သား ချင်း ဖြစ် သူ၊ သေ ဒဏ် ခံ ရ သော မိ ဒျန် အ ကြီး အ ကဲ၏ သ မီး ကော ဇ ဘိ အ မှု အ ရေး ၌ လည်း ကောင်း လှည့် စား၍ ရန် မူ သည့် အ တွက် ရန် တုံ့ ပြန် လျက် လုပ် ကြံ လော့ ဟု မိန့် တော် မူ ၏။
17
18