တော​လည်-21

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 နေ ဂပ် ခ ရိုင်၌ စံ နေ သော ခါ နာန် လူ မျိုး၊ အာ ရဒ် ဘု ရင် သည် အ သ ရိမ် လမ်း ဖြင့် ဣ သ ရေ လ လူ မျိုး တို့ ချီ လာ ကြ သော သ တင်း ကို ကြား လျှင် ဆီး ဆို့ တိုက် ခိုက်၍ အ ချို့ ကို သုံ့ ဘမ်း သ ဖြင့်၊
  • 2 ဣ သ ရေ လ လူ မျိုး တို့ က၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ လက် တွင်း သို့ ထို လူ မျိုး ကို အပ် နှင်း တော် မူ လျှင် ချင်း တို့ မြို့ များ ကို မြေ လှန် ကြ ပါ မည် ဟု ထာ ဝ ရ ဘု ရား ထံ သ စ္စာ မူ ကြ သည့် အ တိုင်း၊
  • 3 ထာ ဝ ရ ဘု ရား နား ညောင်း၍ ခါ နာန် လူ မျိုး တို့ ကို အပ် နှင်း တော် မူ သည် နှင့် ချင်း တို့ နှင့် တ ကွ မြို့ များ ပါ မြေ လှန် ကြ သည် ကို အ စွဲ ပြု၍ ဟော မာ ဟု သ မုတ် ကြ သ တည်း။
  • 4 ထို နောက် ဧ ဒုံ ပြည် ကို ကွင်း ခြင်း ငှါ ဟော ရ တောင် မှ ပင် လယ် နီ လမ်း ဖြင့် ချီ သွား ကြ ရာ လူ ပ ရိ သတ် သည် ခ ရီး အ ကြား တွင် စိတ် ပျက် လျက်၊
  • 5 သဲ က န္တာ ရ တွင် သေ ကြ စေ ရန် အိ ဂျစ် ပြည် မှ အ ဘယ် ကြောင့် ဆောင် ခဲ့ သ နည်း။ ခဲ ဖွယ် သောက် ဖွယ် မ ရှိ။ တင်း မ တိမ် သော ဤ မုန့် ကို ငါ တို့ ညည်း လှ ပြီ ဟု ဘု ရား သ ခင် ကို လည်း ကောင်း၊ မော ရှေ ကို လည်း ကောင်း ဆန့် ကျင် ဘက် ဆို ကြ သည့် အ တွက်၊
  • 6 မြွေ ဆိုး များ ကို ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သ ဖြင့် အ ကိုက် ခံ ရ သော ဣ သ ရေ လ လူ မျိုး အ များ သေ ကြ ၏။
  • 7 ထို ကြောင့် လူ ပ ရိ သတ် သည် မော ရှေ့ ထံ လာ ပြီး လျှင် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ကိုယ် တော် ကို လည်း ကောင်း ဆန့် ကျင် ဘက် ပြော ဆို၍ ပြစ် မှား မိ ကြ ပါ ပြီ။ ထို မြွေ များ ကို ကျွန် တော် တို့ မှ ပယ် ရှား ရန် ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ ဟု လျှောက် ကြ သည့် အ တိုင်း၊
  • 8 မော ရှေ တောင်း ပန် သော် ထာ ဝ ရ ဘု ရား က၊ မြွေ ရုပ် ကို လုပ်၍ တိုင် ပေါ် မှာ တင် ထား လော့။ အ ကိုက် ခံ ရ သူ တိုင်း ရှု ကြည့် က အ သက် ချမ်း သာ ရ လိမ့် မည် ဟု မိန့် တော် မူ သည့် အ လျောက်၊
  • 9 မော ရှေ သည် ကြေး မြွေ ရုပ် ကို လုပ် ၍ တိုင် ပေါ် မှာ တင် ထား သည့် ကာ လ မြွေ ကိုက် မိ သူ မည် သူ မ ဆို ကြေး မြွေ ရုပ် ကို မျှော် ကြည့် လျှင် အ သက် ချမ်း သာ ရ ၏။
  • 10 ဣ သ ရေ လ အ မျိုး သား တို့ သည် ချီ ပြန်၍ သြ ဗုတ် စ ခန်း၌ စွဲ ရပ် ပြီး နောက်၊
  • 11 သြ ဗုတ် စ ခန်း မှ ချီ ပြန်၍ မော ဘ ပြည် အ ရှေ့ မျက် နှာ၊ တော ရှိ ဣ ဇာ ဗာ ရိမ် စ ခန်း၌ စွဲ ရပ် ပြီး မှ၊
  • 12 ချီ ပြန်၍ ဇေ ရက် ချောင်း အ နီး စွဲ ရပ် ပြီး လျှင်၊
  • 13 ချီ ပြန်၍ အာ မော ရိ ပြည် စပ်၊ သဲ တော ရှိ အာ နုန် ချောင်း တစ် ဘက်၌ စွဲ ရပ် ကြ၏။ အာ နုန် ချောင်း ကား၊ မော ဘ ပြည်၊ အာ မော ရိ ပြည် နယ် ခြား ဖြစ် သည် နှင့် အ ညီ၊
  • 14 ထာ ဝ ရ ဘု ရား၏ စစ် ပွဲ တော် ဧ ချင်း၌ ဖွဲ့ ဆို သည် မှာ သု ပ အ ရပ် တွင် ဝါ ဟိပ် မြို့ ကို လည်း ကောင်း၊ အာ နုန် ချောင်း မြွာ များ ကို လည်း ကောင်း၊
  • 15 အာ ရ မြို့ အ ထိ ရောက် လျက်၊ မော ဘ နယ် စွန်း ကို မှီ သော ချောင်း မြွာ ကမ်း ပါး စောက် များ ကို လည်း ကောင်း ရ ကြ ပြီ ဟူ၍ တည်း။
  • 16 ထို အ ရပ် မှ လည်း လူ မျိုး တော် ကို စု ရုံး စေ လော့။ ငါ ရေ ပေး မည် ဟူ၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ရာ ဗေ ရ ရေ တွင်း ရောက် ချီ သော်၊
  • 17 ဣ သ ရေ လ လူ မျိုး တို့ သီ ဆို ကြ သည် မှာ အို ရေ တွင်း၊ စမ်း ပေါက် လော့။ လှံ တံ၊ တောင် ဝှေး များ ဖြင့် လူ ပ ရိ သတ် အ ကြီး အ ကဲ နှင့် မှူး မတ် တို့ တူး ဖော် သော ရေ တွင်း ကို ရည် လျက် သီ ဆို ကြ လော့ ဟူ၍ တည်း။ ထို သဲ တော မှ မ တ္တ နာ စ ခန်း သို့ လည်း ကောင်း၊
  • 18
  • 19 မ တ္တ နာ စ ခန်း မှ န ဟာ လျေ လ စ ခန်း သို့ လည်း ကောင်း၊ န ဟာ လျေ လ စ ခန်း မှ ဗာ မုတ် စ ခန်း သို့ လည်း ကောင်း၊
  • 20 ဗာ မုတ် စ ခန်း မှ ယေ ရှိ မုန် တော နှင့် ရင် ဆိုင် နေ သော မော ဘ ပြည်၊ ဝိ သ ဂါ တောင် တန်း ဦး ရှိ ချိုင့် သို့ လည်း ကောင်း ချီ သွား ကြ ၏။
  • 21 ထို ကာ လ ဣ သ ရေ လ လူ မျိုး တို့ သည် အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ထံ သံ တ မန် များ ကို စေ လွှတ် လျက် ကိုယ် တော်၏ ပြည် ကို ဖြတ် သွား ပါ ရ စေ။
  • 22 ကျွန် တော် တို့ သည် လယ် ခြံ များ သို့ မ လွှဲ။ တွင်း ရေ ကို လည်း မ သောက်။ ပြည် နယ် မ လွန် မ ချင်း လမ်း မ တော် ဖြင့် သာ လျှောက် သွား ကြ ပါ မည် ဟု ခွင့် ပန် သော် လည်း၊
  • 23 ရှိ ဟုန် မင်း သည် ဣ သ ရေ လ လူ မျိုး တို့ အား ပြည် နယ် ဖြတ် သွား ခွင့် မ ပေး ဘဲ အ လုံး အ ရင်း ရှိ သ မျှ စု ရုံး ပြီး လျှင် ဣ သ ရေ လ လူ မျိုး တို့ ကို ဆီး ဆို့ ရန် သဲ တော သို့ ချီ ထွက် သည် နှင့် ယာ ဟတ် မြို့ သို့ ရောက်၍ စစ် တိုက် သော်၊
  • 24 ဣ သ ရေ လ လူ မျိုး တို့ သည် ထား ဖြင့် လုပ် ကြံ လျက် အာ နုန် ချောင်း မှ ယ ဗ္ဗုတ် ချောင်း အ ထိ အ မ္မုန် အ မျိုး သား တို့ ခိုင် လုံ သော နယ် စပ် တိုင် အောင်၊
  • 25 ထို မင်း ပိုင် ပြည် နှင့် မြို့ ရွာ ရှိ သ မျှ ကို သိမ်း ယူ ပြီး မှ ဟေ ရှ ဘုန် မြို့ ဆိုင် ရာ ဇ န ပုဒ် များ မှ စ သော အာ မော ရိ မြို့ ရွာ ရှိ သ မျှ၌ နေ ထိုင် ကြ ၏။
  • 26 ဟေ ရှ ဘုန် မြို့ ကား၊ မော ဘ ပြည် တွင် အ ထက် အုပ် စိုး သော မင်း ကို စစ် တိုက်၍ အာ နုန် ချောင်း အ ထိ ပိုင် သော ပြည် တစ် ဝှမ်း လုံး ကို သိမ်း ယူ သူ၊ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း မြို့ တော် ဖြစ် သ တည်း။
  • 27 သို့ နှင့် အ ညီ ပြက် ရယ် တေး ဖွဲ့ ဆို သူ က ရှိ ဟုန် မင်း မြို့ တော်၊ ဟေ ရှ ဘုန် မြို့ သို့ လာ၍ ပြု ပြင် တည် ထောင် ကြ လော့။
  • 28 ရှိ ဟုန် မင်း မြို့ တော်၊ ဟေ ရှ ဘုန် မြို့ မှ ထွက် သော မီး လျှံ သည် မော ဘ ပြည်၊ အာ ရ မြို့ နှင့် တ ကွ အာ နုန် ချောင်း အ နီး တောင် စား များ ပါ ကျွမ်း လောင် လေ ပြီ။
  • 29 အို မော ဘ ပြည်၊ သင် သည် အ မင်္ဂ လာ ရှိ၏။ အို ခေ မု ရှ တ ပည့် သား တို့၊ ပျက် ပြား ကြ လေ ပြီ။ ထို ဘု ရား သည် တ ပည့် သား တို့ ကို ပြေး ရ သူ အ ဖြစ်၊ တ ပည့် သ မီး တို့ ကို သုံ့ ဘမ်း သူ အ ဖြစ် အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ထံ အပ် ရ လေ ပြီ တ ကား။
  • 30 ငါ တို့ ပစ် ခတ် ခြင်း ဖြင့် ဟေ ရှ ဘုန် ပြည် သည် ဒိ ဘုန် မြို့ အ ထိ ပျက် လေ ပြီ။ မေ ဒ ဘ မြို့ အ နီး ရှိ နော ဖာ မြို့ အ ထိ ငါ တို့ ဆိတ် ညံ့ စေ ကြ ပြီ ဟု ဖွဲ့ ဆို တတ် ကြ သ တည်း။
  • 31 ထို သို့ ဣ သ ရေ လ လူ မျိုး တို့ သည် အာ မော ရိ ပြည် တွင် နေ ထိုင် ကြ ရာ၊
  • 32 ယာ ဇာ မြို့ ကို စူး စမ်း ရန် မော ရှေ စေ လွှတ် ပြီး နောက် ဇ န ပုဒ် များ ပါ သိမ်း ယူ ၍၊ နေ ရင်း အာ မော ရိ လူ မျိုး တို့ ကို နှင် ထုတ် ကြ ပြီး လျှင်၊
  • 33 လှည့် လျက် ဗာ ရှန် ပြည် လမ်း ဖြင့် ချီ တက် ကြ သည့် ကာ လ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း သည် အ လုံး အ ရင်း ရှိ သ မျှ ပါ ဆီး ဆို့ တိုက် ခိုက် ရန် ဧ ဒြိ မြို့ သို့ ချီ ထွက် သ ဖြင့်၊
  • 34 မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ထို မင်း မှ စ၍ အ လုံး အ ရင်း နှင့် ပိုင် သော ပြည် ကို သင့် လက် တွင်း သို့ ငါ အပ် နှင်း ပြီ ဖြစ် သော ကြောင့် မ ကြောက် လင့်။ ဟေ ရှ ဘုန် မြို့ စံ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ကို ပြု သ ကဲ့ သို့ ထို မင်း ကို လည်း ပြု ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊
  • 35 ထို မင်း မှ စ သော သား တော် များ နှင့် အ လုံး အ ရင်း ရှိ သ မျှ ကို တစ် ယောက် မ ကျန် လုပ် ကြံ၍ ပြည် ကို အ ပိုင် ရ ကြ ၏။
回到本卷目录 回到本版本目录 回到首页