1
အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ လုပ် ဆောင် ရ သော ခြောက် ရက် ပတ် လုံး၊ အ တွင်း တံ တိုင်း အ ရှေ့ တံ ခါး ကို ပိတ် ထား ရ သော် လည်း၊ ဥ ပုသ် နေ့ လ ဆန်း နေ့ များ၌ ဖွင့် ရ မည်။
2
ပြည့် ရှင် မင်း သည်၊ ထို တံ ခါး အ ပြင် မုတ် ဆောင် ဖြင့် ဝင်၍၊ ပါ လာ သော မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ရ သ က္ကာ များ ကို၊ ပ ရော ဟိတ် တို့ ဆက် ကပ် ကြ စဉ်၊ တံ ခါး တိုင် အ နီး တံ ခါး ခုံ ပေါ် တွင် ရပ် လျက် ရှိ ခိုး ပြီး လျှင်၊ ထွက် သွား ရ မည်။ တံ ခါး ကို ကား၊ ညဉ့် ဦး မ တိုင် မီ မ ပိတ် ရ။
3
ပြည် သူ ပြည် သား တို့ လည်း၊ ဥ ပုသ် နေ့၊ လ ဆန်း နေ့ များ ၌ ထို တံ ခါး ပေါက် အ နီး၊ ငါ ထာ ဝ ရ ဘု ရား ရှေ့ ရှိ ခိုး ကြ ရ မည်။
4
ဥ ပုသ် နေ့၌ ထာ ဝ ရ ဘု ရား ထံ ပြည့် ရှင် မင်း တင် သွင်း ရ သော မီး ရှို့ ရာ သ က္ကာ မှာ၊ ကြန် အင် စုံ သော သိုး သား ငယ် ခြောက် ကောင်၊ သိုး ထီး တစ် ကောင်၊
5
ဘော ဇဉ် သ က္ကာ အ ဖြစ်၊ တစ် တင်း လျှင် ဆီ လေး ပိဿာ စီ ပါ၊ သိုး ထီး ဆိုင် ရာ မုန့် ညက် တစ် တင်း၊ သိုး သား ငယ် ဆိုင် ရာ၊ ထိုက် သင့် သော မုန့် ညက် များ တည်း။
6
လ ဆန်း နေ့၌ စီ မံ ရ မည့် မီး ရှို့ ရာ သ က္ကာ မှာ၊ ကြန် အင် စုံ သော နွား ပေါက် တစ် ကောင်၊ သိုး သား ငယ် ခြောက် ကောင်၊ သိုး ထီး တစ် ကောင်၊
7
ဘော ဇဉ် သ က္ကာ အ ဖြစ်၊ တစ် တင်း လျှင် ဆီ လေး ပိဿာ စီ ပါ၊ နွား ပေါက်၊ သိုး ထီး ဆိုင် ရာ မုန့် ညက် တစ် တင်း စီ၊ သိုး သား ငယ် များ ဆိုင် ရာ၊ ထိုက် သင့် သော မုန့် ညက် များ တည်း။
8
ပြည့် ရှင် မင်း တို့ ဝင် တိုင်း၊ ထို တံ ခါး မုတ် ဆောင် ဖြင့် ဝင် ထွက် ရ မည်။
9
ပြု မြဲ ပွဲ များ၌ ထာ ဝ ရ ဘု ရား ထံ တိုး ဝင် သော ပြည် သူ ပြည် သား တို့ သည်၊ မြောက် တံ ခါး ဖြင့် ရှိ ခိုး ရန် ဝင် ရောက် လျှင်၊ တောင် တံ ခါး ဖြင့်လည်း ကောင်း၊ တောင် တံ ခါး ဖြင့် ဝင် ရောက် လျှင်၊ မြောက် တံ ခါး ဖြင့်လည်း ကောင်း၊ ဝင် ရောက် ရာ တံ ခါး ဖြင့် မ ပြန် ဘဲ၊ တည့် တည့် သွား၍ ထွက် ကြ ရ မည်။
10
ပြည့် ရှင် မင်း လည်း၊ ဝင် ထွက် သူ တို့ နှင့် အ တူ ဝင် ထွက် ရ မည်။
11
အ ထက် နည်း အ တိုင်း ပူ ဇော် ပွဲ၊ ပြု မြဲ ပွဲ များ၌ ဘော ဇဉ် သ က္ကာ မှာ၊ တစ် တင်း လျှင် ဆီ လေး ပိဿာ စီ ပါ၊ နွား၊ သိုး ထီး ဆိုင် ရာ၊ မုန့် ညက် တစ် တင်း စီ၊ သိုး သား ငယ် များ ဆိုင် ရာ၊ ထိုက် သင့် သော မုန့် ညက် များ တည်း။
12
ပြည့် ရှင် မင်း သည်၊ ထာ ဝ ရ ဘု ရား အ ဖို့ မီး ရှို့ ရာ သ က္ကာ ကို သော် လည်း ကောင်း၊ မိဿ ဟာ ယ သ က္ကာ ကို သော် လည်း ကောင်း၊ စေ တ နာ အ လျောက် စီ မံ သော အ ခါ တိုင်း၊ အ ရှေ့ တံ ခါး ဖွင့် ပြီး မှ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ရ သ က္ကာ များ ကို၊ ဥ ပုသ် နေ့ ထုံး နည်း အ လိုက် စီ မံ၍ ထွက် သွား စေ၊ ထွက် လျှင် ထွက် ချင်း၊ တံ ခါး ကို ပိတ် ရ မည်။
13
မီး ရှို့ ရာ သ က္ကာ အ ဖြစ်၊ ကြန် အင် စုံ လျက်၊ အ ခါ လည် သော သိုး သား ငယ် တစ် နေ့ တစ် ကောင် ကျ၊
14
နံ နက် တိုင်း ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် လျက် အ စဉ် အ ထုံး အ ဖွဲ့ အ တိုင်း၊ ထာ ဝ ရ ဘု ရား ထံ ဆက် မြဲ ဘော ဇဉ် သ က္ကာ အ ဖြစ်၊ ဆီ တစ် ပိဿာ ရော သော မုန့် ညက် သုံး ပြည် ကို ဆက် ကပ် ကြ စေ၊
15
ဆက် မြဲ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး သား ငယ် ကို၊ ဆီ ပါ သော ဘော ဇဉ် သ က္ကာ နှင့် တ ကွ၊ နံ နက် တိုင်း ဆက် ကပ် ကြ စေ ဟု မိန့် တော် မူ ၏။
16
အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ပြည့် ရှင် မင်း သည် သား တော် တစ် ယောက် ယောက် အား၊ အ ရာ တော် မှ ပေး လျှင်၊ သား တော် ပိုင် ထိုက် ရာ ဖြစ် သည့် အ လျောက်၊ အ မြဲ ပိုင် စေ။
17
ကျေး ကျွန် သင်း ပင်း တစ် ယောက် ယောက် အား ပေး မူ ကား၊ လွတ် ခွင့် စည်း ကမ်း သတ် နှစ် တိုင် အောင် ပိုင် စေ ပြီး မှ၊ ပြည့် ရှင် မင်း ပြန် သိမ်း စေ၊ အ ရာ တော် ကား၊ သား တော် တို့ ပိုင် ရာ တည်း။
18
ထို နည်း တူ ပြည့် ရှင် မင်း သည်၊ ငါ့ လူ မျိုး တော် ကို အ သီး အ သီး တို့ ပိုင် မြေ မှ မ ကွာ စေ ခြင်း ငှာ၊ ထို ပိုင် မြေ ကို မောင်း နှင် သိမ်း ယူ မှု မ ပြု ဘဲ၊ အ ရာ တော် မှ သား တော် တို့ အား၊ အ ပိုင် ပေး ရ မည် ဟု မိန့် တော် မူ ၏။
19
ထို့ နောက် တံ ခါး အ နီး ရှိ သော ဝင် ပေါက် ဖြင့် ပ ရော ဟိတ် တို့ သန့် ရှင်း ရာ မြောက် အ ခန်း စဉ် သို့ ငါ့ ကို ခေါ် သွား သော်၊ အ ခန်း စဉ် အ နောက် ကျော ဘက်၌ ဇ န ပုဒ် တစ် ခု ကို ပြ ပြီး လျှင်၊
20
ဤ ကား၊ လူ ပ ရိ သတ် သီး သန့် ရာ ရောက် မည် ကို စိုး၍၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ ကို၊ အ ပြင် တံ တိုင်း သို့ မ ထုတ် ဘဲ ပြုတ် ခြင်း၊ ဘော ဇဉ် သ က္ကာ ပေါင်း ခြင်း ကို၊ ပ ရော ဟိတ် တို့ ပြု ရ သော ဇ န ပုဒ် တည်း ဟု ဆို ပြီး နောက်၊
21
အ ပြင် တံ တိုင်း တွင်း သို့ ခေါ် သွား ၍၊ ထို တံ တိုင်း လေး ထောင့် ကို လျှောက် သွား စေ သော်၊ ထောင့် တိုင်း ၌ တစ် ကွက် စီ ကာ ရံ ထား သည် ကို လည်း ကောင်း၊
22
အ လျား အ တောင် လေး ဆယ်၊ အ နံ သုံး ဆယ် ကျယ် ညီ မျှ သော၊
23
ထို လေး ထောင့် ရှိ အ ကွက် တိုင်း ဝင် ဘက် ပတ် လည်၌ ကျောက် အ ဆင့် အောက်၊ မီး ဖို များ ရှိ သည် ကို လည်း ကောင်း၊ ပြ ပြီး လျှင်၊ ဤ ကား၊
24
လူ ပ ရိ သတ် ပူ ဇော် သ က္ကာ များ ကို၊ ဗိ မာန် တော် ကံ ကျွေး တို့ ချက် ပြုတ် ကြ ရ သော မီး ဖို များ တည်း ဟု ဆို ၏။