1
ထို့ နောက်၊ မြောက် ဘက် အ ပြင် တံ တိုင်း သို့ ငါ့ ကို ခေါ် ဆောင် ပြီး လျှင်၊ မ ဟာ ရံ နှင့် မြောက် တံ တိုင်း ရိုး ကြား တွင် လည်း ကောင်း၊ အ တွင်း တံ တိုင်း ရှိ အ တောင် နှစ် ဆယ် ကျယ် ရာ ကွက် လပ် နှင့် အ ပြင် တံ တိုင်း ကျောက် သ မံ တ လင်း ကြား တွင် လည်း ကောင်း၊ မြောက် တံ ခါး များ ရှိ လျက်၊ အ လျား အ တောင် တစ် ရာ၊ အ နံ အ တောင် ငါး ဆယ် ရှိ သော၊ တ တိ ယ အ ဆင့်၌၊ မျက် နှာ ချင်း ဆိုင် စင်္ကြံ များ နှင့် ပြည့် စုံ သည့် အ ခန်း စဉ် ရှေ့ သို့၊ ငါ့ ကို ခေါ် သွား လေ ၏။
2
3
4
မြောက် တံ ခါး များ ရှိ သော ထို အ ခန်း စဉ် ရှေ့၊ အ တွင်း တံ တိုင်း သို့ ဝင် ရန်၊ အ လျား အ တောင် တစ် ရာ၊ အ နံ ဆယ် တောင် ကျယ် လမ်း ရှိ၏။
5
အ ဆင့် သုံး ထပ် ရှိ သော ထို တိုက်၌၊ တံ တိုင်း များ ကဲ့ သို့၊ တိုင် များ မ ရှိ သည့် အ တွက်၊ စင်္ကြံ များ ကြောင့် ဆုတ် ရ သော အ ထက် ခန်း များ သည်၊ အောက် ခန်း၊ အ လယ် ခန်း များ ထက် ကျဉ်း လျက် ရှိ၏။
6
7
ထို အ ခန်း စဉ် နှင့် မျက် နှာ ချင်း ဆိုင်၍၊ အ ပြင် တံ တိုင်း သို့ လှည့် သော အ ခန်း စဉ် ကပ် သည့် တံ တိုင်း ရိုး အ လျား သည်၊ အ ပြင် တံ တိုင်း သို့ လှည့် သော ထို အ ခန်း စဉ် နှင့် အ မျှ အ တောင် ငါး ဆယ် ရှိ၏။ ဗိ မာန် တော် အ လျား ကား၊ အ တောင် တစ် ရာ တည်း။
8
9
အောက် အ ပြင် တံ တိုင်း မှ ဝင် သော်၊ ထို အ ခန်း စဉ် အ ရှေ့ ဘက် တံ တိုင်း ရိုး၌၊ ဝင် ပေါက် ရှိ၏။ တောင် ဘက် မ ဟာ ရံ နှင့်၊ တံ တိုင်း ရိုး ကြား တွင် လည်း၊ အ ခန်း စဉ် ရှိ သေး၏။
10
11
ထို အ ခန်း စဉ် သည်၊ မြောက် ဘက် အ ခန်း စဉ် နှင့် အ မျှ အ နံ အ လျား ချင်း၊ ဝင် ပေါက် ထွက် ပေါက် ချင်း၊ အ စီ အ ရင် ချင်း တူ လျက်၊ ရှေ့ တွင် လည်း လမ်း ရှိ ၏။
12
တောင် ဘက် အ ခန်း စဉ် တံ ခါး များ သည်၊ အ ထက် အ ခန်း စဉ် တံ ခါး များ နှင့် တူ သည့် ပြင်၊ ဝင် ရ သော်၊ လမ်း ဦး အ နီး အ ရှေ့ ဘက် ကပ် သော၊ တံ တိုင်း ရိုး၌ ဝင် ပေါက် ရှိ ၏။
13
ထို အ ခါ သူ က၊ မြောက် မ ဟာ ရံ၊ တောင် မ ဟာ ရံ၊ ရှေ့ တွင် ရှိ သော၊ အ ခန်း စဉ် များ ကား၊ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် ရ သူ ပ ရော ဟိတ် တို့ သည်၊ အ ထူး သီး သန့် ရာ များ ကို၊ ဘုန်း ပေး ခွင့် ရ သော၊ သန့် ရှင်း ရာ အ ခန်း စဉ် ဖြစ်၏။ သန့် ရှင်း သော ထို ဌာ န ၌၊ ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ဖြေ ရာ သ က္ကာ မှ စ၍၊ အ ထူး သီး သန့် ရာ များ ကို သို ထား ကြ ရ မည်။
14
သန့် ရှင်း ရာ ဌာ န သို့ ဝင် သော ပ ရော ဟိတ် တို့ သည်၊ အ မှု တော် ဆောင် ရွက် ရာ တွင်၊ ဆင် ယင် အပ် သော၊ သန့် ရှင်း သော သင်္ကန်း စုံ ကို ထို ဌာ န၌ ထား ၍၊ အ ဝတ် လဲ ပြီး မှ လူ ပ ရိ သတ် ဆိုင် ရာ အ ပြင် တံ တိုင်း သို့၊ ထွက် သွား ကြ ရ မည် ဟု ငါ့ အား ဆို လေ၏။
15
အ တွင်း ဌာ န တော် ကို အ ဆုံး သတ် တိုင်း ပြီး လျှင်၊ အ ရှေ့ တံ ခါး ဖြင့် ငါ့ ကို ထွက် စေ လျက်၊ ပတ် လည် တစ် လျှောက် တိုင်း သော်၊
16
တာ ဝါး နှင့် အ ရှေ့ ဘက် တစ် လျှောက် ကို အ တောင် ငါး ရာ၊
17
မြောက် ဘက် တစ် လျှောက် ကို အ တောင် ငါး ရာ၊
18
တောင် ဘက် ကို အ တောင် ငါး ရာ၊ တိုင်း ပြီး မှ၊
19
အ နောက် ဘက် သို့ လှည့် သွား၍ တာ ဝါး ဖြင့် အ တောင် ငါး ရာ တိုင်း၏။
20
သန့် ရာ၊ မ သန့် ရာ ပိုင်း ခြား သော တံ တိုင်း ရိုး လေး မျက် နှာ ကို ထို သို့ အ တောင် ငါး ရာ စီ တိုင်း၏။