1
အ ချင်း လူ သား တွေ့ မြင် သော ဤ စာ လိပ် ကို စား၍၊ ဣ သ ရေ လ အ မျိုး သား တို့ အား သွား ရောက် ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊
2
နှုတ် ဖွင့် သော ငါ့ အား၊ စာ လိပ် ကို ခွံ့ တော် မူ လျက်၊
3
အ ချင်း လူ့ သား၊ ငါ ကျွေး သော ဤ စာ လိပ် ကို ဝမ်း ပြည့် အောင် စား မျို လော့ ဟု မိန့် တော် မူ သော်၊ ငါ စား ၍ ခံ တွင်း ၌ ပျား ရည် ကဲ့ သို့ ချို ၏။
4
တစ် ဖန် မိန့် တော် မူ သည် ကား အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အား ငါ့ ဗျာ ဒိတ် ချက် များ ကို သွား၍ ဆင့် ဆို လော့။
5
နက် သော အ သံ၊ ခက် သော စ ကား ကို သုံး သော လူ မျိုး အား၊ ငါ စေ လွှတ် သည် မ ဟုတ်။ ဣ သ ရေ လ အ မျိုး သား တို့ အား၊ ငါ စေ လွှတ်၏။
6
မ ကြား လောက် အောင် နက် သော အ သံ၊ ခက် သော စ ကား ကို သုံး သော လူ မျိုး တို့ အား အ ကယ်၍ ငါ စေ လွှတ် လျှင်၊ မု ချ နား ထောင် ကြ လိမ့် မည်။
7
ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကား၊ ခဲ ယဉ်း သော စိတ်၊ ပြောင် တောင် သော န ဖူး ရှိ သည့် အ တိုင်း ဗျာ ဒိတ် တော် ချက် ကို နား ထောင် ရန် အ လို မ ရှိ သည့် အ လျောက်၊ သင် ဆင့် ဆို ချက် ကို လည်း နား မ ထောင် လို ဘဲ နေ ကြ လိမ့် မည်။
8
သင်၏ မျက် နှာ ကို ချင်း တို့ မျက် နှာ နှင့် အ မျှ၊ သင်၏ န ဖူး ကို လည်း ချင်း တို့ န ဖူး နှင့် အ မျှ ငါ ပြောင် တောင် စေ ပြီ။
9
သင်၏ န ဖူး ကို မီး ခတ် ကျောက် ထက် မာ သော စိန် ကျောက် သ ဖွယ် ငါ ဖြစ် စေ သ ဖြင့်၊ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး ကြောင့် ကြောက် ရွံ့ ခြင်း၊ မျက် နှာ ထား ကြောင့် တုန် လှုပ် ခြင်း ကင်း လျက် နေ လော့ ဟူ၍ လည်း ကောင်း၊
10
အ ချင်း လူ့ သား ငါ့ မိန့် သ မျှ သော အ ချက် များ ကို နား ထောင် ခြင်း၊ နှ လုံး သွင်း ခြင်း ပြု လျက်၊
11
သိမ်း သွား ခံ ရ သော လူ မျိုး သား ချင်း တို့ အား၊ နား ထောင် ကြ သည် ဖြစ် စေ၊ နား မ ထောင် ကြ သည် ဖြစ် စေ၊ အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု၊ သွား ရောက် ကြား ပြော ဆင့် ဆို လော့ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ၏။
12
ထို အ ခါ ဝိ ညာဉ် တော် သည် ငါ့ ကို ချီ မ သော်၊ စံ ရာ တော် မှ ထွက် သော ထာ ဝ ရ ဘု ရား၏ ဘုန်း တော် သည်၊ မင်္ဂ လာ ရှိ ပါ စေ သော ဟု ငါ့ နောက်၌ ပြင်း ထန် သော တုန် လှုပ် သံ ကို လည်း ကောင်း၊
13
အ ချင်း ချင်း ယှက် သော သ တ္တ ဝါ တို့ အ တောင် ခတ် သံ၊ အ နီး ရှိ စက် များ၏ လည် သံ နှင့် ပြင်း ထန် သော တုန် လှုပ် သံ များ ကို လည်း ကောင်း၊ ငါ ကြား ရ ၏။
14
ဝိ ညာဉ် တော် ချီ မ ဆောင် သွား ရာ၊ နစ် နာ ပူ ပန် ခြင်း စိတ် ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား၏ လက် တော် ကိုင် ဆွဲ သ ဖြင့် လိုက် သွား လျက်၊
15
ခေ ဗာ မြစ် အ နီး တေ လ ဗိ ဗ မြို့ ရှိ၊ သိမ်း သွား ခံ ရ သူ တို့ နေ ရာ သို့ ရောက် ပြီး လျှင်၊ ခု နစ် ရက် တိုင် တိုင် အံ့ အား သင့် လျက်၊ သူ တို့ နှင့် အ တူ ထိုင် နေ ၏။
16
ခု နစ် ရက် လွန် ပြီး မှ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊
17
အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့၊ သင့် ကို ကင်း စောင့် သ ဖွယ် ငါ ထား ပြီ ဖြစ်၍၊ နှုတ် မြွက် သော ဗျာ ဒိတ် တော် ကို နာ ခံ လျက်၊ ထို သူ တို့ အား ဆုံး မ လော့။
18
လူ ဆိုး အား၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု ငါ မိန့် ဆို ရာ၌၊ သင် သည် ထို လူ ဆိုး ကို အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် ရန်၊ အ ဆုံး အ မ စ ကား ဖြင့် သ တိ မ ပေး လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် ထို လူ ဆိုး သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား သင့် ထံ ငါ တောင်း ဆို မည်။
19
သင် သ တိ ပေး သော လူ ဆိုး သည်၊ မ ကောင်း မှု နှင့် ဆိုး သွမ်း သော အ လေ့ အ လာ မှ မ ကြဉ် ရှောင် လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သေ ဒဏ် ခံ ရ လျက် ပင် သင် မူ ကား၊ ကိုယ့် အ သက် ကို ကယ် လေ ပြီ။
20
သူ တော် ကောင်း သည် ကိုယ့် ကောင်း မှု မှဖောက် ပြန်၍၊ မ တ ရား ပြု မိ သ ဖြင့်၊ ခ လုတ် ကို ငါ ထား သည့် အ လျောက် သေ ဒဏ် ခံ သော်၊ သင် ဆုံး မ ပြီ မ ဟုတ် က၊ ပြု ဖူး သော ကောင်း မှု များ ကို အ ရေး ယူ တော် မူ ခွင့် မ ရ ဘဲ၊ ကိုယ့် အ ပြစ် ကြောင့် သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား၊ သင့် ထံ ငါ တောင်း ဆို မည်။
21
သူ တော် ကောင်း မ ပြစ် မှား ရ ဟု၊ သင် သ တိ ပေး သည့် အ တိုင်း၊ မ ပြစ် မှား ဘဲ နေ လျှင်၊ သ တိ မူ သည့် အ တွက် မု ချ အ သက် ချမ်း သာ ရ လိမ့် မည်။ သင် လည်း ကိုယ့် အ သက် ကို ကယ် လေ ပြီ ဟု မိန့် တော် မူ ၏။
22
ထို အ ရပ်၌ ငါ့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ လက် တော် သည် နေ ရာ၊ မြေ ပြင် သို့ ထ သွား လော့။ သင့် အား၊ ငါ မြွက် ဆို မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊
23
မြေ ပြင် သို့ ငါ ထ သွား ပြီး လျှင်၊ ခေ ဗာ မြစ် အ နီး ငါ ဖူး မြင် ခဲ့ သော ဘုန်း ဂုဏ် တော် နည်း တူ၊ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် တည် သည် ကို ငါ မြင် ရ သ ဖြင့်၊ ပျပ် ဝပ် လျက် နေ ရာ၊
24
ဝိ ညာဉ် တော် သည် ငါ့ အ တွင်း သို့ ဝင် ရောက်၍ ခြေ စုံ ရပ် စေ ပြီး လျှင်၊ မိန့် တော် မူ သည် ကား အိမ် သို့ သွား၍ မ ထွက် ဘဲ နေ လော့။
25
အ ချင်း လူ့ သား၊ သင် သည် ကြိုး များ ဖြင့် ချည် နှောင် ခြင်း ခံ လျက်၊ ဝင် ထွက် ခွင့် မ ရ ဘဲ နေ ရ မည်။
26
ငါ လည်း သင့် အာ ခေါင် ၌ လျှာ ကို ကပ် စေ၍၊ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး တို့ အား၊ မ ပဲ့ ပြင် ဘဲ ဆိတ် ဆိတ် နေ လော့။
27
ငါ မိန့် မြွက် ပြန် သော် ကား ပြော ဆို ခွင့် ရ သည့် အ တိုင်း၊ သင် က အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု ဆင့် ဆို ရ မည်။ နား ထောင် သူ သည် နား ထောင် စေ။ ပုန် ကန် လေ့ ရှိ သော လူ မျိုး ဖြစ် သည့် အ လျောက်၊ နား မ ထောင် သူ သည် နား မ ထောင် ဘဲ နေ စေ။