1
ရန် သူ တော် တို့ သည် နာ မ တော် ကို သိ ရ၍၊ လူ မျိုး ခြား တို့ လည်း မျက် မှောက် တော် တွင် တုန် လှုပ် ကြ စေ ခြင်း ငှာ၊ စွဲ လောင် သော ထင်း မီး ဖြင့် ရေ ဆူ ပွက် သည့် နည်း တူ မိုး ကောင်း ကင် ကို ဖွင့် လှစ် ပြီး လျှင် ဆင်း သက်၍၊ မျက် မှောက် တော် တွင် တောင် များ လှုပ် ရှား ပါ စေ သော။
2
3
အ ကျွန်ုပ် တို့ မ စောင့် မ မြော် ကြ သော ကြောက် မက် ဖွယ် ရာ များ ကို စီ ရင် သည့် ကာ လ၊ ကိုယ် တော် ဆင်း သက် စဉ်၊ မျက် မှောက် တော် တွင် တောင် များ လှုပ် ရှား ပါ ၏။
4
ကိုယ် တော် ကို စောင့် စား သူ တို့ အား၊ ကိုယ် တော် မှ တစ် ပါး၊ ကျေး ဇူး ပြု တော် မူ သော ဘု ရား ကို၊ ရှေး ကာ လ က ပင် မည် သူ မျှ မ ကြား မ သိ ဘူး ပါ။ နား ဖြင့် မ ကြား၊ မျက် စိ ဖြင့် လည်း မ မြင် ဘူး ပါ။
5
နည်း လမ်း တော် များ ၌ ကိုယ် တော် ကို သ တိ ရ လျက်၊ ဖြောင့် မတ် သော အ ကျင့် ကို ရွှင် လန်း စွာ ပြု ကျင့် သူ တို့ အား စိတ် နှင့် တွေ့ တော် မူ ၏။ အ မျက် ထား တော် မူ သော် အ ပြစ် ဒု စ ရိုက် ပြု မြဲ ပြု သော အ ကျွန်ုပ် တို့ သည်၊ ကယ် တင် ခြင်း သို့ ရောက် ကြ ပါ မည် လော။
6
အ ကျွန်ုပ် တို့ ရှိ သ မျှ သည် မ သန့် ရာ သို့ ရောက် လျက်၊ ခပ် သိမ်း သော ကောင်း မှု များ လည်း ညစ် ပေ သော အ ဝတ် နှင့် တူ၏။ အ ကျွန်ုပ် တို့ ရှိ သ မျှ သည် သစ် ရွက် ကဲ့ သို့ ညှိုး နွမ်း လျက်၊ ကိုယ့် ပြစ် မှု များ ပင်၊ လေ ကဲ့ သို့ တိုက် သွား တတ် ၏။
7
မျက် နှာ တော် လွှဲ လျက် ဒု စ ရိုက် တန် ခိုး လက် အောက် သို့၊ အ ကျွန်ုပ် တို့ ကို အပ် လိုက် တော် မူ ပြီး ဖြစ်၍၊ နာ မ တော် အား ပ ဌ နာ ပြု သူ၊ ကိုယ် တော်၌ မှီ ဝဲ ရန် စိတ် ကို ဆော် သူ တစ် ဦး မျှ မ ရှိ ချေ။
8
သို့ ရာ တွင် အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ အ ဖ ဖြစ် တော် မူ ပါ ၏။ အ ကျွန်ုပ် တို့ သည် မြေ စေး၊ ကိုယ် တော် ကား အိုး ထိန်း ဖြစ် သည် နှင့် အ ညီ၊ အ ကျွန်ုပ် တို့ ရှိ သ မျှ၊ လက် မှု တော် ဖြစ် ကြ ပါ၏။
9
အို ထာ ဝ ရ ဘု ရား၊ ပြင်း စွာ အ မျက် ထား တော် မ မူ ပါ နှင့်။ ဒု စ ရိုက် ကို လည်း အ စဉ် မှတ် တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် တို့ ရှိ သ မျှ၊ လူ မျိုး တော် ဖြစ် ကြောင်း ကို ထောက် ရှု တော် မူ ပါ။
10
ဇိ အုန် မြို့ မှ စ၍ သန့် ရှင်း သော မြို့ များ သည် တော ဖြစ် သည့် ပြင်၊ ယေ ရု ရှ လင် မြို့ လည်း ဆိတ် ညံ ရာ ဖြစ် လေ ပြီ။
11
ဘိုး ဘေး တို့ ထော မ နာ ပြု ရာ သန့် ရှင်း တင့် တယ် သော၊ အ ကျွန်ုပ် တို့ ဗိ မာန် သည်၊ မီး ကျွမ်း လောင် သည့် ပြင်၊ နှစ် သက် ဖွယ် အ ရပ် ရှိ သ မျှ လည်း၊ မြို့ ဆိုး ကုန်း ဖြစ် ရှာ လေ စွ။
12
အို ထာ ဝ ရ ဘု ရား၊ ဤ အ ဖြစ် အ ပျက် များ ကို သည်း ခံ တော် မူ ဦး မည် လော။ အ ကျွန်ုပ် တို့ ကို အ ပြင်း အ ထန် ညှဉ်း ဆဲ လျက်၊ တိတ် ဆိတ် စွာ နေ တော် မူ ဦး မည် လော။