1
ထာ ဝ ရ ဘု ရား သည် မ ကယ် နိုင် အောင် လက် ရုံး တော် တို သည် မ ဟုတ်။ မ ကြား နိုင် အောင် နား တော် ထိုင်း သည် မ ဟုတ် ချေ။
2
ကြား တော် မ မူ စေ သော အ ကြောင်း ကား၊ သင် တို့ ဒု စ ရိုက် များ သည်၊ သင် တို့ နှင့် သင် တို့ ဘု ရား သ ခင် ကြား တွင် ခွဲ ခြား လျက်၊ ပြစ် မှု များ လည်း၊ မျက် နှာ တော် ကို လွှဲ ကွယ် စေ သော အ ကြောင်း တည်း။
3
လက် များ သည် သွေး သွန်း မှု နှင့် လည်း ကောင်း၊ လက် ချောင်း များ လည်း ဒု စ ရိုက် နှင့် လည်း ကောင်း၊ စွန်း ကွက် လျက်၊ နှုတ် ခမ်း ဖြင့် မု သာ သုံး ခြင်း၊ လျှာ ဖြင့် လိမ် လည် ခြင်း များ ကို ပြု တတ် ကြ ၏။
4
အ လ ဟဿ၌ စိတ် ချ လျက် မု သာ သုံး သည့် ပြင်၊ မ ကောင်း သော အ ကြံ ကို သ န္ဓေ ကို ယူ လျက်၊ ဒု စ ရိုက် ကို ဖွား မြင် တတ် သည့် အ လျောက်၊ တ ရား အ တိုင်း မည် သူ မျှ မ စွဲ မ ဆို၊ သ စ္စာ အ တိုင်း မ လဲ မ လျှောက် ချေ။
5
သူ တို့ သည် မြွေ ဟောက် ဥ များ မှ သား ဖောက် ခြင်း၊ ပင့် ကူ အိမ် များ ကို ရက် ခြင်း၊ ပြု ကြ သည် နှင့် ၎င်း ဥ များ ကို စား မိ သူ သည် သေ ရ လျက် ခြေ နင်း မိ လျှင် မြွေ ဆိုး ပေါက် တတ်၏။
6
၎င်း ပင့် ကူ အိမ် များ သည် အ ထည် မ ဖြစ်၊ လက် မှု များ ဖြင့် လွှမ်း ခြုံ ခွင့် မ ရ။ ထို အ မှု များ သည် မ တ ရား သော အ မှု ဖြစ် သည့် အ လျောက်၊ ကြမ်း ကြုတ် ခြင်း အ မှု ကို လက် သုံး ပြု တတ်၏။
7
သူ တို့ ခြေ များ သည် အ ဆိုး သို့ ပြေး လိုက်၍ အ ပြစ် ကင်း သူ တို့ အ သွေး ကို သွန်း ရန် လျင် မြန်၏။ သူ တို့၏ အ ကြံ အ စည် များ သည်၊ မ တ ရား သော အ ကြံ အ စည် ဖြစ် လျက်၊ လိုက် သော လမ်း တွင် ဆိတ် ညံ ပျက် စီး ရာ ကို ထား ခဲ့ လေ့ ရှိ ကြ ၏။
8
ချမ်း သာ ရာ လမ်း ကို မ သိ ကြ။ သွား လေ ရာ ရာ၌ တ ရား မ ကပ်။ ကွေ့ ကောက် သော ဖြတ် လမ်း များ ကို ပြု လုပ် ကြ သည် ဖြစ်၍ လိုက် မိ သော သူ တိုင်း ချမ်း သာ နှင့် အ ကျွမ်း မ ဝင်။
9
သို့ နှင့် အ ညီ တ ရား စောင့် ခြင်း သည် ငါ တို့ နှင့် ကင်း ဝေး လျက်၊ ဖြောင့် မတ် ခြင်း လည်း ထက် ကြပ် မ ပါ၊ အ လင်း ကို စောင့် မြော် ကြ ရာ မှောင် ကျ၏။ ထွန်း တောက် ခြင်း ကို စောင့် မြော် ကြ ရာ၊ အ မိုက် တိုက် တွင် သွား လာ ရ ကြ လေ စွ။
10
စ က္ခု မဲ့ လျက် မျက် မ မြင် တို့ ကဲ့ သို့ နံ ရံ ကို စမ်း စမ်း သွား ရ ကြ ၏။ ဆည်း ဆာ အ ချိန် ကဲ့ သို့ မွန်း တည့် အ ချိန် ၌ တိုက် လဲ သ ဖြင့်၊ သန် စွမ်း လျက် ပင်၊ အ လောင်း ကဲ့ သို့ ဖြစ် ကြ လေ စွ။
11
ငါ တို့ ရှိ သ မျှ သည် ဝက် ဝံ ကဲ့ သို့ မြည် လျက်၊ ချိုး ကဲ့ သို့ ညည်း တွား စွာ ကူ ရ ကြ၏။ စောင့် မြော် ကြ သော တ ရား အောင် မြင် ခြင်း နှင့် ကယ် တင် ခြင်း များ သည်၊ ကင်း ဝေး ပ ပျောက် လေ စွ တ ကား။
12
ထာ ဝ ရ ဘု ရား ကို လွန် ကျူး ငြင်း ပယ် ခြင်း၊ ငါ တို့၏ ဘု ရား သ ခင် မှ ဆုတ် ခွာ ခြင်း၊ နှိပ် စက် ပုန် ကန် စ ကား သုံး ခြင်း၊ မု သာ စ ကား ကို စိတ် နှ လုံး က ကြံ စည် ပြော ဆို ခြင်း များ ကို ပြု ရာ တွင်၊ ငါ တို့ လွန် ကျူး မှု များ သည် ရှေ့ တော် တွင် များ ပြား လျက်၊ ပြစ် မှု များ လည်း ငါ တို့ တစ် ဘက်၌ သက် သေ ခံ၏။ ငါ တို့ လွန် ကျူး မှု များ သည် ဒိ ဋ္ဌ ရှိ လျက်၊ ကိုယ့် ဒု စ ရိုက် များ ကို သိ မှတ် ကြ ပါ၏။
13
14
သ စ္စာ သည် ရုံး ပြင် တွင် ပြို လဲ လျက်၊ ဖြောင့် မှန် ခြင်း လည်း မ ဝင် နိုင် သည် ဖြစ်၍၊ တ ရား သ ဖြင့် စီ ရင် ခြင်း သည် ဆုတ် သွား ရ သည့် ပြင်၊ ဖြောင့် မတ် ခြင်း လည်း ဝေး စွာ တည် နေ ရ၏။
15
မု ချ အား ဖြင့် သ စ္စာ ပြတ် စဲ၍၊ ဒု စ ရိုက် ကြဉ် သူ သည် အ လု အ ယက် ခံ ရ လေ စွ။ ထာ ဝ ရ ဘု ရား ထောက် ရှု သော်၊ တ ရား သ ဖြင့် စီ ရင် ခြင်း မ ရှိ သည့် အ တွက် သာ ယာ တော် မ မူ၊
16
ဖျန် ဖြေ သူ တစ် ဦး တစ် ယောက် မျှ မ ရှိ ကြောင်း ကို ရှု မြင်၍ အံ့ ဩ တော် မူ ရာ၊ လက် ရုံး တော် သည် ကယ် တင် ခြင်း အ မှု ကို စီ ရင် လျက်၊ ဖြောင့် မတ် တော် မူ ခြင်း လည်း ကိုယ် တော် ကို ထောက် မ လေ ၏။
17
ကိုယ် တော် သည် သံ ချပ် သ ဖွယ် ဖြောင့် မတ် ခြင်း ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း မောက် ရူ ကို ဆောင် လျက်၊ မျဉ်း ရှည် သ ဖွယ် လက် စား ချေ ခြင်း ကို ဝတ် လျက်၊ မျဉ်း တို သ ဖွယ် စေ တ နာ ထက် သန် ခြင်း ကို ရုံ တော် မူ၏။
18
ရန် ဘက် တို့ အား အ မျက် ကို လည်း ကောင်း၊ ရန် သူ တို့ အား လက် စား ချေ ခြင်း ကို လည်း ကောင်း၊ ချင်း တို့ စ ရိုက် အ လိုက် ဆပ် ပေး တော် မူ လျက်၊ ကျွန်း ကြီး ကျွန်း ငယ် တို့ အား ဆပ် ပေး တော် မူ လိမ့် မည်။
19
သို့ ဖြစ်၍ နေ ဝင် ရာ အ ရပ် သား တို့ နှင့် နေ ထွက် ရာ အ ရပ် သား တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော်၊ ဘုန်း တော် ကို ခန့် ညား ကြ လိမ့် မည်။ ထို ဘုန်း တော် သည် ထာ ဝ ရ ဘု ရား လေ တော် မှုတ် တိုက် သ ဖြင့်၊ တစ် ဟုန် တည်း စီး စင်း သော မြစ် ရေ ကဲ့ သို့ ဝင် ရောက် လိမ့် မည်။
20
ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း၊ ရွေး နုတ် သော အ ရှင် သည် ဇိ အုန် မြို့ သို့လည်း ကောင်း၊ ယာ ကုပ် အ မျိုး သား တို့ အ နက်၊ လွန် ကျူး ခြင်း မှ လွှဲ သူ တို့ ထံ သို့ လည်း ကောင်း၊ ကြွ လာ တော် မူ လိမ့် မည်။
21
ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။