1
သင့် အ လင်း သည် ဝင် ရောက်၍ သင့် အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထွန်း လင်း ပြီး ဖြစ် သော ကြောင့်၊ ထ ၍ ထွန်း တောက် လော့။
2
မှောင် မိုက် သည် မြေ ပ ထ ဝီ ကို လည်း ကောင်း၊ အ မိုက် တိုက် လည်း လူ အ မျိုး မျိုး တို့ ကို လည်း ကောင်း၊ ဖုံး အုပ် သော် လည်း၊ သင့် အ ပေါ် သို့ ထာ ဝ ရ ဘု ရား ထွန်း လင်း ၍ ဘုန်း တော် ထင် ရှား သ ဖြင့်၊
3
လူ မျိုး ခြား တို့ သည် သင့် အ လင်း သို့ လည်း ကောင်း၊ ဘု ရင် တို့ လည်း သင့် ပြောင် လက် ထွန်း တောက် ခြင်း သို့ လည်း ကောင်း၊ လာ ရောက် ကြ လိမ့် မည်။
4
စု ရုံး ဝင် ရောက် သ မျှ ကို ပတ် လည် မော် ကြည့် လော့။ သင့် သ တို့ သား များ သည် အ ဝေး က ရောက်၍ သ တို့ သ မီး များ လည်း ခါး တစ် ချီ လျက် လာ ကြ ပြီ တ ကား။
5
သ မု ဒ္ဒ ရာ၌ ကြွယ် ဝ ပြည့် စုံ သ မျှ သည် သင့် ထံ လှည့် ဝင်၍၊ လူ မျိုး ခြား တို့၏ စည်း စိမ် လည်း ရောက် လာ သည် ကို၊ သင် မြင် ရ သည့် အ လျောက်၊ ကြည် ကြည် ရွှင် ရွှင် ရှိ လျက်၊ နှ လုံး တုန် လှုပ် ဝမ်း မြောက် လိမ့် မည်။
6
မိ ဒျန်၊ ဧ ဖာ လူ မျိုး တို့၏ ကု လား အုပ် ကြီး ငယ် အ စု စု တို့ နှင့် ရှေ ဘ ပြည် မှ ဝင် လာ သ မျှ တို့ သည်၊ သင့် နေ ပြည် ပြည့် နှက် သည့် တိုင် အောင်၊ ရွှေ နှင့် လော ဗန် ကို တင် ဆောင် လျက်၊ ထာ ဝ ရ ဘု ရား ချီး မွမ်း ဖွယ် သော အ မှု တော် များ ကို၊ ဝမ်း မြောက် စွာ ကြော် ငြာ ကြ လိမ့် မည်။
7
ကေ ဒါ ပြည် ရှိ သိုး ဆိတ် အ ပေါင်း တို့ သည် သင့် ထံ စု ရ လျက်၊ နာ ဗ ယုတ် ပြည် ရှိ သိုး ထီး တို့ လည်း သင် ဝတ် ပြု ရန် အ ဖြစ် ဖြင့် ပူ ဇော် ရာ ပ လ္လင် တော် ထက် လက် ခံ ဖွယ် ရောက် လာ သည့် ပြင်၊ ငါ့ ကျက် သ ရေ ဗိ မာန် တော် ကို ဂုဏ် ရောက် စေ လိမ့် မည်။
8
မိုး တိမ် သ ဖွယ် လည်း ကောင်း၊ ကိုယ့် သိုက် မြုံ ပေါက် သို့ ချိုး အုပ် သ ဖွယ် လည်း ကောင်း၊ ပျံ ဝင် သော ဤ သူ တို့ ကား မည် သူ နည်း။
9
အ ကယ် စင် စစ်၊ တာ ရှူ သင်္ဘော များ အ ဦး လွှင့် လျက်၊ ကျွန်း ကြီး ကျွန်း ငယ် တို့ သည်၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နာမ တော် ကြောင့် လည်း ကောင်း၊ သင့် ကို ဂုဏ် ရောက် စေ သော ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကြောင့် လည်း ကောင်း၊ သင့် သ တို့ သား သ မီး တို့ ကို ရွှေ ငွေ များ ပါ၊ အ ဝေး က ဆောင် ခဲ့ ရန်၊ ငါ့ ကို တောင့် တ လျက် နေ ကြ ၏။
10
နိုင် ငံ ခြား သား တို့ သည် သင့် မြို့ ရိုး ကို ပြု ပြင် လျက်၊ ၎င်း ဘု ရင် တို့ လည်း သင့် ထံ ခ စား ရ ကြ လိမ့် မည်။ ငါ သည် အ မျက် ထား ၍ ဒဏ် ခတ် ခဲ့ သော် လည်း၊ မေ တ္တာ ကျေး ဇူး အား ဖြင့် က ရု ဏာ သက် လေ ပြီ။
11
လူ မျိုး ခြား တို့၏ စည်း စိမ် နှင့် တ ကွ၊ ခြံ ရံ ရ သော ဘု ရင် တို့ ကို၊ သင့် ထံ သို့ ဆောင် သွင်း စေ ရန်၊ နေ့ ညဉ့် မ ဟူ မြို့ တံ ခါး ပိတ် ခြင်း မ ရှိ၊ ပွင့် လျက် နေ လိမ့် မည်။
12
သင့် လက် အောက် မ ဝင် သော လူ မျိုး၊ တိုင်း နိုင် ငံ သည်၊ ပျက် စီး ရ လိမ့် မည်။ ထို သို့ သော လူ မျိုး တို့ သည် ပယ် ရှား ရာ ရောက် ကြ လိမ့် မည်။
13
လေ ဗ နုန် တော ကျက် သ ရေ ပင် မှ စ၍၊ ထင်း ရူး ပင်၊ ကျောက် ပန်း ငယ်၊ ကျောက် ပန်း ကြီး ပင် များ သည်၊ ငါ ၏ သန့် ရှင်း ရာ ဌာ န ကို တင့် တယ် စေ ခြင်း ငှာ၊ သင့် ထံ ရောက် လာ သ ဖြင့်၊ ငါ သည် ခြေ တော် ချ ရာ ဂုဏ် ရှိ စေ လိမ့် မည်။
14
သင့် ကို ညှဉ်း ပန်း ခဲ့ သူ တို့ သား များ သည် တိုး ဝင် ဦး ညွှတ်၍၊ မ ထီ မဲ့ မြင် ပြု သူ အ ပေါင်း တို့ လည်း၊ သင့် ခြေ ဖ ဝါး အောက် ပျပ် ဝပ် လျက်၊ ထာ ဝ ရ ဘု ရား၏ မြို့ တော်၊ ဣ သ ရေ လ လူ မျိုး တို့ သန့် ရှင်း သော အ ရှင်၏ ဇိ အုန် တောင် တော် ဟု သ မုတ် ကြ လိမ့် မည်။
15
သင့် ကို မည် သူ မျှ မ ဖြတ် မ သွား လို သည့် တိုင် အောင်၊ ခံ ခဲ့ သော စွန့် ပစ် ရွံ ရှာ ခြင်း အ စား၊ ထာ ဝ ရ ဂုဏ် တော် တည် ရာ၊ လူ အ စဉ် အ ဆက် ရွှင် လန်း ရာ၊ ငါ ဖြစ် စေ လိမ့် မည်။
16
သင် သည် လူ မျိုး ခြား တို့၏ နို့ သက် ကိုလည်း ကောင်း၊ ဘု ရင် တို့၏ ရင် နို့ ကိုလည်း ကောင်း၊ သောက် စို့ ခွင့် ရ သည့် ပြင်၊ ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို ကယ် တင် ရွေး နုတ် သော အ ရှင်၊ ယာ ကုပ်၏ တန် ခိုး ရှင် ဖြစ် ကြောင်း ကို၊ သိ မှတ် လိမ့် မည်။
17
ကြေး အ စား ရွှေ၊ သံ အ စား ငွေ၊ သစ် သား အ စား ကြေး၊ ကျောက် အ စား သံ ကို၊ ငါ ဆောင် သွင်း လျက်၊ သင့် အ အုပ် အ ချုပ် များ အ ဖြစ် ချမ်း သာ ခြင်း၊ အ ကြပ် အ ဆော် များ အ ဖြစ် ဖြောင့် မတ် ခြင်း ကို ခန့် ထား လိမ့် မည်။
18
သင့် ပြည် တွင် ကြမ်း ကြုတ် ခြင်း၊ သင့် နယ် နိ မိတ် အ တွင်း လု ယက် ဖျက် ဆီး ခြင်း သ တင်း ကို၊ ကြား တော့ မည် မ ဟုတ်၊ သင့် မြို့ ရိုး ကို ကယ် တင် ခြင်း ဟူ၍လည်း ကောင်း၊ မြို့ တံ ခါး များ ကို ချီး မွမ်း ခြင်း ဟူ၍လည်း ကောင်း၊ သ မုတ် ရ လိမ့် မည်။
19
နေ့ အ ချိန်၌ သူ ရိ ယ သည် သင့် အ လင်း၊ စ န္ဒ လည်း ထွန်း တောက် သော အ လင်း ဖြစ် တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် အ ဖို့ နိ ယ မ အ လင်း၊ သင့် ဘု ရား သ ခင် သည် သင် ဘုန်း အ သ ရေ ဖြစ် တော် မူ လိမ့် မည်။
20
သင် ၌ နေ ဝင် ခြင်း၊ လ ကွယ် ခြင်း ရှိ တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် အ ဖို့ နိ ယ မ အ လင်း ဖြစ် လျက်၊ သင့် မြည် တမ်း ရာ နေ့ ရက် ကာ လ ကုန် လွန် လိမ့် မည်။
21
မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ဖြောင့် မတ် စွာ နေ သ ဖြင့်၊ ဘုန်း တော် ထင် ရှား စေ ရန် ငါ စိုက် ပျိုး သော ပျိုး ပင်၊ ငါ၏ လက် မှု အ ဖြစ်၊ နေ ပြည် ကို ထာ ဝ ရ ပိုင် ခွင့် ရ ကြ လိမ့် မည်။
22
အ နည်း ငယ် သည် အ ထောင် အ သောင်း၊ အ သိမ် အ ဖျင်း လည်း တန် ခိုး ကြီး သော လူ မျိုး အ ဖြစ် ရောက် လိမ့် မည်။ အ ချိန် စေ့ လျှင် စေ့ ချင်း၊ ငါ ထာ ဝ ရ ဘု ရား ထို သို့ စီ ရင် လိမ့် သ တည်း။