ဟေ​ရှာ​ယ-58

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါ့ လူ မျိုး တော် အား၊ ကိုယ့် လွန် ကျူး မှု များ ကို လည်း ကောင်း၊ ယာ ကုပ် အ မျိုး သား တို့ အား၊ ကိုယ့် ပြစ် မှု များ ကို လည်း ကောင်း၊ တံ ပိုး ကဲ့ သို့ အ သံ လွှင့်၍ မ ချုပ် တည်း ဘဲ၊ ကြီး စွာ အော် ဟစ် ဖော် ပြ လော့။
  • 2 သို့ ရာ တွင်၊ ထို သူ တို့ သည် ငါ့ ကို နေ့ စဉ် ရှာ ဖွေ လျက်၊ နည်း လမ်း တော် များ ကို သိ လို သော ဆ န္ဒ ရှိ ၏။ တ ရား အ တိုင်း ပြု ကျင့် ၍၊ ကိုယ့် ဘု ရား ဥ ပ ဒေ သ ကို မ စွန့် မ ပယ် သော လူ မျိုး နည်း တူ၊ ငါ့ ထံ မှ တ ရား နှင့် ယှဉ် သော ဥ ပ ဒေ သ များ ကို တောင်း လျက်၊ ငါ ဘု ရား ထံ ချဉ်း ကပ် လို သော ဆ န္ဒ ရှိ ကြ သည် တ ကား။
  • 3 အ ကျွန်ုပ် တို့ အ စာ ရှောင် ကြ သော အ ခါ၊ ကိုယ် တော် ကို သိ မြင် တော် မ မူ ခြင်း၊ ခြိုး ခြံ စွာ ပြု ကြ သော အ ခါ၊ သိ မှတ် တော် မ မူ ခြင်း ကား၊ အ သို့ နည်း ဟု ဆို ရာ၌၊ သင် တို့ သည် အ စာ ရှောင် သော နေ့ တွင် ကျွန် များ ကို အ နိုင် အ ထက် ခိုင်း လျက်၊ ကိုယ့် အ မှု အ ရေး ကို သာ တွေ့ တတ် ကြ ၏။
  • 4 ဖက် ပြိုင် ရန် တွေ့ လျက် အ ဓ မ္မ လက် သီး ထိုး သတ် ရ အံ့ သော ငှာ၊ အ စာ ရှောင် တတ် ကြ၏။ ပ ဌ နာ ပြု သံ ကို ဘ ဝဂ် တိုင် ကြား သိ စေ ရန်၊ ယ နေ့ မှ အ စာ ရှောင် ခြင်း မ ပြု ကြ သော ကြောင့် တည်း။
  • 5 ငါ သ ဘော ကျ သော အ စာ ရှောင် ခြင်း နေ့၊ ခြိုး ခြံ စွာ ပြု ခြင်း နေ့ ကား၊ ထို သို့ ပင် လော။ ကိုင်း ပင် ကဲ့ သို့ ဦး ညွတ် လျက်၊ လျှော် တေ နှင့် ပြာ ကို ခင်း ကျင်း ခြင်း ကို၊ ထာ ဝ ရ ဘု ရား လက် ခံ ဖွယ် အ စာ ရှောင် ခြင်း နေ့ ဟု ခေါ် မည် လော။
  • 6 ငါ သ ဘော ကျ သော အ စာ ရှောင် ခြင်း ကား၊ မ တ ရား သော အ နှောင် အ ဖွဲ့ များ ကို ဖြည် ခြင်း၊ ထမ်း ပိုး ကြိုး များ ကို ဖြုတ် ခြင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား ခြင်း၊ ထမ်း ပိုး ရှိ သ မျှ ကို ချိုး ဖြတ် ခြင်း ဖြစ် သည် မ ဟုတ် လော။
  • 7 မွတ် သိပ် သူ့ ကို အ စာ ကျွေး ခြင်း၊ နေ ရာ မဲ့ ဆင်း ရဲ သူ့ ကို ကိုယ့် အိမ် သို့ ဆောင် သွင်း ခြင်း၊ တွေ့ ကြုံ သော အ ဝတ် မဲ့ သူ ကို ခြုံ လွှမ်း ခြင်း၊ ညာ တ ကာ တို့ မှ မ လွှဲ မ ရှောင် ခြင်း ဖြစ် သည် မ ဟုတ် လော။
  • 8 ထို သို့ ပြု လျှင် သင့် အ လင်း သည် အ ရုဏ် ကဲ့ သို့ ပေါ် ထွက်၍၊ ကျန်း မာ ခြင်း လည်း အ လျင် အ မြန် ရောက် လိမ့် မည်။ သင့် ဖြောင့် မတ် ခြင်း အ ကြောင်း သည်၊ ရှေ့ က ချီ ကြွ၍ ငါ ဘု ရား သ ခင် ဘုန်း တော် လည်း၊ တပ် မ သ ဖွယ် ဖြစ် လိမ့် မည်။
  • 9 သင် ခေါ် သော အ ခါ၊ ငါ ထာ ဝ ရ ဘု ရား ထူး လိမ့် မည်။ အော် ဟစ် သော အ ခါ ငါ ရှိ သည် ဟု မိန့် ဆို လိမ့် မည်။ နေ ပြည့် အ လယ် တွင် ထမ်း ပိုး တင် ခြင်း၊ လက် ညှိုး ထိုး ခြင်း၊ မ ကောင်း ပြော ဆို ခြင်း များ ကို ပယ် ရှား လျှင် လည်း ကောင်း၊
  • 10 မွတ် သိပ် သူ့ အား၊ သင့် အ သက် မွေး စာ ကို ပေး ကမ်း ၍ သူ ဆင်း ရဲ အား၊ ရောင့် ရဲ စေ လျှင် လည်း ကောင်း၊ မှောင် ကျ ရာ တွင် သင့် အ လင်း သည် အာ ရုဏ် တက် လျက်၊ သင့် အ မိုက် တိုက် လည်း မွန်း တည့် သ ဖွယ် ဖြစ် သည့် ပြင်၊
  • 11 ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း ကောင်း သင် ဖြစ် လိမ့် မည်။
  • 12 သင့် အ မျိုး အ နွယ် သည်၊ ရှေး ကာ လ လူ အ စဉ် အ ဆက် မြို့ ဆိုး ကုန်း အ မြစ် အ ခြေ ပေါ် တွင်၊ ပြု စု တည် ဆောက် သ ဖြင့် မြို့ ရိုး ပေါက် ဖာ သူ နေ ထိုင် ရာ လမ်း များ ပြု ပြင် သူ ဟု သ မုတ် ခြင်း ကို၊ သင် ခံ ရ လိမ့် မည်။
  • 13 သင် သည် ငါ သီး သန့် ထား သော ဥ ပုသ် နေ့ တွင် ကိုယ့် အ မှု အ ရေး ကို မ ဆောင် ရွက် ဘဲ၊ ခြေ လှမ်း ဖယ် လျက်၊ ဥပုသ် နေ့ ကို မွေ့ လျော် ရာ အ ကြောင်း ဟူ ၍ လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား သီး သန့် ထား သော နေ့ ကို လေး မြတ် ဖွယ် အ ကြောင်း ဟူ၍ လည်း ကောင်း၊ ဝန် ခံ သည် နှင့် ကိုယ့် အ လေ့ အ လာ၊ အ ပြော အ ဆို၊ အ မှု အ ရေး များ ကို မ ပြု မ ကျင့် ဘဲ၊ ရို သေ လေး မြတ် လျှင်၊
  • 14 ငါ ထာ ဝ ရ ဘု ရား ၌ မွေ့ လျော် ခွင့် ရ လိမ့် မည်။ ငါ လည်း နှုတ် မြွက် သော ဗျာ ဒိတ် နှင့် အ ညီ၊ နေ ပြည် ရှိ မြင့် မြတ် ရာ အ ရပ် များ၌ စီး နင်း ခွင့်၊ သင့် အ ဘ ယာ ကုပ် ၏ ပိုင် ရာ ကို သုံး ဆောင် ခွင့် ပေး လိမ့် မည်။
回到本卷目录 回到本版本目录 回到首页