1
ဇိ အုန် ဟူ သော ယေ ရု ရှ လင် မြို့ ၏ ကယ် တင် ခြင်း သည်၊ ထွန်း တောက် သော မီး တိုင် သ ဖွယ်၊ အောင် မြင် ခြင်း လည်း ရောင် ခြည် သ ဖွယ် မ လွတ် မ ချင်း၊ ထို မြို့ အ တွက် ငါ ဆိတ် ဆိတ် နေ မည် မ ဟုတ်။
2
လူ မျိုး ခြား တို့ သည် သင့် အောင် မြင် ခြင်း ကို လည်း ကောင်း၊ ဘု ရင် တ ကာ တို့ လည်း သင့် အ သ ရေ ကို လည်း ကောင်း မြင် ရ ၍၊ သင် သည် ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ အံ့ သော ဘွဲ့ သစ် ကို အ ခေါ် ခံ ရ လျက်၊
3
ထာ ဝ ရ ဘု ရား လက် တော် တွင် ဘုန်း သ ရ ဖူ၊ သင် ၏ ဘု ရား သ ခင့် လက် ဝါး တော် ဝယ် မင်း ဆောင်း မ ကိုဋ် ဖြစ် လိမ့် မည်။
4
သင့် ကို စွန့် ခွာ သူ ဟူ၍ လည်း ကောင်း၊ နေ ပြည် ကို ဆိတ် ညံ ပြည် ဟူ ၍ လည်း ကောင်း၊ ခေါ် ရ တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် ကို နှစ် သက် တော် မူ ၍၊ နေ ပြည် ကို လည်း စု လျား ပတ် မည့် အ လျောက်၊ သင် သည် ငါ နှစ် သက် သူ၊ နေ ပြည် လည်း စု လျား ပတ် သော ပြည် ဟူ သော အ မည် များ ကို ရ လိမ့် မည်။
5
လူ ပျို သည် အ ပျို က ညာ နှင့် လက် ထပ် သ ကဲ့ သို့ တည် ဆောက် သော အ ရှင် လည်း၊ သင့် ကို စု လျား ပတ်၍ လက် ထပ် တော် မူ လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် မင်္ဂလာ ဆောင် သ တို့ သ မီး ကြောင့် အား ရ သ ကဲ့ သို့၊ သင်၏ ဘုရား သ ခင် သည် သင့် ကြောင့် အား ရ တော် မူ လိမ့် မည်။
6
အို ယေ ရု ရှ လင် မြို့၊ သင့် မြို့ ရိုး ပေါ် တွင် နေ့ ညဉ့် မ ဟူ တိတ် ဆိတ် စွာ မ နေ ရ သော မြို့ စောင့် တို့ ကို၊ ငါ စီ မံ ခဲ့ ပြီ။ ထာ ဝ ရ ဘု ရား ကို သ တိ ရ စေ သော သင် တို့၊ ယေ ရု ရှ လင် မြို့ ကို ပြု စု လျက်၊ မြေ ကြီး ပေါ် တွင် ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ တော် မ မူ မ ချင်း၊ နား နေ တော် မူ ခွင့် ကို မ ပေး ကြ နှင့်။ ကိုယ် တိုင် လည်း မ နား နေ ကြ နှင့်။
7
8
တန် ခိုး ကြီး သော ညာ လက် ရုံး တော် ကို တိုင် တည် ၍ ထာ ဝ ရ ဘု ရား က၊ သင် လုပ် ဆောင် ၍ ရ သော စ ပါး ဆန် နှင့် စ ပျစ် ရည် ကို၊ နိုင်ငံ ခြား သား ဖြစ် သော သင့် ရန် သူ တို့ အား၊ သုံး ဆောင် ခွင့် အပ် ပေး တော့ မည် မ ဟုတ်။
9
ရိတ် သိမ်း သော သူ တို့ ပင်၊ ငါ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း လျက် စား ခွင့်၊ ဆွတ် ခူး သူ တို့ လည်း၊ သန့် ရှင်း သော ငါ့ တံ တိုင်း များ အ တွင်း သုံး သောက် ခွင့် ရ ကြ လိမ့် မည် ဟု သ စ္စာ ထား တော် မူ ပြီ။
10
မြို့ တံ ခါး များ မှ ထွက် ကြ လော့။ ထွက် ကြ လော့။ လူ မျိုး တော် တို့ သွား ရာ လမ်း မ ကို ဖို့၍ ပြင် ဆင် ကြ လော့။ ဖို့ ကြ လော့။ ကျောက် လုံး များ ကို ဖယ် ရှင်း ကြ လော့။ လူ အ မျိုး မျိုး တို့ အား အ လံ ထူ ပြ ကြ လော့။
11
ထာ ဝ ရ ဘု ရား သည် မြေ ကြီး အ စွန်း အ ဖျား တိုင် အောင်၊ သ တင်း ကြော် ငြာ တော် မူ ပြီ။ ဇိ အုန် သ တို့ သ မီး တို့ အား၊ သင် ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကြွ ရောက် ပြီ။ အ ပါး တော် တွင် ဆု လပ် တော် ကို လည်း ကောင်း၊ ရှေ့ တော် တွင် အ ကျိုး ဆက် တော် ကို လည်း ကောင်း၊ ဆောင် တော် မူ သည် ဟု ဆင့် ဆို ကြ လော့။
12
သူ တို့ သည် သန့် ရှင်း သော လူ မျိုး တော်၊ ထာ ဝ ရ ဘု ရား ရွေး နုတ် တော် မူ သော သူ ဟူ ၍ လည်း ကောင်း၊ သင် လည်း စွန့် ခွာ ခြင်း မ ခံ သော မြို့၊ ရှာ ဖွေ ဖွယ် ကောင်း သော မြို့ ဟူ၍ လည်း ကောင်း၊ သ မုတ် ခံ ရ လိမ့် သ တည်း။