1
အို ရေ ငတ် သူ အ ပေါင်း တို့၊ ငွေ မ ရှိ သူ တို့ ပါ ရေ ရှိ ရာ သို့ လာ ကြ လော့။ လာ၍ ဝယ် ယူ စား သောက် ကြ လော့။ အ ဖိုး မဲ့ ငွေ ကင်း လျက်၊ စ ပျစ် ရည် နှင့် နို့ ရည် ကို လာ၍ ဝယ် ကြ လော့။
2
အ စာ မ ဟုတ် သော အ ရာ အ ဖို့ ငွေ ကိုလည်း ကောင်း၊ အ ဆာ မ ပြေ သော အ ရာ အ ဖို့ သင် တို့ ချွေး နဲ စာ ကိုလည်း ကောင်း၊ အ ဘယ့် ကြောင့် ချိန် စက် ကြ သ နည်း။ ငါ စ ကား ကို နာ ခံ နား ထောင် လျက် အ ကောင်း ကို စား ရ သ ဖြင့်၊ မြိန် ရှက် ဖွယ် ရာ နှင့် အာ ရုံ ပြေ ကြ လော့။
3
နား စိုက် လျက် တိုး ဝင် ကြ လော့။ နား ထောင် လျှင် အ သက် တည် ခွင့် ရ ကြ လိမ့် မည်။ ငါ သည် ဒါ ဝိဒ် နှင့် ဖွဲ့ ခဲ့ သော အ မြဲ မေ တ္တာ ကျေးဇူး ပ ဋိ ညာဉ် ကို၊ သင် တို့ နှင့် ဖွဲ့ ဦး မည်။
4
ထို သူ့ ကို လူ အ မျိုး မျိုး တို့ ရှေ့ သက် သေ အ ဖြစ်၊ အုပ် စိုး မင်း၊ တ ရား မင်း အ ဖြစ် ငါ ခန့် ထား လေ ပြီ။
5
သင် လည်း မ သိ ဘူး သော လူ မျိုး ခြား တို့ ကို ခေါ် ဆောင် သည့် အ လျောက်၊ သင့် ကို မ သိ ဘူး သော လူ မျိုး ခြား တို့ သည်၊ ဂုဏ် ရောက် စေ တော် မူ သည် ကို ထောက်၍၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ကြောင့်၊ သင့် ထံ သို့ အ သော့ တိုး ဝင် ကြ လိမ့် မည်။
6
ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။
7
လူ ဆိုး သည် ကိုယ့် နည်း လမ်း ကို လည်း ကောင်း၊ မ တ ရား သူ လည်း ကိုယ့် အ ကြံ အ စည် များ ကို လည်း ကောင်း၊ စွန့် ပယ်၍ က ရု ဏာ သက် လ တ္တံ့ သော ထာ ဝ ရ ဘု ရား၊ ကြွယ် ဝ စွာ ချမ်း သာ ပေး လ တ္တံ့ သော ငါ တို့ ဘု ရား သ ခင် ထံ တော် သို့၊ ပြန် လာ ကြ စေ။
8
အ ဘယ့် ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ့ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် နှင့် လည်း ကောင်း၊ ငါ၏ နည်း လမ်း လည်း သင် တို့ နည်း လမ်း နှင့်လည်း ကောင်း ထူး ခြား ၍၊
9
မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ငါ၏ နည်း လမ်း သည် သင် တို့ နည်း လမ်း ထက် လည်း ကောင်း၊ ငါ၏ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် ထက် လည်း ကောင်း၊ မြင့် မြတ်၏။
10
မိုး ရေ နှင့် မိုး ပွင့် များ သည်၊ ကောင်း ကင် မှ ဆင်း သက် ပြီး လျှင်၊ ကြဲ လို သူ့ အား မျိုး ကို လည်း ကောင်း၊ စား လို သူ့ အား အ စာ ကို လည်း ကောင်း၊ ပေး ရန်၊ လယ် မြေ ကို စို စွတ် လျက် အ ညှောက် အ ဖူး မ ပေါ် စေ ဘဲ၊ မ ပြန် သည့် နည်း တူ၊
11
နှုတ် တော် ထွက် ဗျာ ဒိတ် တော် လည်း အ လို တော် ရှိ ရာ ဖြစ် ထွန်း စေ ၍၊ ခိုင်း စေ သည့် အ တိုင်း အ ထ မ မြောက် ဘဲ၊ ငါ့ ထံ သို့ အ ကျိုး မဲ့ မ ပြန် ရ ဟု မိန့် တော် မူ ၏။
12
သင် တို့ သည် ရွှင် လန်း စွာ ချီ ထွက် လျက်၊ ချမ်း သာ စွာ ပို့ ဆောင် တော် မူ ရာ ခံ ရ ကြ လိမ့် မည်။ တောင် ကြီး တောင် ငယ် များ သည်၊ သင် တို့ ရှေ့ ကျူး ဧ ကြွေး ကြော် ၍၊ တော ရှိ အ ပင် ဟူ သ မျှ လည်း၊ လက် ခုတ် တီး ကြ လိမ့် မည်။
13
ဆူး ပင် အ စား ထင်း ရှူး ပင်၊ ရှား စောင်း ပင် အ စား ကျောက် ပန်း ပင် ပေါ် ထွက် ၍၊ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ မပြတ် မ စဲ နိုင် သော၊ နိ ယ မ သ ညာ အ ထိန်း အ မှတ် ဖြစ် လိမ့် သ တည်း။