ဟေ​ရှာ​ယ-54

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 သား မ ဖွား သော အ မြုံ မ၊ ကြွေး ကြော် လော့။ သား ဖွား ခြင်း ဝေ ဒ နာ မ ခံ ရ သော မိန်း မ၊ အ သံ လွှင့်၍ ကြွေး ကြော် လော့။ စွန့် ထား သော မိန်း မ သည် လင် ရှိ သော မိန်း မ ထက်၊ သား များ စွာ ရှိ သည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
  • 2 သင့် တဲ ရှင် စိုက် ရာ အ ရပ် ကို ချဲ့ လျက်၊ တည်း ခို ရာ တင်း တိမ် ဖြင့်၊ မ တွန့် တို ဘဲ ကာ ရံ ပါ စေ။ ကြိုး များ ကို ရှည် စေ၍ ကြက် ဆူး များ ကို လည်း ခိုင် ခံ့ စေ လော့။
  • 3 အ ဘယ့် ကြောင့် ဆို သော် သင် သည် ဝဲ ယာ နှစ် ဖက် နှံ့ ပြား သ ဖြင့်၊ အ မျိုး အ နွယ် လည်း လူ မျိုး ခြား တို့ ကို ပိုင် လျက်၊ မြို့ ဆိုး ကုန်း များ ကို စည် ပင် စေ လိမ့် မည်။
  • 4 မ စိုး ရိမ် နှင့်။ ရှက် ကြောက် ခြင်း မ ရှိ ရ။ မျက် နှာ မ ပျက် နှင့်။ အ ရှက် မ ကွဲ ရ။ ငယ် ရွယ် စဉ် က ရှက် ကြောက် ရာ ကို မေ့ လျော့ လိမ့် မည်။ မု ဆိုး မ ဖြစ် စဉ် ကဲ့ ရဲ့ ရာ ကို နောက် တစ် ဖန် သ တိ ရ မည် မ ဟုတ်။
  • 5 သင့် ခင် ပွန်း ကား ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ တော် ရှိ လျက်၊ သင့် ကို ဖန် ဆင်း တော် မူ သော အ ရှင် ပေ တည်း။ သင့် ရှေ့ ဆောင် ကား တစ် လော က လုံး၏ ဘု ရား ဟု အ ခေါ် ခံ သော၊ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ပေ တည်း။
  • 6 စွန့် ခွာ၍ နစ် နာ သော မိန်း မ သ ဖွယ်၊ သင့် ကို ထာ ဝ ရ ဘု ရား ခေါ် တော် မူ ခဲ့ ပြီ။ ငယ် ပေါင်း ကြီး ဖော် ကို စွန့် ခွာ နိုင် သ လော ဟု၊ သင်၏ ဘု ရား သ ခင် မေး တော် မူ ၏။
  • 7 ခေ တ္တ ခ ဏ မျှ သင့် ကို ငါ စွန့် ခွာ သော် လည်း၊ မ ဟာ က ရု ဏာ နှင့် သိမ်း ပိုက် ဦး မည်။
  • 8 လွှမ်း မိုး သော အ မျက် တော် ကြောင့်၊ ခ ဏ မျှ မျက် နှာ တော် လွှဲ သော် လည်း ထာ ဝ ရ မေ တ္တာ ကျေး ဇူး ကြောင့်၊ က ရု ဏာ သက် ဦး မည် ဟု၊ သင့် ကို ရွေး နုတ် သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 9 နော ဧ ရှိ စဉ် ရေ ဘေး သည် နောက် တစ် ဖန် မ လွှမ်း မိုး ရ ဟု၊ ငါ သ စ္စာ ဆို သည့် နည်း တူ၊ သင့် အား လည်း အ မျက် ထား ၍ ဆုံး မ မည် မ ဟုတ် ဟု သ စ္စာ ဆို သည် မှာ၊ နော ဧ လက် ထက် ကဲ့ သို့ ငါ့ ရှေ့ တွင် တည် လိမ့် မည်။
  • 10 တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 11 လှိုင်း ပုတ်၍ ချမ်း သာ မ ရ သော အ ချင်း ဆင်း ရဲ သူ၊ သင့် တိုက် ကျောက် များ ကို ခ နောက် စိမ်း သ တ္တု နှင့် ချယ် သား လျက်၊ တိုက် မြစ် အ ဖြစ်၊ နီ လာ ကို ချ ထား မည်။
  • 12 ပြ အိုး များ ကို ပ တ္တ မြား ဖြင့် လည်း ကောင်း၊ မြို့ တံ ခါး များ ကို ဥဿ ဘ ယား ဖြင့် လည်း ကောင်း၊ မြို့ ရိုး ကို လည်း န ဝ ရတ် ဖြင့် လည်း ကောင်း၊ ပြီး စေ လိမ့် မည်။
  • 13 သင့် သား သ မီး အ ပေါင်း တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား ၏ တ ပည့် သား ဖြစ် လျက်၊ များ ပြား စွာ ချမ်း သာ ရ ကြ လိမ့် မည်။
  • 14 သင် သည် ဖြောင့် မတ် ခြင်း ၌ တည် လျက်၊ ညှဉ်း ပန်း ခြင်း နှင့် ဝေး သည် ဖြစ် ၍ မ ကြောက် ရ။ ဖျက် ဆီး ခြင်း နှင့် ကင်း ဝေး သည် ဖြစ် ၍၊ မ သင့် မ ရောက် ရ။
  • 15 သင် နှင့် ရန် ပြု သော် လည်း ငါ့ အ ခွင့် ရ ကြ မည် မ ဟုတ်။ ရန် ပြု သူ တို့ သည် သင့် အ တွက် ကြောင့် ကျ ဆုံး ကြ လိမ့် မည်။
  • 16 မီး သွေး ဖြင့် မီး မွှေး ၍၊ အ သုံး အ လိုက် လက် နက် များ ကို လုပ် သော ပန်း ပဲ ကို လည်း ကောင်း၊ ဖျက် ဆီး စေ ခြင်း ငှာ တိုက် ဖျက် သူ့ ကို လည်း ကောင်း၊ ဖန် ဆင်း သည် ကား ငါ ပင် တည်း။
  • 17 သို့ ဖြစ်၍ သင့် တစ် ဘက်၌ လုပ် သော လက် နက် အ ထ မ မြောက်၊ သင် နှင့် တ ရား ဆိုင်၍ သက် သေ ခံ သော လျှာ တိုင်း ကို၊ သင် သည် အ ပြစ် စီ ရင် ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၏ ကျွန် ရင်း တို့ သည်၊ ထို သို့ သော အ မွေ ကို ခံ ရ သည့် အ လျောက်၊ ငါ့ ထံ မှ ရ သော အောင် မြင် ခွင့် လည်း၊ ထို သို့ ပင် တည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页