1
ငါ တို့ ကြား ရ သော သ တင်း ကို ယုံ ကြည် သူ၊ ထာ ဝ ရ ဘု ရား၏ လက် ရုံး တော် ကို မြင် ရ သူ မည် သူ နည်း။
2
ကျွန် ရင်း သည်၊ ပင် ပွား ကဲ့ သို့လည်း ကောင်း၊ သွေ့ ခြောက် သော မြေ၌ အ မြစ် အ ညွန် ကဲ့ သို့လည်း ကောင်း၊ ရှေ့ တော် တွင် ပေါက် ထွက် ရာ၊ ရှု ချင် ဖွယ် ရောင် ခြည် အ ဆင်း၊ နှစ် သက် ဖွယ် အ သွင် မ ရှိ ချေ။
3
မ ထီ မဲ့ မြင် ပြု ခြင်း၊ လူ တို့ စွန့် ပယ် ခြင်း ကို ခံ ရ လျက်၊ ရော ဂါ နှင့် ကျွမ်း ဝင်၍၊ ဝေ ဒ နာ ခံ စား ရ သူ ဖြစ် ၏။ မျက် နှာ လွှဲ ချင် ဖွယ် နှင့် အ မျှ မ ထီ လေး စား ခံ ရ သ ဖြင့်၊ ငါ တို့ ပ မာ ဏ မ ပြု ကြ။
4
ကပ် ရော ဂါ မှ စ၍ ဘု ရား သ ခင် ဒဏ် ခတ် ခြင်း နှင့် ရှုတ် ချ ခြင်း ကို ခံ ရ သူ ဖြစ် သည် ဟု၊ ငါ တို့ ထင် မှတ် ကြ ရာ၊ ထို သူ သည် ငါ တို့ အ နာ ရော ဂါ၊ ငါ တို့ ဝေ ဒ နာ များ ကို မု ချ ထမ်း ဆောင် သည် ပိုး သည် တ ကား။
5
ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။
6
ငါ တို့ ရှိ သ မျှ သည် ကိုယ့် လမ်း သို့ အ သီး အ သီး လှည့် ၍၊ သိုး များ ကဲ့ သို့ လမ်း လွဲ ကြ ရာ၊ ငါ တို့ ရှိ သ မျှ ၏ ဒု စ ရိုက် ဒဏ် ကို၊ သူ့ ပေါ် တွင် ထာ ဝ ရ ဘု ရား သင့် ရောက် စေ တော် မူ ခဲ့ ပြီ။
7
ထို သူ သည် နှိပ် စက် ခံ ရ သော် လည်း၊ နှုတ် မ မြွက် ဘဲ ကိုယ် ကို နှိမ့် ချ၍၊ သတ် ရန် ဆွဲ ငင် သော သိုး ကဲ့ သို့ လည်း ကောင်း၊ အ မွေး ညှပ် သူ တို့ ရှေ့ ဆိတ် ဆိတ် နေ သော သိုး မ ကဲ့ သို့ လည်း ကောင်း နှုတ် မ မြွက် ဘဲ နေ ၏။
8
ညှဉ်း ပန်း စွာ စီ ရင် ခြင်း ကြောင့် ရုပ် သိမ်း ခံ ရ သော် လည်း၊ ရုပ် သက် ရှင် သော လူ့ ဘောင် နှင့် ကင်း ပြတ် ကြောင်း ကို၊ လူ မျိုး သား ချင်း တို့ အ နက်၊ မည် သူ အောက် မေ့ သ နည်း။ လူ မျိုး တော်၏ လွန် ကျူး မှု များ ကြောင့် ဒဏ် ခံ ရ လေ စွ။
9
သူ့ နှုတ် တွင် လှည့် စား ခြင်း မ တည့်၊ အ ဓ မ္မ မှု ကို မ ပြု သော် လည်း၊ လူ ဆိုး လူ သွမ်း တို့ နှင့် အ တူ သင်္ချိုင်း ကိုလည်း ကောင်း၊ သူ ဌေး သူ ကြွယ် တို့ နှင့် အ တူ အ ရိုး အိုး ကို လည်း ကောင်း၊ စီ မံ ကြ ၏။
10
ထာ ဝ ရ ဘု ရား သည်၊ သူ့ ကို နှိပ် ကွပ် တော် မူ လို ၍၊ နာ စေ တော် မူ လေ စွ တ ကား။ ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ်၊ ကိုယ့် အ သက် ကို ဆက် သော်၊ ကိုယ့် အ မျိုး အ နွယ် ကို မြင် ခွင့်၊ အ သက် တာ ရှည် ခွင့် ရ သည့် ပြင်၊ သူ့ လက် ဖြင့် ထာ ဝ ရ ဘု ရား ကြံ တိုင်း အောင် လိမ့် မည်။
11
ကိုယ့် စိတ် ပင် ပန်း ခြင်း အ ကျိုး ကို မြင် ရ သ ဖြင့်၊ ရောင့် ရဲ လိမ့် မည်။ အ သိ ပ ညာ အား ဖြင့်၊ ဖြောင့် မတ် သော ငါ့ ကျွန် ရင်း သည်၊ လူ များ တို့ ဒု စ ရိုက် ဝန် ကို ထမ်း ဆောင် လျက်၊ သူ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ လိမ့် မည်။
12
သို့ နှင့် အ ညီ လူ များ စွာ တို့ အ ပြစ် ဝန် ကို သည် ပိုး လျက်၊ လွန် ကျူး သူ တို့ အ တွက် ဖျန် ဖြေ၍၊ ကိုယ့် အ သက် ကို သေ သည့် တိုင် အောင် သွန်း လောင်း လျက်၊ လွန် ကျူး သူ တို့ စာ ရင်း သွင်း သော ကြောင့်၊ ငါ သည် အ လုံး အ ရင်း တို့ နှင့် အ တူ၊ သူ့ အား ဝေ ငှ သည့် အ လျောက်၊ သူ လည်း သူ ရဲ ကောင်း တို့ နှင့် တ ကွ၊ လက် ရ ဥ စ္စာ ဝေ စု ရ လိမ့် မည်။