ဟေ​ရှာ​ယ-50

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ သင် တို့ အ မိ ကို ငါ ကွာ လိုက် သော ဖြတ် စာ အ ဘယ် မှာ နည်း။ ငါ့ မြီ ရှင် တို့ အ နက် မည် သူ့ ထံ သင် တို့ ကို ရောင်း စား ခဲ့ သ နည်း။ သင် တို့ သည် ကိုယ့် ဒု စ ရိုက် များ ကြောင့် သာ ရောင်း ချ ခြင်း၊ အ မိ လည်း သင် တို့ လွန် ကျူး မှု များ ကြောင့် သာ စွန့် ခွာ ခြင်း ကို ခံ ရ ကြ ပြီ တ ကား။ ငါ ရောက် သော အ ခါ လူ မ ရှိ၊ ခေါ် သော အ ခါ မ ထူး သည် မှာ အ သို့ နည်း။ ငါ မ ရွေး နုတ် နိုင် အောင် လက် ရုံး တို သ လော။ မ ကယ် လွှတ် နိုင် အောင် တန် ခိုး မဲ့ သ လော။ ကြည့် လော့၊ ငါ ဆုံး မ သ ဖြင့် သ မု ဒ္ဒ ရာ ရေ ခန်း ခြောက်၍၊ မြစ် များ သောင် ဖြစ်လျက်၊ ရေ မ ရှိ သော ကြောင့် ငါ များ လည်း ရေ ငတ် သေ ဆုံး ညှီ နံ ကုန် ၏။
  • 2
  • 3 ငါ သည် မိုး ကောင်း ကင် ကို မှောင် မိုက် နှင့် ခြုံ ၍၊ လျှော် တေ ဖြင့် လွှမ်း သည် ဟု မိန့် တော် မူ ၏။
  • 4 ပင် ပန်း သူ တို့ အား၊ စ ကား ဖြင့် ထောက် ခံ နိုင် စေ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား သည် တ ပည့် ရင်း တို့ ၏ နှုတ် သ တ္တိ ကို၊ ငါ့ အား ပေး တော် မူ ပြီ။ တ ပည့် ရင်း တို့ ဘာ ဝ နာ ခံ စေ ခြင်း ငှာ၊ နံ နက် တိုင်း ငါ့ နား ကို နှိုး ဆော် တော် မူ ၏။
  • 5 အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ နား ကို ဖွင့် တော် မူ၍၊ ငါ လည်း မ ငြင်း မ ဆန်၊ မ ဖောက် မ ပြန် ချေ။
  • 6 ရိုက် နှက် သူ တို့ အား ကျော ကို လည်း ကောင်း၊ ပါး မြိုင် ဆွဲ သူ တို့ အား ပါး ကို လည်း ကောင်း၊ ငါ အပ် လျက် အ ရှက် ခွဲ ခြင်း၊ တံ တွေး ထွေး ခြင်း မှ မျက် နှာ ကို မ ကွယ်။
  • 7 သို့ ရာ တွင် အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ ကို မ စ တော် မူ သော ကြောင့် အ ရှက် မ ကွဲ ချေ။ အ ကျိုး မ ယုတ် ကြောင်း ငါ သိ ၍၊ မီး ခတ် ကျောက် သ ဖွယ် မျက် နှာ ကို ထား ၏။
  • 8 ငါ့ ကို ဖြောင့် မှန် သည် ဟု စီ ရင် သော အ ရှင် နီး သည့် အ တွက်၊ ငါ နှင့် ဘက် ပြိုင် ဝံ့ သူ ကား မည် သူ နည်း။ စုံ ညီ ရပ် ကြ ကုန် အံ့။ တ ရား ဘက် ကား မည် သူ နည်း။ ချဉ်း ကပ် ပါ စေ။
  • 9 အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ ကို မ စ တော် မူ သည် ဖြစ်၍ ဆိုး သည် ဟု မည် သူ စီ ရင် ဝံ့ သ နည်း။ ထို သို့ သော သူ အ ပေါင်း တို့ သည် အ ဝတ် ကဲ့ သို့ နွမ်း ရိ လျက်၊ ပိုး စာ ဖြစ် ကြ လိမ့် သ တည်း။
  • 10 သင် တို့ အ နက် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ ကျွန် တော် ရင်း စ ကား ကို နာ ခံ သူ မည် သူ နည်း။ အ လင်း ကင်း လျက် မှောင် မိုက်၌ သွား လာ သူ တိုင်း ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ကိုး စား၍ ကိုယ့် ဘု ရား သ ခင် ကို တံ ကဲ ပြု ပါ စေ။
  • 11 မီး ကို မွှေး၍ ကိုယ် ကို မီး ကျီး များ နှင့် ဝန်း ရံ သော သူ အ ပေါင်း တို့၊ ကိုယ့် မီး လျှံ တွင်း သို့ လည်း ကောင်း၊ ကိုယ် မွေး သော မီး ကျီး တွင်း သို့ လည်း ကောင်း၊ ဝင် သွား ကြ လော့။ ငါ့ လက် မှ ခံ ရ သော အ ကျိုး ဆက် ကား ဝေ ဒ နာ ခံ စား ရာ၌ အိပ် လဲ ရ ခြင်း တည်း။
回到本卷目录 回到本版本目录 回到首页