1
သ စ္စာ နှင့် ဟုတ် မှန် ခြင်း ကင်း လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ကို ထော မ နာ ပြု၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို တိုင် တည် လျက် သ စ္စာ ဆို သူ၊ ယု ဒ အ မျိုး စမ်း ရေ မှ ပေါက်၍၊ ဣ သ ရေ လ ဟု သ မုတ် ခြင်း ခံ သူ၊ အို ယာ ကုပ် အ မျိုး သား တို့၊ သန့် ရှင်း သော မြို့ သူ မြို့ သား ဟု ကိုယ် ကို သ မုတ် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား နာ မ တော် ရှိ သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ကို တံ ကဲ ပြု သည့် အ လျောက်၊ ဤ စ ကား ကို နား ထောင် ကြ လော့။
2
3
အ တိတ် အ ဖြစ် အ ပျက် များ ကို၊ ယ မန် က ပင် ငါ နှုတ် မြွက် ဖော် ပြ ကြား ပြော နှင့် သည့် အ လျောက်၊ ငါ ပြု လျှင် ပြု ချင်း ဖြစ် ပွား ခဲ့ ပြီ တ ကား။
4
သင် သည် သံ လည် ကုပ်၊ ကြေး န ဖူး ရှိ၍၊ ခဲ ယဉ်း သည် ကို ငါ သိ သော ကြောင့်၊
5
ကိုယ့် ရုပ် ပွား ဆင်း တု ဘု ရား စီ မံ ပြု လုပ် ပြီ ဟု၊ သင် ဆို ခွင့် မ ရ စေ ရန်၊ မ ဖြစ် ပျက် မီ၊ ယ မန် က ပင်၊ ငါ ကြား ပြော ဖော် ပြ လေ ပြီ။
6
ထို ဖြစ် ပျက် သ မျှ ကို အာ ရုံ ပြု လော့။ ကြား နာ ခဲ့ သော သင် တို့ သည် ဝန် မ ခံ ဘဲ နေ ကြ မည် လော။ ယ ခု မှ စ၍ သစ် သော အ ရာ၊ သင် မ သိ သေး သော ကွယ် ဝှက် ရာ များ ကို ငါ ကြား ပြော ဦး မည်။
7
ယ မန် က မ ဟုတ်၊ ယ ခု ပင် စီ မံ၏။ သိ နှင့် ပြီ ဟု သင် မ ဆို ရ စေ ရန်၊ ယ နေ့ မ တိုင် မီ ကြား ခွင့် မ ရ ချေ။
8
သင် သည် ဝမ်း တွင်း က ပင် လွန် ကျူး သူ ဟု အ ခေါ် ခံ ရ၍၊ သ စ္စာ ပျက် တတ် သည် ကို ငါ သိ သည့် အ လျောက်၊ နား မ ပွင့် ဘဲ၊ ကြား လည်း မ ကြား၊ သိ လည်း မ သိ၊ ကြာ မြင့် စွာ သင် နေ ခဲ့၏။
9
သို့ ရာ တွင် နာ မ တော် နှင့် ဂုဏ် တော် ကြောင့် သာ၊ အ မျက် တော် ကို ချုပ် တည်း လျက် နှောင့် နှေး စေ သ ဖြင့်၊ သင့် ကို ပယ် ဖျက် သည် မ ဟုတ်။
10
ငါ သည် သင့် ကို စစ် ဆေး ခဲ့ ပြီ။ ငွေ နည်း တူ မ ဟုတ်။ ဒု က္ခ တည်း ဟူ သော မိုက် တွင် ချ စမ်း ခဲ့ ပြီ။
11
နာ မ တော် သည် ရှုတ် ချ ခံ ခဲ့ ရ သော် လည်း၊ ကိုယ့် အ တွက် သာ ငါ စီ ရင် လိမ့် မည်။ ငါ့ ဘုန်း တော် ကို သူ တစ် ထူး အား လွှဲ အပ် မည် မ ဟုတ်။
12
အို ယာ ကုပ်၊ ငါ ခေါ် သူ ဣ သ ရေ လ၊ နာ ခံ လော့။ ငါ သာ လျှင် ငါ ဖြစ်၏။ ငါ သည် အာ ဒိ က ဖြစ်၏။ အ န္တိ မ လည်း ဖြစ်၏။
13
ငါ သည် လက် တော် ဖြင့် မြေ ပ ထ ဝီ ကို တည် ထောင် လေ ပြီ။ ညာ လက် တော် ဖြင့် မိုး ကောင်း ကင် ကို ကြက် လေ ပြီ။ မိန့် တော် မူ ကာ မျှ ဖြင့် တစ် ပြိုင် နက် တည် ရ၏။
14
သင် တို့ ရှိ သ မျှ စု ရုံး၍ နာ ခံ ကြ လော့။ ဤ အ ကြောင်း အ ရာ များ ကို ဖော် ပြ နှင့် သည် ကား အ ဘယ် ရုပ် တု နည်း။ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ သော သူ သည် ဗာ ဗု လုန် မြို့ တွင် ခါ လ ဒဲ လူ တို့၌ အ လို တော် ကို လက် ရုံး ဖြင့် ပြီး မြောက် စေ လိမ့် မည်။
15
ငါ ကိုယ် တိုင် အ မိန့် ရှိ လျက်၊ ထို သူ့ ကို ခေါ် ဆောင် ခဲ့ ပြီ။ ခ ရီး မှု ကို လည်း ထ မြောက် စေ လိမ့် မည်။
16
အ ထံ တော် သို့ ချဉ်း ကပ်၍ ဤ စ ကား ကို နား ထောင် ကြ လော့။ ရှေး ဦး က ဗျာ ဒိတ် ကို ကွယ် ဝှက် စွာ ငါ ပေး ခဲ့ သည် မ ဟုတ်။ ဤ အ မှု ဖြစ် စ ကာ လ၌ ပင် ငါ ရှိ ၏။ယ ခု မှာ အ ရှင် ထာ ဝ ရ ဘု ရား သည် ဝိ ညာဉ် တော် နှင့် တ ကွ၊ အ ကျွန်ုပ် ကို စေ လွှတ် တော် မူ ပြီ။
17
ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင်၊ သင့် ကို ရွေး နုတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် အ ကျိုး ရှိ စေ ရန် သင့် ကို သွန် သင်၍၊ သွား လာ အပ် သော လမ်း ဖြင့် ပို့ ဆောင် သော သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ၏။
18
သင် သည် ငါ့ ပ ညတ် များ ကို စောင့် ရှောက် ခဲ့ ပါ စေ တော့။ သို့ ပြု ခဲ့ လျှင် သင့် ချမ်း သာ သည် မြစ် ရေ နှင့် အ မျှ၊ အောင် မြင် ခွင့် လည်း သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး နှင့် အ မျှ ဖြစ် လျက်၊ အ မျိုး အ နွယ် သား မြေး မြစ် တို့ သည်၊
19
ရှေ့ တော် တွင် အ မည် မ ပျက် မ ကွယ် မ ပြတ် မ စဲ ဘဲ၊ သဲ ပြင် သဲ လုံး နှင့် အ မျှ များ ပြား ခဲ့ လေ ပြီ ဟု မိန့် တော် မူ ၏။
20
ဗာ ဗု လုန် မြို့ တွင်း မှ ထွက် ကြ လော့။ ခါ လ ဒဲ လူ တို့ ဘောင် မှ သွား ကြ လော့။ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် နှံ့ ပြား စေ လျက်၊ ကြွေး ကြော် သံ နှင့် တ ကွ ဖော် ပြ ကြား ပြော ရ မည် မှာ၊ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း ယာ ကုပ် ကို ရွေး နုတ် တော် မူ ပြီ။
21
ဆိတ် ညံ ရာ အ ရပ် တွင် ဆောင် သွား တော် မူ သော် လည်း၊ ရေ မ ငတ် ကြ ရ။ သူ တို့ အ ဖို့ ကျောက် တောင် တွင်း က ရေ ကျ စေ သည့် ပြင်၊ ကျောက် တစ် တောင် ကို ဖောက် ခွဲ တော် မူ၍၊ ရေ ထွက် စီး သည် ဟု ကြွေး ကြော် ကြ လော့။
22
လူ ဆိုး တို့ မူ ကား၊ ချမ်း သာ မ ရ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။