ဟေ​ရှာ​ယ-46

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဗေ လ ဘု ရား သည် ဦး ညွှတ် ခြင်း၊ နေ ဗော ဘု ရား သည် ပျပ် ဝပ် ခြင်း ပြု ရ၏။ ၎င်း ရုပ် တု များ ကို သား ယဉ် တိ ရ စ္ဆာန် များ ပေါ် တွင် တင် ကြ သည့် အ လျောက်၊ သင် တို့ ပင့် ဆောင် တတ် ကြ သော အ ရာ များ ကို ဝန် အ ဖြစ် မော ဟိုက် စွာ ရုန်း သွား ကြ ရ၏။
  • 2 ထို ဝန် ကို လွတ် မြောက် ခွင့် မ ပြု နိုင် ဘဲ၊ ဦး ညွှတ် ပျပ် ဝပ် လျက် ပင် သုံ့ ပန်း ခံ ရ လေ စွ တ ကား။
  • 3 ဝမ်း တွင်း က ပင် ရုန်း ဆောင် တော် မူ ခြင်း၊ ဖွား စ က ပင် ချီ ဆောင် တော် မူ ခြင်း ကို ခံ ခဲ့ သူ ယာ ကုပ် အ မျိုး သား၊ ဣ သ ရေ လ အ မျိုး သား အ ကြွင်း အ ကျန် တို့ နာ ခံ ကြ လော့။
  • 4 ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ သင် တို့ အို မင်း၍ ဆံ ဖြူ သည့် တိုင် အောင်၊ ထမ်း ဆောင် မည်။ ငါ ဖန် ဆင်း ခဲ့ သည့် အ လျောက် ချီ ဆောင် ဦး မည်။ ငါ သည် ထမ်း ဆောင်၍ လွှတ် မြောက် စေ လိမ့် မည်။
  • 5 ငါ့ ကို မည် သူ နှင့် ထပ် တူ ပုံ ပြ၍ နှိုင်း ယှဉ် တု ဖက် ကြ မည် နည်း။
  • 6 အိတ် ထဲ မှ ရွှေ ကို ထုတ် ခြင်း၊ ချိန် ခွင် နှင့် ငွေ ကို စက် ခြင်း ခြင်း ပြု သော သူ တို့ သည် ပန်း ထိမ် သည် ကို ငှား၍၊ ဘု ရား ရုပ် တု လုပ် စေ ပြီး လျှင်၊ ပျပ် ဝပ် ရှိ ခိုး တတ် ကြ သည် တ ကား။
  • 7 ထို ရုပ် တု သည် ထမ်း ဆောင် ခြင်း၊ ချီ ဆောင် ခြင်း ခံ လျက် ချ ထား ရာ မှ မ ရွေ့ နိုင် ဘဲ၊ တည် မြဲ တည် ရ၏။ ခေါ် သော် လည်း မ ထူး။ ဒု က္ခ ရောက် သော် လည်း မ ကယ် နိုင် ချေ။
  • 8 အ ချင်း လွန် ကျူး သူ တို့၊ သ တိ ရ၍ နှ လုံး သွင်း ပြီး လျှင်၊ တည် ကြည် စွာ နေ ကြ လော့။
  • 9 အ တိတ် ကာ လ ဖြစ် ဖူး သော အ ရာ များ ကို သ တိ ရ ကြ လော့။ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ်၏။ အ တု မ ရှိ သော ဘု ရား ပေ တည်း။
  • 10 အ စ က ပင် အ ဆုံး ကို လည်း ကောင်း၊ အ တိတ် က ပင် အ နာ ဂတ် အ ရာ များ ကိုလည်း ကောင်း၊ ဖော် ပြ ခြင်း။ ငါ့ အ ကြံ တည်၍ အ လို ရှိ သ မျှ ကို ပြီး မြောက် စေ မည် ဟု မိန့် မြွက် ခြင်း၊
  • 11 အ လို တော် အ တိုင်း ပြီး မြောက် စေ ရန်၊ ဝေး ကွာ သော အ ရှေ့ မျက် နှာ မှ၊ ငှက် ရဲ သ ဖွယ် ဖြစ် သူ့ အား ခေါ် ခြင်း များ ကို ငါ ပြု၏။ မု ချ အား ဖြင့်၊ ငါ မိန့် ခဲ့ သည့် အ တိုင်း ဖြစ် စေ လိမ့် မည်။ ပြ ဌာန်း ခဲ့ သည့် အ တိုင်း စီ ရင် လိမ့် မည်။
  • 12 ဖြောင့် မတ် ခြင်း နှင့် ဝေး ကွာ လျက်၊ စိတ် ရဲ ဝံ့ သူ တို့၊ နာ ခံ ကြ လော့။
  • 13 အောင် မြင် တော် မူ ခြင်း ကို ငါ ချဉ်း ကပ် စေ ပြီ။ ဝေး ကွာ သည် မ ဟုတ်။ ကယ် တင် တော် မူ ခြင်း လည်း ဆိုင်း လင့် မည် မ ဟုတ်။ ဇိ အုန် တောင်၌ ကယ် တင် တော် မူ ခြင်း ကို လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး တို့၌ ဘုန်း တော် ကို လည်း ကောင်း ငါ တည် စေ မည်။
回到本卷目录 回到本版本目录 回到首页