1
အို သ တို့ သ မီး က ညာ ဗာ ဗု လုန်၊ ဆင်း ကျ လျက် မြေ မုန့် တွင် ထိုင် နေ လော့။ အို သ တို့ သ မီး ခါ လ ဒဲ လူ မျိုး၊ နန်း ကျ လျက် မြေ ပေါ် တွင် ထိုင် နေ လော့။ နောက် တစ် ဖန် နူး ညံ့ ပျော် မွေ့ သူ ဟူ ၍ အ ခေါ် မ ခံ ရ။
2
ကြိတ် ဆုံ ကို ကိုင် ဆောင် လျက်၊ စ ပါး ကို ကြိတ် လော့။ ရှေ့ ကာ ကို ပယ် ၍၊ မာ လိ က တန် ဆာ ချွတ် ပြီး လျှင်၊ ပေါင် လယ် ထိ မ လျက်၊ မြစ် ချောင်း များ ကို ဖြတ် သန်း လော့။
3
သင် သည် အ ဝတ် အ ချည်း စည်း နေ ရ ၍ ကဲ့ ရဲ့ ဖွယ် အ ကြောင်း ထင် ရှား လိမ့် မည်။ ငါ သည် မည် သူ့ ကို မျှ မ ညှာ တာ ဘဲ လက် စား ချေ လိမ့် မည်။
4
ငါ တို့ ကို ရွေး နုတ် ပိုင် ရှင်၏ နာ မ တော် ကား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ သန့်ရှင်း သော အ ရှင် ပေ တည်း။
5
အို သ တို့ သ မီး ခါ လ ဒဲ လူ မျိုး၊ မှောင် ကျ ရာ သို့ ဝင် သွား ၍ တိတ် ဆိတ် စွာ ထိုင် နေ လော့။ နောက် တစ် ဖန် နိုင် ငံ များ ၏ အ ရှင် မ ဟူ ၍ အ ခေါ် မ ခံ ရ။
6
လူ မျိုး တော် ကို အ မျက် ထား ခိုက်၊ ပိုင် ရာ တော် ကို ရှုတ် ချ လျက်၊ သင့် လက် တွင်း သို့ ငါ အပ် လိုက် ရာ၊ သင် သည် က ရု ဏာ ကင်း လျက် လေး လံ သော ထမ်း ပိုး ကို၊ အို မင်း သူ တို့ အ ပေါ် တွင် တင် သည့် ပြင်၊
7
အ ရှင် မ အ ဖြစ် အ မြဲ နေ မည် ဟု အောက် မေ့ လျက်၊ ထို အ ကြောင်း အ ရာ များ ကို နှ လုံး မ သွင်း၊ အ ကျိုး အ ပြစ် ကို လည်း သ တိ မ ထား ပါ တ ကား။
8
ငါ မှ တစ် ပါး၊ မည် သူ မျှ မ ရှိ။ မု ဆိုး မ အ ဖြစ် ကို လည်း ကောင်း၊ သား ဆုံး ပါး ခြင်း ကို လည်း ကောင်း၊ ငါ မ ခံ ရ ဟု စိတ် တွင် အောက် မေ့ လျက်၊ ပျော် မွေ့ လျစ် လျူ စွာ နေ ထိုင် သူ၊ ယ ခု နား ထောင် လော့။
9
တစ် နေ့ ချင်း ပင် သား ဆုံး ခြင်း၊ လင် ဆုံး ခြင်း တည်း ဟူ သော ဘေး နှစ် မျိုး သည်၊ ရှောင် တ ခင် သင့် ရောက် လိမ့် မည်။ သင်၌ မ န္တာန် မြောက် မြား ၍၊ ဝိ ဇ္ဇာ အ တတ် လွန် ကဲ သော် လည်း အ ကုန် အ စင် သင့် ရောက် လိမ့် မည်။
10
သင် က မည် သူ မျှ မ မြင် ဟု ဆို လျက်၊ ကိုယ့် ပြစ် မှု ကို စိတ် ချ သည့် အ လျောက် အ သိ ပ ညာ နှင့် ဉာဏ် ပ ညာ အ တွက် လမ်း လွဲ သ ဖြင့်၊ ငါ မှ တစ် ပါး မည် သူ မျှ မ ရှိ ဟု၊ စိတ် တွင် ထင် မှတ် သော ကြောင့်၊
11
မ န္တာန် ဖြင့် မ ကွယ် ကာ နိုင် သော ဘေး၊ မ ပုန်း ရှောင် နိုင် သော ဥ ပဒ်၊ မ မြော် မြင် နိုင် သော အ န္တ ရာယ် များ သည်၊ သင့် အ ပေါ် တွင် ရှောင် တ ခင် သင့် ရောက် လိမ့် မည်။
12
ငယ် ရွယ် စဉ် က ပင်၊ သင် လုံ့ လ ပြု ခဲ့ သော မ န္တ ရား နှင့် ဝိ ဇ္ဇာ အ တတ် အ မြောက် အ မြား ကို သာ မှီ ဝဲ လော့။ အ ကျိုး ရ ကောင်း ရ လိမ့် မည်။ ခြိမ်း ချောက် တတ် ကောင်း တတ် လိမ့် တ ကား။
13
သင် သည် အ တိုင် အ ပင် များ ပြား သ ဖြင့်၊ ညီး လှ လေ စွ။ အာ ကာ သ ကို ပိုင်း ခြား ခြင်း၊ ကြယ် န က္ခတ် ကို ရှု မှတ် ခြင်း၊ သင်၌ ဖြစ် ပျက် အံ့ သော အ ရာ များ ကို လ စဉ် ကြား ပြော ခြင်း ပြု တတ် သူ တို့ သည်၊ ရပ် တန့် လျက် သင့် ကို ကယ် မ ကြ စေ။
14
၎င်း တို့ သည် ဖွဲ ကဲ့ သို့ ဖြစ်၍ ကျွမ်း လောင် ခြင်း ခံ ရ လိမ့် မည်။ မီး လျှံ အ ရှိန် မှ ကိုယ် ကို မ ကယ် နိုင်။ ထို မီး ရှိန် သည် တူ ရူ ထိုင်၍ လှုံ ဖွယ် မီး ကျီး မ ဟုတ် ချေ။
15
သင် လုံ့ လ ပြု ခဲ့ သော အ ရာ များ သည် ထို သို့ ဖြစ် လိမ့် မည်။ ငယ် ရွယ် စဉ် က ပင် ဉာဏ် ကူး ဘက် ဖြစ် သူ တို့ လည်း၊ ကယ် မ ခြင်း မ ပြု ဘဲ၊ ကိုယ့် ဆိုင် ရာ ဆိုင် ရာ လွင့် သွား ကြ လိမ့် သ တည်း။