1
လူ မျိုး ခြား တို့ ကို မျက် မှောက် တွင် နှိမ့် နင်း ၍ ဘု ရင် တို့၏ ခါး စည်း ကြိုး ကို လျော့ ဟာ စေ ရန် လည်း ကောင်း၊ နန်း မြို့ တံ ခါး၊ မြို့ ကြီး တံ ခါး များ ကို ပိတ် နိုင် ခွင့် မ ရ ကြ အောင် ဖွင့် လှစ် ရန်လည်း ကောင်း ညာ လက် ကို ငါ ကိုင် ဆွဲ လျက်၊ ဘိ သိက် တော် ခံ ကု ရု မင်း အား၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား။
2
ငါ သည် ဣ သ ရေ လ အ မျိုး၏ ဘု ရား သ ခင်၊ အ မည် ဖြင့် သင့် ကို ခေါ် ခဲ့ သော ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ စေ ရန်၊ သင့် ရှေ့ တွင် ငါ ကြွ ချီ၍၊ မောက် ရာ များ ကို ညီ ညွတ် စေ သည့် ပြင်၊ ကြေး တံ ခါး များ ကို ဖောက် ဖျက်၍၊ သံ မင်း ထုပ် များ ကို လည်း ချိုး ဖြတ် ပြီး လျှင်၊ ကွယ် ဝှက် ရာ ဥ စ္စာ နှင့် သိုက် ဘ ဏ္ဍာ များ ကို ငါ ထုတ် ပေး မည်။
3
4
ငါ့ ကျွန် ရင်း ယာ ကုပ်၊ ငါ ရွေး ချယ် သူ ဣ သ ရေ လ အ တွက်၊ ငါ့ ကို သင် မ သိ လျက် ပင် အ မည် ဖြင့် သင့် ကို ခေါ်၍၊ ဘွဲ့ နာ မ ကို ငါ သ မုတ် လေ ပြီ။
5
ငါ သာ လျှင်၊ ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ နေ ထွက် ရာ အ ရပ် နှင့် နေ ဝင် ရာ အ ရပ် သား တို့ သည်၊ ငါ မှ တစ် ပါး အ ခြား ဘု ရား မ ရှိ ကြောင်း ကိုလည်း ကောင်း၊ ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကိုလည်း ကောင်း၊ သိ ကြ စေ ခြင်း ငှာ၊ ငါ့ ကို သင် မ သိ လျက် ပင်၊ သင့် ခါး ကို ငါ စည်း တော် မူ ပြီ။
6
7
ငါ သည် အ လင်း ကို ပြု ပြင်၍ အ မိုက် ကို လည်း ဖန် ဆင်း၏။ သု ခ ကို စီ ရင်၍ ဒု က္ခ ကို လည်း ဖန် ဆင်း၏။ ထို သို့ သော အ ရာ ရှိ သ မျှ ကို ငါ ထာ ဝ ရ ဘု ရား စီ မံ တော် မူ၏။
8
အ ချင်း မိုး ကောင်း ကင် အ ထက် မှ ယို ကျ လော့။ မိုး တိမ် များ လည်း တ ရား တော် ကို ချ ရွာ စေ။ မြေ ပ ထ ဝီ သည် ပွင့် ဟ၍ ချမ်း သာ နှင့် ဖြောင့် မတ် ခြင်း များ ကို ဖြစ် ပွား ပေါ် ပေါက် ကြ စေ။ ငါ ထာ ဝ ရ ဘု ရား သည် ထို သို့ သော အ ရာ ကို ဖန် ဆင်း တော် မူ ပြီ ဟူ၍ တည်း။
9
ဖန် ဆင်း တော် မူ သော အ ရှင် နှင့် မြေ အိုး များ အ နက် တစ် လုံး မျှ သာ ဖြစ် သော၊ ဖက် ပြိုင် သူ သည် အ မင်္ဂ လာ ရှိ၏။ အိုး ထိန်း အား မြေ စေး က၊ မည် သည့် အ ရာ ကို ပြု လုပ် သ နည်း ဟူ၍ လည်း ကောင်း၊ သင့် လက် ဖြစ် က၊ သင်၌ လက် မ ရှိ ဟူ၍ လည်း ကောင်း ဆို အပ် သ လော။
10
အ ဖ ဖြစ် သူ အား၊ မည် သည့် အ ရာ ကို ဖြစ် စေ သ နည်း ဟူ၍ လည်း ကောင်း၊ မိန်း မ ဖြစ် သူ အား၊ မည် သည့် အ ရာ ကို ဖွား မြင် သ နည်း ဟူ၍ လည်း ကောင်း ကဲ့ ရဲ့ သော သူ သည် အ မင်္ဂ လာ ရှိ၏။
11
ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း၍ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ အ နာ ဂတ် အ ရာ များ ကို၊ ငါ့ ထံ မေး မြန်း ကြ လော့။ ငါ သား တို့ နှင့် လက် ဖြစ် တော် ကို ကား ငါ၌ ရှိ ပါ စေ လော့။
12
ငါ သည် မြေ ပ ထ ဝီ ကို ပြု ပြင်၍ မြေ ပေါ် တွင် လူ ကို ဖန် ဆင်း လေ ပြီ။ မိုး ကောင်း ကင် ကို ကိုယ့် လက် ဖြင့် ကြက်၍၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ ကို စီ မံ ပြီး ဖြစ် သည် နှင့် အ ညီ၊
13
ဖြောင့် မတ် သည့် အ တိုင်း၊ ထို မင်း ကို ငါ ပေါ် ထွန်း စေ သ ဖြင့်၊ ချီ လေ တိုင်း ညီ ညွတ် စေ မည်။ သူ သည် ငါ၏ မြို့ တော် ကို ပြု ပြင် လျက်၊ သုံ့ ဖမ်း ခံ ရ သူ ငါ့ လူ မျိုး တော် ကို လည်း၊ ဆု လပ် ဂုဏ် ခ ကင်း လျက် လွတ် စေ လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
14
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ အိ ဂျစ် ပြည်၏ ချွေး နဲ စာ၊ ကု ရှ ပြည်၏ အ မြတ် ငွေ နှင့် တ ကွ၊ အ ရပ် အ မောင်း မြင့် သော သေ ဘ အ မျိုး သား တို့ သည် ပိုင် ဆိုင် ရာ အ ဖြစ်၊ သင့် ထံ သို့ ရောက် ကြ လိမ့် မည်။ ထို သူ တို့ သည် ခြေ ချင်း စွဲ လျက် သင့် ကို လိုက် ရှာ ရာ အ ရှင် တို့ တွင် ဘု ရား သ ခင် မု ချ ရှိ တော် မူ၏။ ထို ဘု ရား မှ တစ် ပါး၊ အ ခြား ဘု ရား တစ် ဆူ မျှ မ ရှိ။ အို ကယ် တင် ပိုင် ရှင် ဖြစ် သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား၊ ကိုယ် တော် သည် ပုန်း ကွယ် တော် မူ သော ဘု ရား မု ချ ဖြစ် ကြောင်း၊ သင့် ထံ ဦး ညွှတ် တောင်း ပန် ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
15
16
ရုပ် ပွား ကို ထု လုပ် သူ အ ပေါင်း တို့ သည် ကျိုး ယုတ် ရှက် ကွဲ၍ ရှုတ် ချ ခြင်း သို့ ရောက် ကြ လိမ့် မည်။
17
ဣ သ ရေ လ လူ မျိုး မူ ကား ကျိုး ယုတ် ရှက် ကွဲ ခြင်း နှင့် အ စဉ် ကင်း လွတ် လျက် ထာ ဝ ရ ဘု ရား အား ဖြင့်၊ အ မြဲ ကယ် တင် ခြင်း သို့ ရောက် ကြ လ တ္တံ့။
18
အ သို့ ဆို သော်၊ ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ မိုး ကောင်း ကင် ကို ဖန် ဆင်း တော် မူ ထ သော၊ မြေ ပ ထ ဝီ ကို လည်း စီ ရင် ပြု ပြင် တော် မူ ထ သော၊ လ ဟာ သက် သက် မ ဟုတ်၊ နေ ထိုင် ရာ အ ဖြစ် ဖြင့် ဖန် ဆင်း ပြု ပြင်၍ တည် စေ တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ်၏။
19
ငါ သည် မှောင် ကျ ရာ ပြည်၌၊ ဗျာ ဒိတ် ကို ကွယ် ဝှက် စွာ ပေး ခဲ့ သည် မ ဟုတ်။ ယာ ကုပ် အ မျိုး အ နွယ် တို့ အား လည်း၊ အ ကျိုး မဲ့ ရှာ ဖွေ ကြ လော့ ဟု မိန့် ခဲ့ သည် မ ဟုတ်။ ငါ ထာ ဝ ရ ဘု ရား သည် ဖြောင့် မှန် စွာ ဗျာ ဒိတ် ထား လျက်၊ ဟုတ် မှန် စွာ ဖော် ပြ၏။
20
လူ မျိုး ခြား တို့ အ နက် လွတ် မြောက် ခဲ့ သော သင် တို့၊ စု ရုံး လာ ရောက် ချဉ်း ကပ် ကြ လော့။ ကယ် တင် ပိုင် ခွင့် မ ရှိ သော ဘု ရား ကို ပ ဌ နာ ပြု လျက်၊ သစ် တုံး ဖြစ် သော ရုပ် ပွား ဆင်း တု ကို ပင့် ဆောင် တတ် သူ တို့ သည်၊ အ သိ ဉာဏ် မ ရှိ ကြ ချေ။
21
နှီး နှော တိုင် ပင် ပြီး လျှင်၊ ဖော် ပြ လဲ လျှောက် ကြ စေ။ ယ မန် ရှေး ကာ လ က ပင်၊ ဤ အ မှု အ ရာ ကို ဖော် ပြ ကြား ပြော သော အ ရှင် ကား၊ မည် သူ နည်း။ ငါ ထာ ဝ ရ ဘု ရား မ ဟုတ် လော။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ ငါ မှ တစ် ပါး လည်း၊ ဖြောင့် မတ် ခြင်း နှင့် ပြည့် စုံ၍ ကယ် တင် ပိုင် တော် မူ သော ဘု ရား တစ် ဆူ မျှ မ ရှိ ချေ။
22
အို မြေ ကြီး စွန်း အ ပေါင်း တို့ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ် တော် မူ သော ကြောင့်၊ ငါ့ ကို လှည့် ကြည့်၍ ကယ် တင် ခြင်း ကို ခံ ကြ လော့။
23
ငါ ကိုယ် တိုင် ကို တိုင် တည်၍ သ စ္စာ ထား ချက် အ ရ၊ လူ တိုင်း ငါ့ ရှေ့ တွင် ဒူး ထောက် ခြင်း၊ နှုတ် ဖြင့် သ စ္စာ တော် ခံ ခြင်း များ ကို ပြု ရ လိမ့် မည် ဟု ဖြောင့် မှန် သော ဗျာ ဒိတ် သည် နှုတ် တော် မှ ထွက် ပြီ။ ရုပ် သိမ်း မည် မ ဟုတ်။
24
ထာ ဝ ရ ဘု ရား ကြောင့် သာ အောင် မြင် ခွင့်၊ စွမ်း ရည် ရှိ ခွင့် ရ သည်။ ကိုယ် တော် ကို မျက် မုန်း ကြိုး သူ အ ပေါင်း တို့ ပင် အ ထံ တော် သို့ တိုး ဝင် ရ လျက် အ ရှက် ကွဲ ကြ လ တ္တံ့။
25
ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ ကား၊ ထာ ဝ ရ ဘု ရား ကြောင့် အောင် မြင် ခွင့် ရ၍၊ ဂုဏ် ရောက် ကြ လိမ့် မည့် အ ကြောင်း၊ ဝန် ခံ လေ့ ရှိ လ တ္တံ့ ဟု မိန့် တော် မူ သ တည်း။