1
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။
2
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
3
ငါ သည် သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ သင့် ကို ကယ် တင် ပိုင် ရှင် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ဖြစ် သည် နှင့် သင့် ကို ရွေး နုတ် ဖိုး အ ဖြစ် အိ ဂျစ် ပြည် ကိုလည်း ကောင်း၊ သင့် အ စား ကု ရှ ပြည်၊ သေ ဘ ပြည် များ ကိုလည်း ကောင်း၊ ငါ အပ် နှင်း သည့် ပြင်၊
4
ငါ့ ရှေ့ တွင် အ ဖိုး ထိုက်၍၊ အ သ ရေ ရှိ သော မြတ် နိုး ရာ ဖြစ် သော ကြောင့် သင့် အ စား လူ တို့ ကိုလည်း ကောင်း၊ သင့် အ သက် အ စား လူ မျိုး တို့ ကိုလည်း ကောင်း၊ အပ် နှင်း ဦး မည်။
5
ငါ ပါ ရှိ သည် ဖြစ်၍ မ ကြောက် လင့်။ အ ရှေ့ အ နောက် မျက် နှာ များ မှ သင့် အ မျိုး အ နွယ် ကို စု သိမ်း ခေါ် ယူ လျက်။
6
မြောက် မျက် နှာ အား အပ် လော့ ဟူ၍လည်း ကောင်း၊ တောင် မျက် နှာ အား၊ မ ထိမ် မ ချန် နှင့် ဟူ၍လည်း ကောင်း၊ ဘုန်း တော် ကို ထင် ရှား စေ ရန် ငါ စီ မံ ပြု ပြင် ဖန် ဆင်း ပြီး သူ၊ ငါ့ နာ မ ဖြင့် သ မုတ် သော သား သ မီး ဟူ သ မျှ တို့ ကို၊ ဝေး ကွာ ရာ မြေ ကြီး အ စွန်း မှ ပင် ခေါ် ဆောင် ခဲ့ လော့ ဟူ၍လည်း ကောင်း မိန့် ဆို ဦး မည်။
7
8
မျက် စိ ရှိ လျက် မ မြင်၊ နား ရှိ လျက် မ ကြား သော လူ မျိုး ကို ထုတ် ဆောင် လော့။
9
လူ မျိုး ခြား ပြည် ထောင် သား အ ပေါင်း တို့ လည်း စည်း ဝေး စု ရုံး ကြ ပြီး လျှင်၊ ၎င်း တို့ အ နက်၊ ထို သို့ သော အ ချက် ကို ဖော် ပြ နိုင် သူ၊ အ တိတ် ဟော ချက် များ ကို ပြန် ကြား နိုင် သူ ကား မည် သူ နည်း။ သူ တို့ ပြန် ကြား ချက် မှန် ကြောင်း ထင် ရှား စေ ရန် သက် သေ တို့ ကို ခေါ် သွင်း ကြ စေ။ ၎င်း တို့ ကြား နာ ပြီး လျှင်၊ မှန် ကြောင်း ဝန် ခံ ကြ စေ။
10
ငါ့ ကို သိ ကျွမ်း ယုံ ကြည် ရန်လည်း ကောင်း၊ ငါ သာ လျှင် ငါ ဖြစ် သည် ဟု နား လည် ရန် လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ၊ ငါ ရွေး ချယ် သော ကျွန် ရင်း ဖြစ် ကြ၏။ ငါ အ ရင် ဘု ရား တစ် ဆူ မျှ မ ပွင့်။ ငါ့ နောက် လည်း၊ ပေါ် မည် မ ဟုတ်။
11
ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ ကယ် တင် ပိုင် ရှင် မ ရှိ ချေ။
12
ငါ သည် ဗျာ ဒိတ် ပေး ခြင်း၊ ကယ် တင် ခြင်း၊ ကြား ပြော ခြင်း များ ကို ပြု ခဲ့ ပြီ။ သင် တို့ အ တွင်း အ ခြား သော ဘု ရား မ ရှိ။ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ တည်း။ ငါ လည်း သင် တို့ ဘု ရား ပေ တည်း။
13
ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။
14
သင် တို့ ကို ရွေး နုတ် ပိုင် ရှင်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ သင် တို့ အ တွက် ဗာ ဗု လုန် မြို့ သို့ ငါ စေ လွှတ် လိုက် ရာ၊ ခါ လ ဒဲ အ မျိုး သား ရှိ သ မျှ တို့ ကို၊ မောက် ကြွား သော သင်္ဘော များ နှင့် လူ ပြေး အ ဖြစ်၊ စုန် ဆင်း စေ လိမ့် မည်။
15
ငါ သည် သင် တို့၏ သန့် ရှင်း သော အ ရှင်၊ သင် တို့၏ ဘု ရင်၊ ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း သော ထာ ဝ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ ၏။
16
အား ကြီး သော သ မု ဒ္ဒ ရာ၌ လမ်း ခ ရီး ကို ပြု ပြင် တော် မူ ထ သော၊ ရ ထား တပ် မြင်း တပ် နှင့် တ ကွ၊ ဗိုလ် ထု အ လုံး အ ရင်း ကို ထုတ် ဆောင် ပြီး လျှင်၊ မ ထ နိုင် အောင် တစ် ပြိုင် နက် ဖြို လှဲ တော် မူ ထ သော၊ ကုန် ဆုံး စေ ၍ မီး စာ ကဲ့ သို့ ငြိမ်း သတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊
17
18
အ တိတ် ကာ လ ဖြစ် ဖူး သော အ မှု ဟောင်း များ ကို အ မှတ် မ ပြု၊ ဂ ရု မ စိုက် ကြ နှင့်။
19
ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။
20
ဘုန်း တော် ကို ဖော် ပြ ကြ စေ ခြင်း ငှာ ပိုင် ဆိုင် တော် မူ ရာ အ ဖြစ် ငါ ပြု ပြင် ရွေး ချယ် သော လူ မျိုး တော် ကို ရေ တိုက် လို၍ သဲ တော၌ ရေ ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ ပေါက် ရောက် စေ သ ဖြင့်၊ ခွေး အ နှင့် ငှက် ကု လား အုပ် မှ စ၍ တော သား ရဲ တို့ ပင်၊ ဂုဏ် တော် ကို ဝန် ခံ ကြ လိမ့် မည်။
21
22
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင် ကား။ ငါ့ အ တွက် ညီး ငွေ့၍၊ ငါ့ ကို ပ ဌ နာ ပြု လေ့ မ ရှိ။
23
မီး ရှို့ ရာ သ က္ကာ အ ဖို့၊ သိုး ဆိတ် များ ကို ငါ့ ထံ ဆက် သွင်း ခြင်း၊ ယဇ် စီ ရင် ၍ ချီး မွမ်း ခြင်း များ ကို ပြု လေ့ မ ရှိ။ ငါ သည်၊ သင် ညီး ငွေ့ အောင် ဘော ဇဉ် သ က္ကာ ဆက် ကပ် မှု၊ လော ဗန် ပူ ဇော် မှု များ ကို မ ထမ်း ဆောင် စေ သော် လည်း၊
24
သင် သည်၊ ငါ့ အ တွက် နံ့ သာ ပင် ကို တန် ဖိုး နှင့် မ ဝယ်။ ပူ ဇော် သော ဆီ ဥ နှင့် အာ ရုံ တော် မ ဖြေ ဘဲ၊ ငါ ညီး ငွေ့ အောင် ပြစ် မှု ဒု စ ရိုက် မှု ဝန် များ ကို ထမ်း ဆောင် စေ ပြီ တ ကား။
25
ငါ သည် ကိုယ့် အ တွက် သာ လျှင် သင့် ပြစ် မှု များ ကို မေ့ လျော့ ၍၊ လွန် ကျူး မှု များ ကို ဖြေ ဖျောက် သော အ ရှင် ဖြစ် သ တည်း။
26
ငါ့ ကို အ မှတ် ရ ပါ စေ။ တ ရား ဆိုင် ကြ ကုန် အံ့။ သင် သည် ဖြောင့် မှန် ရာ ရောက် အောင် လဲ လျှောက် လော့။
27
သင့် အ ဘ ဦး ပြစ် မှား၍၊ ဗျာ ဒိတ် တော် ဆင့် တို့ လွန် ကျုး ကြ သော ကြောင့်၊
28
ငါ သည် ဘိ သိက် ခံ သော မင်း များ ကို ရှုတ် ချ လျက်၊ ယာ ကုပ် အ မျိုး ကို မြေ လှန် ရာ သို့ လည်း ကောင်း၊ ဣ သ ရေ လ အ နွယ် ကို ပုတ် ခတ် ဆဲ ရေး ရာ သို့ လည်း ကောင်း၊ အပ် လိုက် ခဲ့ ပြီ ဟု မိန့် တော် မူ ၏။