ဟေ​ရှာ​ယ-41

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ ချင်း ကျွန်း ကြီး ကျွန်း ငယ် တို့၊ ငါ့ ထံ သို့ ဆိတ် ဆိတ် တိုး ဝင် ကြ လော့။ လူ အ မျိုး မျိုး တို့ လည်း၊ အား ယူ၍ ချဉ်း ကပ် လဲ လျှောက် ကြ စေ။ တ ရား ဆိုင် ပြိုင် ကြ ကုန် အံ့။
  • 2 ခြေ လှမ်း တိုင်း ဖြင့် အောင် မြင် ခွင့် ရ သော သူ့ ကို အ လင်း ထွက် ရာ အ ရပ် မှ ပေါ် ထွန်း စေ သော အ ရှင် ကား မည် သူ နည်း။ ထို အ ရှင် သည် လူ မျိုး တို့ ကို သူ့ ထံ အပ် နှင်း၍ အ မင်း မင်း တို့ အ ပေါ် တွင် နှိမ် နင်း ခွင့် ရ စေ သ ဖြင့်၊ ဓား ရှေ့ မြေ မုန့် ကဲ့ သို့လည်း ကောင်း၊ လေး ရှေ့ လွင့် သော ဖွဲ ကဲ့ သို့လည်း ကောင်း၊ အပ် ပေး သည် နှင့်
  • 3 မြေ မ နင်း ဘဲ လိုက် လံ ခွင့်၊ ဘေး မ တွေ့ ဘဲ လွန် မြောက် ခွင့် ပေး တော် မူ၏။
  • 4 ထို သို့ စီ ရင် ပြု ပြင် သော အ ရှင် ကား မည် သူ နည်း။ ရှေး ဦး မှ စ သော လူ မျိုး အ ဆက် ဆက် ကို ခေါ် ထုတ်၍၊ အာ ဒိ က မှ အ န္တိ မ တိုင် တည် သော ငါ ထာ ဝ ရ ဘု ရား ပေ တည်း။
  • 5 ကျွန်း ကြီး ကျွန်း ငယ် များ သိ မြင် ထိတ် လန့် ကြ ရာ၊ မြေ ကြီး အ စွန်း အ ဖျား များ ပင် တုန် လှုပ် လာ ရောက် ချဉ်း ကပ် ကြ ၏။
  • 6 အ ပေါင်း အ ဖော် ညီ အစ် ကို အ ချင်း ချင်း ကူ ညီ လျက်၊ အား ယူ လော့ ဟု ဆို ကြ သည့် အ တိုင်း၊
  • 7 ပန်း တည်း သည် ပန်း ထိမ် ကို လည်း ကောင်း၊ အ ချော ထု သူ သည် တူ ရိုက် သူ့ ကိုလည်း ကောင်း၊ အား ပေး၍ ဂ ဟေ ကောင်း သည် ဟု ဆို လျက်၊ ရုပ် ပွား ဆင်း တု ကို ခိုင် ခံ့ စေ ခြင်း ငှာ သံ မှို နှက် တတ်၏။
  • 8 ငါ့ ကျွန် ရင်း ဣ သ ရေ လ၊ ငါ ရွေး ချယ် သူ ယာ ကုပ်၊ ငါ့ အ ဆွေ အာ ဗြ ဟံ၏ အ မျိုး အ နွယ်၊
  • 9 ငါ့ ကို ကျွန် ရင်း ဟု ဆို လျက်၊ မြေ ကြီး အ စွန် အ ဖျား မှ ငါ လက် ဆွဲ၍ ခေါ် ခဲ့ သူ၊
  • 10 မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
  • 11 သင့် အား အ မျက် ထား သူ အ ပေါင်း တို့ သည် ကျိုး ယုတ် ရှက် ကွဲ၍၊ ဘက် ပြိုင် သူ တို့ လည်း အ သေး အ နုပ် ရောက် လျက်၊ ပျက် စီး ကြ လိမ့် မည်။
  • 12 ရန် မူ သူ တို့ ကို သင် ရှာ၍ မ တွေ့ ရ။ စစ် ဘက် သူ တို့ လည်း အ လ ဟဿ အ သေး အ နုပ် ရောက် ကြ လိမ့် မည်။
  • 13 အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
  • 14 အို ပိုး ကောင် ဖြစ် သော ယာ ကုပ်၊ အို ဣ သ ရေ လ လူ မျိုး တို့ မ ကြောက် လင့်။ သင့် ကို ထောက် မ မည် ဟု ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြီ။ သင် ၏ ရှေ့ ဆောင် ကား ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ပေ တည်း။
  • 15 သင့် ကို ထက် သော အ သွား နှင့် ပြည် သည့် နယ် စက် သစ်၊ ငါ ဖြစ် စေ သည့် အ လျောက် တောင် များ ကို ကြိတ်၍ ချေ မွ ခြင်း၊ ကုန်း များ ကို ဝါး၍ ဖွဲ သ ဖွယ် လှေ့ ခြင်း၊ သင် ပြု ပြီး လျှင်၊ လေ ပြင်း မုန် တိုင်း ဖြင့် တိုက် သွား၍ လွင့် ပြား လိမ့် မည်။ သင် မူ ကား၊ ထာ ဝ ရ ဘု ရား ကြောင့် ရွှင် လန်း ခွင့်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကြောင့် ဂုဏ် ရောက် ခွင့် ရ လိမ့် မည်။
  • 16
  • 17 ဆင်း ရဲ နွမ်း ပါး သူ တို့ သည် ရေ ငတ် သ ဖြင့်၊ လျှာ သွေ့ ခြောက် သည် နှင့် ရေ ရှာ၍ မ တွေ့ သော သော အ ခါ၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ဖြစ် သော ငါ သည် စွန့် ပယ် မည် မ ဟုတ်။
  • 18 ငါ ထာ ဝ ရ ဘု ရား သ နား ၍ တောင် ထိပ် ပေါ် တွင် မြစ် ကိုလည်း ကောင်း၊ ချိုင့် တွင် စမ်း ကိုလည်း ကောင်း၊ ပေါက် စေ သည့် ပြင်၊ သဲ ကန္တာ ရ အ ရပ် ကို ရေ အိုင်၊ သွေ့ ခြောက် ရာ အ ရပ် ကို စမ်း ပေါက် ဖြစ် စေ လိမ့် မည်။
  • 19 သဲ က န္တာ ရ၌ သစ် က တိုး ပင်၊ ရှား ပင်၊ ကျောက် ပန်း ပင်၊ သံ လွင် ပင် များ ကိုလည်း ကောင်း၊ သဲ တော၌ ထင်း ရူး ပင်၊ ကျောက် ပန်း ငယ် ကျောက် ပန်း ကြီး ပင် များ ကိုလည်း ကောင်း စိုက် ပျိုး သ ဖြင့်၊
  • 20 ထာ ဝ ရ ဘု ရား၏ လက် ရုံး တော် စီ ရင် တော် မူ ကြောင်း၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ဖန် ဆင်း တော် မူ ကြောင်း များ ကို၊ သိ မြင် ဆင် ခြင် နား လည် ကြ လိမ့် မည်။
  • 21 သင် တို့ အ မှု ကို သွင်း ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ ချေ ပ ချက် များ ကို တင် ပြ ကြ လော့ ဟု ယာ ကုပ် အ မျိုး၏ ဘု ရင် မိန့် တော် မူ၏။
  • 22 တင် ပြ သော အ ခါ ဖြစ် ပျက် အံ့ သည် ကို ငါ တို့ အား ဖော် ပြ ကြ စေ။ ငါ တို့ ဆင် ခြင်၍ အ ကျိုး ဆက် ကို သိ နိုင် ကြ စေ ရန်၊ အ တိတ် ဟော ချက် များ ကို ပြန် ကြား ကြ စေ။ သို့ မ ဟုတ်၊ အ နာ ဂတ် အ ရာ များ ကို ကြား ပြော လော့။
  • 23 သင် တို့ သည် ဘု ရား များ မှန် ကြောင်း ငါ တို့ သိ ကြ စေ ရန်၊ အ နာ ဂတ် အ ရာ များ ကို မ ဖော် မ ပြ နိုင် က၊ ငါ တို့ ရှု ကြည့်၍ အံ့ ဩ ကြ စေ ခြင်း ငှာ၊ အ ကောင်း ကို ဖြစ် စေ၊ အ ဆိုး ကို ဖြစ် စေ၊ ပြု ကြ လော့။
  • 24 သင် တို့ လည်း အ သေး အ နုပ်၊ အ မှု လည်း အ လ ဟဿ ဖြစ် သ ဖြင့် သင် တို့ ကို ရွေး ချယ် သော သူ တို့ သည် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် ကြ သည် တ ကား။
  • 25 မြောက် ပိုင်း နေ ထွက် ရာ ရပ် မှ ငါ ပေါ် ထွန်း စေ သည့် အ လျောက်၊ ငါ့ နာ မ ကို ပ ဌ နာ ပြု သူ တစ် ဦး လာ ရောက်၍ မြေ စေး ကို အိုး ထိန်း နင်း နယ် သည့် နည်း တူ မှူး မတ် တို့ ကို ရွှံ့ သ ဖွယ် ကျော် နင်း လိမ့် မည်။
  • 26 ငါ တို့ သိ ကြ စေ ရန်လည်း ကောင်း၊ ဟုတ် မှန် သည် ဟု ဝန် ခံ ကြ စေ ရန်လည်း ကောင်း၊ အ ထက် ကာ လ က၊ မည် သူ ဖော် ပြ ခဲ့ ဘူး သ နည်း။ ထို သို့ ဖော် ပြ ကြား ပြော သူ တစ် ဦး တစ် ယောက် မျှ မ ရှိ။ သင် တို့ စ ကား ကို ကြား ဖူး သူ လည်း တစ် ယောက် မျှ မ ရှိ ချေ။
  • 27 ငါ မူ ကား ထို သူ တို့ ကို မြော် ကြည့် ကြ လော့ ဟု ဇိ အုန် မြို့ အား တင် ကူး ကြား ပြော သည့် အ လျောက်၊ ယေ ရု ရှ လင် မြို့ အား လည်း၊ ဝမ်း မြောက် ဖွယ် သ တင်း ကြော် ငြာ သူ့ ကို စေ လွှတ် ၏။
  • 28 ငါ မေး မြန်း သော အ ခါ ၎င်း တို့ အ နက် စ ကား တုံ့ ပြန်၍ အ ကြံ ပေး တတ် သူ မ ရှိ။ ရှာ ဖွေ ရာ လည်း တစ် ဦး တစ် ယောက် မျှ မ ရှိ ချေ။
  • 29 ရှိ သ မျှ တို့ အ ချည်း နှီး၊ အ မှု များ အ လ ဟဿ ဖြစ် သည့် ပြင်၊ ချင်း တို့ ရုပ် ပွား ဆင်း တု များ လည်း၊ လေ သက် သက်၊ လ ဟာ သက် သက် ဖြစ် ကြ ကုန်၏။
回到本卷目录 回到本版本目录 回到首页