1
ငါ့ လူ မျိုး တို့ ကို နှစ် သိမ့် ချမ်း သာ ခြင်း ရ စေ ကြ လော့။ လ မိုင်း အ ဖြစ် စေ့ ကုန် ပြီ။ ဒု စ ရိုက် အ တွက် ဆပ် ပေး ခဲ့ ပြီ။ အ ပြစ် ရှိ သ မျှ အ တွက်၊ ငါ ထာ ဝ ရ ဘု ရား လက် တော် မှ၊ နှစ် ဆ ဒဏ် ခံ ပြီး ဖြစ် ကြောင်း၊ ယေ ရု ရှ လင် မြို့ အား မေ တ္တာ စ ကား ဖြင့် ကြော် ငြာ ကြွေး ကြော် ကြ လော့ ဟု၊ သင် တို့ ဘု ရား သ ခင် မိန့် တော် မူ၏။
2
3
ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။
4
ချိုင့် ရှိ သ မျှ သည် ဖို့ ခြင်း၊ တောင် ကုန်း ရှိ သ မျှ သည် ဖြို ခြင်း ခံ လျက်၊ မောက် ရာ သည် လွင် ပြင်၊ ကြမ်း ရာ သည် ကွင်း ပြင် ဖြစ် ရ သ ဖြင့်၊ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သည့် အ တိုင်း၊
5
ထင် ရှား အံ့ သော ဘုန်း တော် ကို လူ အ ပေါင်း တို့ ဖူး မြင် ရ ကြ လ တ္တံ့ ဟူ၍ တည်း။
6
ကြွေး ကြော် လော့ ဟု ဆို သံ ရှိ ပြန် သ ဖြင့်၊ မည် သို့ ကြွေး ကြော် ရ ပါ မည် နည်း ဟု ငါ မေး သော်၊ လူ အ ပေါင်း တို့ သည်၊ မြက် သ ဖွယ် ဖြစ် လျက်၊ ဆိုင် ရာ ဘုန်း အ သ ရေ လည်း၊ မြေ ပေါက် ပန်း ကဲ့ သို့ ဖြစ်၏။
7
ထာ ဝ ရ ဘု ရား သည် ဝါ ယော ဆော် သွင်း သ ဖြင့် မြက် ညှိုး လျက်၊ ပန်း နွမ်း လျက် ရှိ တတ်၏။ အ ကယ် စင် စစ်၊ လူ သ တ္တ ဝါ တို့ သည် မြက် သ ဖွယ် ဖြစ် ကြ သ တည်း။
8
မြက် ညှိုး လျက်၊ ပန်း နွမ်း လျက် ရှိ တတ်၏။ ငါ တို့ ဘု ရား သ ခင့် နှုတ် က ပတ် တော် ကား၊ က မ္ဘာ အ ဆက် ဆက် တည် လ တ္တံ့ ဟူ၍ တည်း။
9
ဇိ အုန် မြို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ ရ သူ၊ မြင့် သော တောင် ပေါ် သို့ တက် လော့။ ယေ ရု ရှ လင် မြို့ အား ကြော် ငြာ ရ သူ၊ အ သံ ပြင်း စွာ ဟစ် လော့။ သင် တို့ ဘု ရား သ ခင် ရှိ ပြီ တ ကား ဟု၊ ယု ဒ မြို့ ရွာ များ တွင် ကြောက် ရွံ့ ခြင်း ကင်း လျက် ဟစ် ခေါ် ဆင့် ဆို လော့။
10
အ ရှင် ထာ ဝ ရ ဘု ရား သည် အ ပါး တော် တွင် ဆု လပ် တော် ကိုလည်း ကောင်း၊ ရှေ့ တော် တွင် အ ကျိုး ဆက် တော် ကိုလည်း ကောင်း၊ ဆောင် လျက်၊ တန် ခိုး တော် နှင့် ကြွ လာ၍၊ လက် ရုံး တော် ဖြင့် အုပ် စိုး တော် မူ ရာ၊
11
သိုး တော် စု ကို သိုး ထိန်း သ ဖွယ် ထိန်း ကျောင်း၍၊ သိုး သား ငယ် များ ကို ချီ ပွေ့ သည့် ပြင်၊ နို့ ငင် သိုး မ များ ကို ဖြည်း ညှင်း စွာ မောင်း နှင် တော် မူ လိမ့် တ ကား။
12
သ မု ဒ္ဒ ရာ ကို လက် ဆွန်း ဖြင့် ခြင် ခြင်း၊ မိုး ပြင် ကို လက် သန်း ထွာ ဖြင့် တိုင်း ခြင်း၊ မြေ မုန့် ကို တင်း ဖြင့် ခြင် ခြင်း များ ပြု သည့် ပြင်၊ တောင် များ ကို ရာ ဆူ နှင့်လည်း ကောင်း၊ ကုန်း များ ကို ချိန် ခွင် နှင့်လည်း ကောင်း၊ ချိန် စက် သော သူ ကား မည် သူ နည်း။
13
ထာ ဝ ရ ဘု ရား၏ ဉာဏ် တော် ကို တိုင်း တာ သူ၊ ကိုယ် တော် အား အ သိ ပ ညာ ပေး၍ တိုင် ပင် သူ ကား၊ မည် သူ နည်း။
14
တိုင် ပင် တော် မူ ဘက် အ ဖြစ်၊ ကိုယ် တော် အား ဉာဏ် ပေး၍၊ တ ရား လမ်း နှင့် အ သိ ပ ညာ ကို သွန် သင် လျက်၊ ဉာဏ် လမ်း ကို ညွှန် ပြ သူ ကား မည် သူ နည်း။
15
လူ အ မျိုး မျိုး ကို ရေ ပုံး မှ ကျ သော အ စက် ကဲ့ သို့လည်း ကောင်း၊ ရာ ဆူ၌ ကပ် သော မြူ ကဲ့ သို့လည်း ကောင်း၊ မှတ်၍ ကျွန်း ကြီး ကျွန်း ငယ် များ ကို အ ဏု မြူ ကဲ့ သို့ မြှောက် လွင့် တော် မူ၏။
16
လေ ဗ နုန် တောင် ရှိ တိ ရ စ္ဆာန် များ သည် မီး ရှို့ ရာ သ က္ကာ အ ဖို့ မ လုံ လောက်။ တော လည်း ထင်း အ ဖို့ မ လုံ လာက် ချေ။
17
မျက် မှောက် တော် တွင် လူ အ မျိုး မျိုး တို့ သည် အ သေး အ နုပ် ဖြစ် သည့် အ လျောက် လ ဟာ သက် သက် ကဲ့ သို့ မှတ် တော် မူ ၏။
18
သို့ ဖြစ် လျှင် ဘု ရား သ ခင် ကို မည် သူ နှင့် ပုံ ပြ ကြ မည် နည်း။ အ ဘယ် ပုံ သ ဏ္ဌာန် နှင့် နှိုင်း ရ ကြ မည် နည်း။
19
ရုပ် ပွား ဆင်း တု ကို ကား ပန်း တည်း သွန်း ခြင်း၊ ပန်း တိမ် ရွှေ မွမ်း မံ ခြင်း၊ ငွေ ကြိုး ဖွဲ့ ခြင်း များ ဖြင့် ပြု လေ့ ရှိ၏။
20
မ ပူ ဇော် နိုင် သော ဆင်း ရဲ သား များ မှာ မူ ဆွေး မြေ့ ခဲ သော သစ် တုံး ကို ရွေး ချယ် ပြီး မှ ရုပ် တု ကို ခိုင် ခံ့ စွာ တည် လုပ် စေ ခြင်း ငှာ ကျွမ်း ကျင် သူ ပန်း ပု တစ် ယောက် ကို ရှာ တတ် သည် တ ကား။
21
သင် တို့ မ သိ ကြ သ လော။ ကြား လည်း မ ကြား ကြ သ လော။ ရှေး ကာ လ က ပင် မ ထင် ရှား ခဲ့ သ လော။ မြေ ကြီး တည် သည် က စ၍ နား မ လည် ကြ သ လော။
22
နှံ ကောင် သ ဖွယ် လူ တို့ ထိုင် ရာ မြေ ပ ထ ဝီ အ ထက်၊ မိုး ပိ တာန် ပေါ် စံ နေ တော် မူ ထ သော၊ ပိတ် ချော ကဲ့ သို့ မိုး ကောင်း ကင် ကို ကြက်၍၊ နေ ရာ တဲ ရှင် ကဲ့ သို့ ဖြန့် တော် မူ သော အ ရှင် ပေ တည်း။
23
ထို အ ရှင် ပင် မင်း များ ကို အ သေး အ နုပ် ကဲ့ သို့လည်း ကောင်း၊ မြေ ကြီး ပေါ် ရှိ တ ရား မင်း တို့ ကို လ ဟာ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် စေ တော် မူ သည့် အ လျောက်၊
24
စိုက် ပျိုး ခွင့်၊ ကြဲ ပက် ခွင့်၊ မြေ၌ အ ငုတ် အ မြစ် စွဲ ခွင့် မ ရ ကြ မီ ပင်၊ ဝါ ယော တော် ဖြင့် ညှိုး နွမ်း ခြင်း၊ ဖွဲ ကဲ့ သို့ လေ ပြင်း တိုက် သွား ခြင်း များ ကို၊ ၎င်း တို့ ခံ ရ ကြ ရှာ လေ စွ။
25
သို့ ဖြစ် လျှင် ငါ့ ကို မည် သူ နှင့် ထပ် တူ ပုံ ပြ ကြ မည် နည်း ဟု သန့် ရှင်း သော အ ရှင် မေး တော် မူ၏။
26
အ ထက် သို့ မော် ကြည့် ကြ လော့။ မြင် ရ သ မျှ ကို ဖန် ဆင်း တော် မူ သော အ ရှင် ကား၊ မည် သူ နည်း။ ခွန် အား ကြီး လျက် တန် ခိုး နှင့် ပြည့် စုံ တော် မူ သည့် အ လျောက်၊ အ လုံး အ ရင်း ကို အ ရေ အ တွက် အား ဖြင့် ထုတ် ဖော် တော် မူ၍၊ တစ် လုံး မျှ မ မှိန် ရ အောင် အ သီး အ သီး ကို အ မည် ဖြင့် ခေါ် တော် မူ သော အ ရှင် ပေ တည်း။
27
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ ငါ့ သွား လမ်း သည် ထာ ဝ ရ ဘု ရား ထံ ကွယ် ဝှက် သည် ဟူ၍ လည်း ကောင်း၊ ငါ့ တ ရား အ မှု လည်း ငါ့ ဘု ရား သ ခင် ထံ ကွယ် ပ ပြီ ဟူ၍လည်း ကောင်း၊ အ ဘယ့် ကြောင့် ပြော ဆို သ နည်း။
28
သင် မ သိ သ လော။ ကြား လည်း မ ကြား သ လော။ ယေ ဟော ဝါ သည် ထာ ဝ ရ ဘု ရား သ ခင် ဖြစ် သည့် အ လျောက်၊ မြေ ကြီး စွန်း တိုင် အောင် ဖန် ဆင်း တော် မူ သော အ ရှင် ပေ တည်း။ ကိုယ် တော် သည် ပင် ပန်း မော ဟိုက် ရာ ရောက် တော် မူ သည် မ ဟုတ်။ ဉာဏ် တော် ကို လည်း စူး စမ်း၍ မ သိ နိုင် ကြ။
29
ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။
30
ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။
31
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။