သုတ္တံကျမ်း။-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။
  • 2 ပ ညာ ရှိ တို့ လျှာ သည်၊ အ သိ ပ ညာ ကို တင့် တယ် စွာ မြွက် ဆို တတ်၏။ လူ ဗာ လ တို့၏ နှုတ် မူ ကား၊ မိုက် မဲ ခြင်း ကို သွန်း တတ်၏။
  • 3 ထာ ဝ ရ ဘု ရား၏ စ က္ခု တော် သည် ထက် ဝန်း ကျင် အ ရပ် များ၌၊ လူ ဆိုး လူ ကောင်း တို့ ကို ရှု ကြည့် တော် မူ၏။
  • 4 ချို သာ သော လျှာ သည်၊ အ သက် ပင် သ ဖွယ် ဖြစ်၏။ စဉ်း လဲ သော လျှာ မူ ကား၊ စိတ် ကို ကြေ ကွဲ စေ တတ်၏။
  • 5 လူ မိုက် သည်၊ အ ဘ ဆုံး မ ခြင်း ကို မ ထီ မဲ့ မြင် ပြု တတ်၏။ ပဲ့ ပြင် ခြင်း ကို လိုက် နာ သူ မူ ကား၊ လိ မ္မာ၏။
  • 6 သူ တော် ကောင်း၏ အိမ်၌၊ များ စွာ သော ဘ ဏ္ဍာ ရှိ၏။ လူ ဆိုး၏ အ စီး အ ပွား မူ ကား၊ သော က မ ကင်း ဖြစ်၏။
  • 7 ပ ညာ ရှိ တို့၏ နှုတ် ခမ်း သည်၊ အ သိ ပ ညာ ကို ကြဲ ဖြန့် တတ်၏။ မိုက် မဲ သူ တို့၏ နှ လုံး မူ ကား၊ မ ရိုး မ ဖြောင့် တတ်။
  • 8 လူ ဆိုး တို့၏ ပူ ဇော် သ က္ကာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ မူ ကား၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ၏။
  • 9 လူ ဆိုး၏ အ လေ့ အ လာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော သူ့ ကို ကား၊ နှစ် သက် တော် မူ၏။
  • 10 လမ်း လွဲ သော သူ သည်၊ ပြင်း ထန် သော ဆုံး မ ခြင်း ကို ခံ ရ မည်။ ပဲ့ ပြင် ခြင်း ကို မုန်း ထား သော သူ လည်း၊ သေ ဆုံး ရ မည်။
  • 11 မ ရ ဏာ့ နိုင် ငံ နှင့် င ရဲ ကို၊ ထာ ဝ ရ ဘု ရား မျက် မှောက် ပြု သည် မှန် လျှင်၊ လူ့ သား တို့၏ စိတ် နှ လုံး ကို လည်း၊ မျက် မှောက် ပြု တော် မူ လေ ပြီ။
  • 12 မ ထီ လေး စား ပြု တတ် သူ သည်၊ ဆုံး မ ပဲ့ ပြင် ခြင်း ကို မ နှစ် သက် သ ဖြင့်၊ ပ ညာ ရှိ တို့ ထံ မ ဝင် လို။
  • 13 ရွှင် လန်း သော စိတ် နှ လုံး သည်၊ မျက် နှာ ကို ကြည် လင် စေ တတ်၏။ ညှိုး ငယ် ခြင်း အား ဖြင့် လည်း၊ စိတ် ကြေ ကွဲ ရ ၏။
  • 14 ဉာဏ် ကောင်း သော သူ ၏ စိတ် နှ လုံး သည်၊ အ သိ ပ ညာ ကို လိုက် ရှာ တတ်၏။ လူ ဗာ လ တို့၏ နှုတ် မူ ကား၊ မိုက် မဲ ခြင်း ကို ကျက် စား တတ် ၏။
  • 15 ညှိုး ငယ် သူ၏ နေ့ ရှိ သ မျှ သည်၊ ဆိုး ယုတ် ၏။ ရွှင် လန်း သော စိတ် ရှိ သူ မူ ကား၊ အ စဉ် သ ဘင် သ ဖွယ် ဖြစ် ၏။
  • 16 သော က ကို ဖြစ် စေ သော ဘ ဏ္ဍာ များ စွာ ထက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက် ရ သော အ နည်း ငယ် သည်၊ သာ ၍ မြတ် ၏။
  • 17 ဆူ ဖြိုး သော နွား တစ် ကောင် ကို၊ အ ချင်း ချင်း မုန်း ထား သော စိတ် နှင့် စား ရ သည် ထက်၊ ဟင်း ရွက် တစ် နပ် စာ ကို ချစ် ခြင်း မေတ္တာ နှင့် စား ရ ခြင်း သည်၊ သာ၍ မြတ်၏။
  • 18 စိတ် တို သော သူ သည်၊ ရန် တွေ့ ခြင်း ကို နှိုး ဆော် တတ်၏။ စိတ် ရှည် သော သူ မူ ကား၊ ရန် ငြိမ်း စေ တတ် ၏။
  • 19 ပျင်း ရိ သော သူ သွား ရာ လမ်း သည်၊ ဆူး ပင် စည်း ရိုး သ ဖွယ် ဖြစ်၏။ ဖြောင့် မှန် သူ တို့ သွား ရာ လမ်း မူ ကား၊ ဖို့ ပြီး ဖြစ် ၏။
  • 20 ပ ညာ ရှိ သော သား သည်၊ အ ဘ၏ ရွှင် လန်း ရာ အ ကြောင်း ဖြစ်၏။ မိုက် မဲ သူ မူ ကား၊ အ မိ ကို မ ထီ မဲ့ မြင် ပြု တတ်၏။
  • 21 မိုက် မဲ ခြင်း သည်၊ ဉာဏ် မဲ့ သူ၏ ရွှင် လန်း ရာ အ ကြောင်း ဖြစ်၏။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ မူ ကား၊ ကိုယ့် အ ကြံ ကို ဖြောင့် စေ တတ်၏။
  • 22 နှီး နှော တိုင် ပင် ခြင်း မ ရှိ လျှင်၊ အ ကြံ ပျက် တတ်၏။ အ ကြံ ပေး နိုင် သူ များ လျှင်၊ အ ထ မြောက် တတ်၏။
  • 23 တုံ့ ပြန် သော နှုတ် သ တ္တိ အား ဖြင့်၊ လူ၌ ရွှင် လန်း ခြင်း ရှိ၏။ အ ချိန် သင့်၍ ဆို သော စ ကား သည်၊ အ လွန် တင့် တယ် လေ၏။
  • 24 အောက် မ ရ ဏာ့ နိုင် ငံ မှ လွှဲ ရှောင် ရန်၊ သ တိ ပ ညာ ရှိ သူလျှောက် လိုက် အပ် သော အ သက် လမ်း ကား၊ မြင့် ရာ၌ တည်း။
  • 25 မောက် မာ သူ တို့၏ အိမ် ကို၊ ထာ ဝ ရ ဘု ရား ဖျက် ဆီး တော် မူ၏။ မု ဆိုး မ၏ မြေ နိ မိတ် ကို ကား၊ စီ ရင် ထား တော် မူ၏။
  • 26 မ ကောင်း သော အ ကြံ အ စည် များ သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ စင် ကြယ် သူ တို့ သည်၊ ချို သာ သော စ ကား ကို ပြော ဆို တတ် ကြ၏။
  • 27 လော ဘ ကြီး သော သူ သည်၊ ကိုယ့် အိမ် သူ အိမ် သား တို့ ကို နှောင့် ယှက် တတ်၏။ တံ စိုး ကို ရွံ ရှာ သော သူ မူ ကား၊ အ သက် ချမ်း သာ ရ လိမ့် မည်။
  • 28 သူ တော် ကောင်း သည်၊ မည် သို့ ပြန် ပြော ရ မည် ကို စိတ်၌ ဆင် ခြင် တတ်၏။ လူ ဆိုး တို့၏ နှုတ် မူ ကား၊ ဆိုး သွမ်း ခြင်း ကို သွန်း တတ်၏။
  • 29 ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။
  • 30 စ က္ခု အ လင်း သည်၊ နှ လုံး ကို ကြည် လင် စေ တတ်၏။ ကောင်း မွန် သော သ တင်း လည်း၊ အ ရိုး များ ကို ခြင် ဆီ နှင့် ပြည့် စေ တတ်၏။
  • 31 အ သက် ဆိုင် ရာ ပဲ့ ပြင် ခြင်း ကို နာ ခံ သော သူ သည်၊ ပ ညာ ရှိ တို့ ဘောင် တွင်၊ တည်း ခို ခွင့် ရှိ လိမ့် မည်။
  • 32 ဆုံး မ ပဲ့ ပြင် ခြင်း ကို ပယ် သော သူ သည်၊ ကိုယ့် အ သက် ကို မ ထီ မဲ့ မြင် ပြု ရာ ရောက်၏။ လိုက် နာ သော သူ ကား၊ ဉာဏ် ကို ရ လိမ့် မည်။
  • 33 ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ ဆိုင် ရာ ဆုံး မ ခြင်း ဖြစ်၏။ ဂုဏ် အ သ ရေ ၏ အ ရင် လည်း၊ နှိမ့် ချ ခြင်း တည် ရာ ၏။
回到本卷目录 回到本版本目录 回到首页