သုတ္တံကျမ်း။-13

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ပ ညာ ရှိ သော သား သည်၊ အ ဘ၏ ဆုံး မ ခြင်း ကို လိုက် နာ တတ်၏။ မ ထီ မဲ့ မြင် ပြု သူ မူ ကား၊ ပဲ့ ပြင် ခြင်း ကို မ လိုက် မ နာ တတ်။
  • 2 လူ သည်၊ နှုတ် ၏ အ သီး နှင့် အ ညီ အ ကောင်း ကို လည်း ကောင်း၊ သ စ္စာ မဲ့ သော သူ တို့ ကား၊ ကြမ်း ကြုတ် ခြင်း ကို လည်း ကောင်း၊ ခံ စား ရ ၏။
  • 3 ကိုယ့် နှုတ် ကို စောင့် ထိန်း သော သူ သည်၊ အ သက် ကို စောင့် ရှောက် ရာ ရောက် ၏။ နှုတ် ကျယ် သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
  • 4 ပျင်း ရိ သော သူ သည်၊ တပ် မက် သော် လည်း မည် သည် ကို မျှ မ ရ တတ်။ ဝိ ရိ ယ စိုက် သော သူ တို့ မူ ကား၊ ကြွယ် ဝ လိမ့် မည်။
  • 5 သူ တော် ကောင်း သည်၊ မု သာ စ ကား ကို မုန်း တတ်၏။ လူ ဆိုး မူ ကား ကျိုး ယုတ် ရှက် ကွဲ ခြင်း ကို ဖြစ် စေ တတ်၏။
  • 6 အ လေ့ အ လာ စုံ လင် သော သူ့ ကို၊ ဖြောင့် မတ် ခြင်း စောင့် ရှောက် တတ်၏။ အ ပြစ် သား ကို ကား၊ ဆိုး သွမ်း ခြင်း မှောက် လှန် တတ်၏။
  • 7 အ လျှင်း မ ရှိ ဘဲ နှင့် ရ တတ် ဟန် ဆောင် သူ၊ အ လွန် ရ တတ် လျက် နှင့် ဆင်း ရဲ ဟန် ဆောင် သူ ရှိ ကြ ၏။
  • 8 လူ့ စည်း စိမ် သည်၊ ကိုယ့် အ သက် ကို ရွေး နှုတ် ရန် အ ဖိုး ဖြစ်၏။ သူ ဆင်း ရဲ မူ ကား၊ ခြိမ်း ချောက် ခြင်း စ ကား ကို မ ကြား မ အပ် စပ်။
  • 9 သူ တော် ကောင်း တို့ အ လင်း သည်၊ ကြည် လင်၏။ လူ ဆိုး တို့၏ မီး ခွက် မူ ကား၊ ငြိမ်း လိမ့် မည်။
  • 10 ထောင် လွှား သော စိတ် အား ဖြင့်၊ ရန် ပွား ခြင်း သက် သက် ဖြစ်၏။ အ ကြံ ပေး ရာ လိုက် နာ သူ တို့၌ မူ ကား၊ ဉာဏ် ပ ညာ ရှိ၏။
  • 11 ပေါ့ ပေါ့ ဆ ဆ ရ သော စီး ပွား ချမ်း သာ သည်၊ ကုန် ခမ်း လွယ်၏။ လုပ် ကိုင် ဆည်း ပူး သော သူ မူ ကား၊ တိုး ပွား လိမ့် မည်။
  • 12 စောင့် မျှော်၍ ကြန့် ကြာ ခဲ့ လျှင်၊ နှ လုံး မ သာ ယာ တတ်၏။ အ လို ဆ န္ဒ ပြည့် စုံ လျှင် မူ ကား၊ အ သက် ပင် သ ဖွယ် ဖြစ် ၏။
  • 13 ဗျာ ဒိတ် တော် ကို မ ထီ မဲ့ မြင် ပြု သော သူ သည်၊ ပျက် စီး ရ လိမ့် မည်။ ပ ညတ် တော် ကို ခန့် ညား သော သူ မူ ကား၊ ချမ်း သာ ရ လိမ့် မည်။
  • 14 ပ ညာ ရှိ ဩ ဝါ ဒ တ ရား သည်၊ သေ မင်း၏ ညွှတ် ကွင်း များ မှ လွှဲ ရှောင် ရန်၊ အ သက် စမ်း ရေ ဖြစ် ၏။
  • 15 သ တိ ပ ညာ ရှိ သော သူ၊ မျက် နှာ သာ ရ တတ်၏။ သ စ္စာ မဲ့ သူ တို့၏ လမ်း သည်၊ ခဲ ယဉ်း ၏။
  • 16 လိ မ္မာ သော သူ ရှိ သ မျှ တို့ သည်၊ အ သိ ပ ညာ နှင့် ပြု လုပ် တတ် ကြ၏။ မိုက် မဲ သော သူ မူ ကား၊ မိုက် မဲ ခြင်း ကို ဖွင့် ပြ တတ် ၏။
  • 17 ဆိုး ယုတ် သော တ မန် သည်၊ မ ကောင်း မှု၌ ကျ ရောက် တတ်၏။ သစ္စာ ရှိ သော တ မန် မူ ကား၊ အ မှု ကို အောင် မြင် စေ တတ် ၏။
  • 18 ဆုံး မ ခြင်း ကို ငြင်း ပယ် သော သူ သည်၊ ဆင်း ရဲ၍ အ ရှက် ကွဲ ရ လိမ့် မည်။ ပဲ့ ပြင် ခြင်း ကို လိုက် နာ သော သူ မူ ကား၊ ဂုဏ် ရှိ လိမ့် မည်။
  • 19 အ လို ဆ န္ဒ ပြည့် စုံ ခြင်း ဖြင့်၊ အေး မြ သော စိတ် ရှိ၏။ မိုက် မဲ သူ တို့ မူ ကား၊ အ ဆိုး ကို လွှဲ ရှောင် ရန် ရွံ ရှာ တတ် ၏။
  • 20 ပ ညာ ရှိ တို့ နှင့် ပေါင်း ဖော် သော သူ သည်၊ ပ ညာ ရှိ လိမ့် မည်။ မိုက် သော သူ တို့ နှင့် ပေါင်း သင်း သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
  • 21 အ ပြစ် သား တို့ ကို၊ ဘေး သည် အ စဉ် လိုက် တတ်၏။ ဖြောင့် မတ် သော သူ တို့ မူ ကား၊ ကောင်း ကျိုး ခံ စား ရ ကြ လိမ့် မည်။
  • 22 သူ တော် ကောင်း သည်၊ သား မြေး တို့ အား အ မွေ ကို ခံ စေ တတ် ၏။ အ ပြစ် သား ၏ ဥ စ္စာ မူ ကား၊ ဖြောင့် မတ် သူ တို့ အ ဖို့ သို ထား လျက် ရှိ ၏။
  • 23 သူ ဆင်း ရဲ တို့ လုပ် သော လယ် တွင်၊ စား နပ် ရိ က္ခာ များ စွာ ရှိ သော် လည်း၊ မ တ ရား မှု ဖြစ် လျှင်၊ ပျက် စီး ခြင်း ကို ခံ ရ ၏။
  • 24 ကြိမ် လုံး ကို မ သုံး သူ သည်၊ သား ကို မုန်း ရာ ရောက်၏။ ချစ် သော သူ မူ ကား၊ အ ရံ သင့် ဆုံး မ တတ် ၏။
  • 25 သူ တော် ကောင်း သည်၊ ရောင့် ရဲ စွာ စား ခွင့် ရှိ၏။ လူ ဆိုး တို့ မူ ကား၊ ဝမ်း ဟာ လျက် ရှိ ကြ ၏။
回到本卷目录 回到本版本目录 回到首页