သုတ္တံကျမ်း။-17

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရန် တွေ့ ခြင်း ကို၊ ဖြစ် ပွား စေ သော အိမ် လုံး ပြည့် ခဲ ဖွယ် စား ဖွယ် ထက်၊ ငြိမ် သက် စွာ စား ရ သော မုန့် ခြောက် တစ် လုပ် စာ သည်၊ သာ၍ ကောင်း ၏။
  • 2 သ တိ ပ ညာ ရှိ သော ကျွန် သည်၊ အ ရှက် ခွဲ သော သား ကို အုပ် ချုပ်၍၊ ၎င်း ညီ အစ် ကို ချင်း တို့ နှင့် အ တူ၊ အ မွေ ဝေ ပုံ ကို ရ လိမ့် မည်။
  • 3 မိုက် သည် ငွေ ကို လည်း ကောင်း၊ ဖို သည် ရွှေ ကိုလည်း ကောင်း၊ စစ် ရန် ဖြစ်၏။ စိတ် နှ လုံး မူ ကား၊ ထာ ဝ ရ ဘု ရား စစ် ဆေး တော် မူ ၏။
  • 4 လူ ဆိုး သည်၊ ဒု စ ရိုက် နှုတ် ခမ်း ကို လိုက် နာ တတ်၏။ မု သာ သုံး သော သူ လည်း၊ ဆိုး သွမ်း သော စ ကား ကို နာ ခံ တတ်၏။
  • 5 သူ ဆင်း ရဲ ကို သ ရော် တတ် သူ သည်၊ ဖန် ဆင်း တော် မူ သော အ ရှင် ကို ကဲ့ ရဲ့ ရာ ရောက်၏။ ဘေး ရောက် သည့် ကာ လ၊ ရွှင် လန်း တတ် သော သူ လည်း ဘေး နှင့် မ ကင်း မ လွတ် ရ။
  • 6 အ သက် ကြီး သူ တို့၏ သ ရ ဖူ ကား၊ မြေး မြစ် တို့ တည်း။ သား တို့၏ ဘုန်း ကား။ အ ဘ တို့ တည်း။
  • 7 မွန် မြတ် သော စ ကား သည်၊ မိုက် မဲ သူ နှင့် မ သင့် လျော် သည် မှန် လျှင်၊ မု သာ စ ကား လည်း၊ သူ တော် ကောင်း နှင့် မ သင့် မ လျော်။
  • 8 တံ စိုး ပ ဏ္ဏာ သည်၊ ကျောက် မျက် ဖြစ် သည် ဟု ပိုင် ရှင် ထင် မှတ်၍၊ အ ရာ ရာ၌ မျက် နှာ ရ တတ်၏။
  • 9 လွန် ကျူး မှု ကို ဝှက် ထား သော သူ သည်၊ မေ တ္တာ ကို ရှာ မှီး ရာ၊ အ ထပ် ထပ် မြွက် သူ ကား၊ မိတ် ဖျက် ရာ ရောက် ၏။
  • 10 မိုက် မဲ သူ့ အ ပေါ် တွင်၊ ဒဏ် ချက် တစ် ရာ လေး သည် ထက်၊ ဉာဏ် ကောင်း သူ့ အ ပေါ် တွင်၊ ဆုံး မ စ ကား တစ် ခွန်း သည် သာ၍ လေး၏။
  • 11 လူ ဆိုး သည်၊ ပုန် ကန် မှု ကို သာ ရှာ ကြံ တတ် သော ကြောင့်၊ ရက် စက် သော တ မန် ကို ထို သူ့ ထံ စေ လွှတ် ရ၏။
  • 12 မိုက် မဲ စွာ ပြု သော လူ ဗာ လ ကို တွေ့ ရ သည် ထက်၊ သား ငယ် ပျောက် သော ဝံ မ ကို တွေ့ ရ ခြင်း သည်၊ သာ၍ ကောင်း၏။
  • 13 အ ကြင် သူ သည်၊ အ ကောင်း အ စား အ ဆိုး ဆပ် ပေး အံ့။ ထို သူ၏ အိမ် သည်၊ အ ဆိုး နှင့် မ ကင်း လွတ် လ တ္တံ့။
  • 14 ရန် တွေ့ ခြင်း အ စ သည်၊ ရေ ပေါက် ထွက် သ ကဲ့ သို့ ဖြစ် သော ကြောင့်၊ မျက် မာန် မ ထ မီ၊ ခိုက် ရန် မှု ကို ရှောင် လော့။
  • 15 လူ ဆိုး ကို ဖြောင့် သည် ဟု စီ ရင် သူ၊ ဖြောင့် သူ့ ကို ဆိုး သည် ဟု စီ ရင် သူ နှစ် ဦး သား တို့ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ့ ရှာ ဖွယ် ဖြစ် ကြ ၏။
  • 16 မိုက် မဲ သော သူ သည်၊ ဉာဏ် မ ရှိ သည် ဖြစ်၍၊ ပ ညာ ဝယ် ရန် အ ဖိုး ကို၊ အ ဘယ့် ကြောင့် ကိုင် စွဲ ခွင့် ရ သ နည်း။
  • 17 မိတ် ဆွေ ဖြစ် သူ သည်။ အ ခါ ခပ် သိမ်း ချစ် တတ်၏။ ညီ အစ် ကို လည်း၊ ဒု က္ခ ကို ကွယ် ကာ ရန် မွေး ဖွား ပြီး ဖြစ်၏။
  • 18 ဉာဏ် မဲ့ သော သူ သည်၊ လက် ဝါး ရိုက်၍၊ အ ပေါင်း အ ဖော် ရှေ့ အာ မ ခံ တတ်၏။
  • 19 ရန် တွေ့ ခြင်း ကို နှစ် သက် သော သူ သည်၊ လွန် ကျူး မှု ကို နှစ် သက် ရာ၊ အိမ် တံ ခါး ကို ချီး မြှင့် သော သူ လည်း၊ ကျိုး ပျက် ခြင်း ကို ရှာ ကြံ ရာ ရောက်၏။
  • 20 စဉ်း လဲ သော စိတ် နှ လုံး ရှိ သူ သည်၊ အ ကောင်း ကို မ တွေ့ တတ်။ ကောက် ကျစ် သော လျှာ ရှိ သူ လည်း၊ အ ဆိုး ထဲ သို့ ကျ ရောက် တတ် ၏။
  • 21 မိုက် မဲ သော သား ကို ရ သော သူ သည်၊ ကိုယ် ကို ဝမ်း နည်း စေ တတ်၏။ လူ ဗာ လ၏ အ ဘ၌ လည်း၊ ရွှင် လန်း ရာ အ ကြောင်း မ ရှိ။
  • 22 ရွှင် လန်း သော နှ လုံး သည်၊ ကာ ယ သန် မာ ခြင်း အ ကြောင်း၊ ကြေ ကွဲ သော စိတ် မူ ကား၊ အ ရိုး ခြောက် ခန်း ခြင်း အ ကြောင်း ဖြစ် ၏။
  • 23 လူ ဆိုး သည် တ ရား လမ်း ကို မှောက် လှန် ရန်၊ ရင် ခွင် မှ တံ စိုး ကို ခံ ယူ တတ် ၏။
  • 24 ဉာဏ် ကောင်း သော သူ သည်၊ ပ ညာ ကို မျက် မှောက် ပြု တတ်၏။ မိုက် မဲ သူ၏ မျက် စိ မူ ကား၊ မြေ ကြီး စွန်း ကို သာ လှမ်း ကြည့် တတ် ၏။
  • 25 မိုက် မဲ သော သား သည်၊ အ ဘ၏ ပူ ဆွေး ရာ၊ မွေး ဖွား ရ သော အ မိ၏ စိတ် နာ ရာ အ ကြောင်း ဖြစ်၏။
  • 26 ဖြောင့် မတ် သော သူ့ ကို ဒဏ် စီ ရင် ရန်လည်း ကောင်း၊ ဖြောင့် မှန် ခြင်း ကို ထောက်၍၊ သူ တော် ကောင်း တို့ ကို ဒဏ် ခတ် ရန်လည်း ကောင်း၊ မ သင့် မ လျော်။
  • 27 စ ကား ကို ချုပ် တည်း သော သူ သည်၊ အ သိ ပ ညာ ရှိသူ၊ ဣ န္ဒြေ ကို စောင့် စည်း သော သူ လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ ဖြစ်၏။
  • 28 လူ မိုက် ကို ပင်၊ ဆိတ် ဆိတ် နေ သော်၊ ပ ညာ ရှိ ဟူ၍ လည်း ကောင်း၊ နှုတ် ပိတ် လျက် နေ သော်၊ ဉာဏ် ကောင်း သည် ဟူ၍ လည်း ကောင်း၊ ထင် မှတ် တတ် ကြ ၏။
回到本卷目录 回到本版本目录 回到首页