သုတ္တံကျမ်း။-12

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဆုံး မ ခြင်း ကို နှစ် သက် သော သူ သည်၊ အ သိ ပ ညာ ကို နှစ် သက် ၏။ ပဲ့ ပြင် ခြင်း ကို မုန်း ထား သူ မူ ကား၊ ဉာဏ် တုံး ၏။
  • 2 သူ တော် ကောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို ခံ စား ရ လိမ့် မည်။ အ ဆိုး ကြံ စည် သူ့ ကို မူ ကား၊ အ ပြစ် စီ ရင် တော် မူ လိမ့် မည်။
  • 3 ဒု စ ရိုက် အား ဖြင့် လူ သည်၊ ဆောက် တည် ရာ မ ရ။ ဖြောင့် မတ် သော သူ တို့၏ အ မြစ် မူ ကား၊ မ ရွေ့ ရ။
  • 4 နှ လုံး ရည် ကောင်း သော မိန်း မ သည်၊ လင်၌ ဦး ရစ် သ ဖွယ်၊ အ ရှက် ခွဲ သော မိန်း မ ကား၊ လင်၌ အ ရိုး များ ဆွေး မြေ့ ဖွယ် ဖြစ် ၏။
  • 5 သူ တော် ကောင်း တို့၏ အ ကြံ အ စည် သည်၊ တော် မှန်၏။ လူ ဆိုး တို့ ပေး သော အ ကြံ မူ ကား၊ လှည့် စား တတ် ၏။
  • 6 လူ ဆိုး တို့၏ စ ကား သည်၊ အ သွေး သွန်း ရန် ချောင်း မြောင်း ရာ အ ကြောင်း ဖြစ်၏။ ဖြောင့် မှန် သူ တို့၏ နှုတ် မူ ကား၊ ကိုယ် ကို လွတ် မြောက် စေ လိမ့် မည်။
  • 7 လူ ဆိုး တို့ သည်၊ လဲ ပြို လျင် ပျောက် ပျက် ကြ လေ ပြီ။ သူ တော် ကောင်း တို့၏ အိမ် မူ ကား၊ တည် မြဲ လိမ့် မည်။
  • 8 လူ သည် သ တိ ပ ညာ ရှိ သည် နှင့် အ မျှ၊ ချီး မွမ်း ခြင်း ကို ခံ ရ၏။ မှောက် မှား သော သ ဘော ရှိ သူ ကား၊ မ ထီ မဲ့ မြင် ပြု ခြင်း ကို ခံ ရ၏။
  • 9 စား ရန် မ ရှိ လျက် ဂုဏ် လုပ် သော သူ ထက်၊ ကျွန် ပိုင် ဖြစ်၍ ဂုဏ် မ လုပ် သော သူ သည် မြတ် ၏။
  • 10 သူ တော် ကောင်း သည်၊ ကိုယ်၏ တိ ရ စ္ဆာန် ကို ထောက် ညှာ တတ်၏။ လူ ဆိုး တို့၏ က ရု ဏာ ဟူ သ မျှ ကား၊ ရက် စက် ခြင်း တည်း။
  • 11 လယ် ယာ လုပ် သော သူ သည်၊ အ စာ နှင့် ရောင့် ရဲ ရ၏။ အ လ ဟဿ နောက် သို့ လိုက် သွား သော သူ မူ ကား ဉာဏ် နှင့် ကင်း၏။
  • 12 လူ ဆိုး သည်၊ မ သူ တော် တို့၏ ကျော့ ကွင်း ကို နှစ် သက် တတ်၏။ သူ တော် ကောင်း တို့၏ အ မြစ် မူ ကား၊ အ ပင် ပေါက် တတ်၏။
  • 13 လွန် ကျူး သော စ ကား ကို ဆို ရာ တွင်၊ ဆိုး သော ကျော့ ကွင်း ရှိ၏။ ဖြောင့် မတ် သော သူ မူ ကား၊ အ ကျဉ်း အ ကျပ် မှ ထွက် မြောက် လိမ့် မည်။
  • 14 လူ သည် နှုတ်၏ အ သီး နှင့် အ ညီ၊ အ ကောင်း နှင့် ရောင့် ရဲ ရ လိမ့် မည်။ လက် ဖြင့် ပြု လုပ် သည် နှင့် အ မျှ လည်း၊ ဆပ် ပေး ခြင်း ကို ခံ ရ လိမ့် မည်။
  • 15 လူ မိုက် သည် ကိုယ့် အ လေ့ လာ မှန် သည် ဟု ထင် မြင် တတ်၏။ ပ ညာ ရှိ မူ ကား၊ အ ကြံ ပေး ရာ ကို ဆင် ခြင် လိမ့် မည်။
  • 16 လူ မိုက်၏ အ မျက် ဒေါ သ သည်၊ ရုတ် တ ရက် ထင် ရှား၏။ လိ မ္မာ သော သူ မူ ကား၊ အ ရှက် ကို ဖုံး တတ် ၏။
  • 17 မှန် ကန် ရာ ကို ပြော ဆို သော သူ သည်၊ ဖြောင့် မတ် ရာ ကို လည်း ကောင်း၊ မ မှန် သော သက် သေ သည်၊ လိမ် လည် ရာ ကို လည်း ကောင်း၊ ထွက် ဆို တတ် ၏။
  • 18 သန် လျက် နှင့် ထိုး သ ကဲ့ သို့၊ မ စဉ်း စား ဘဲ ပြော ဆို တတ် သော သူ ရှိ၏။ ပ ညာ ရှိ တို့ လျှာ မူ ကား၊ သန် မာ ခြင်း သို့ ရောက် စေ တတ် ၏။
  • 19 သ စ္စာ နှုတ် ခမ်း သည်၊ အ စဉ် မြဲ ၏။ မု သာ လျှာ မူ ကား၊ ခ ဏ မျှ သာ တည် ၏။
  • 20 အ ဆိုး ကို ကြံ စည် သူ တို့၏ စိတ် ထဲ၌၊ လှည့် စား ခြင်း ရှိ၏။ ရန် ငြိမ်း ရန် အ ကြံ ပေး သူ တို့ ၌ မူ ကား၊ ရွှင် လန်း ရာ အ ကြောင်း ရှိ၏။
  • 21 သူ တော် ကောင်း သည်၊ ဒု က္ခ နှင့် ကြုံ ကြိုက် ရ မည် မ ဟုတ်။ လူ ဆိုး တို့ မူ ကား၊ ဘေး ဥ ပဒ် နှင့် ပြည့် လျက် ရှိ ၏။
  • 22 မု သာ သုံး သော နှုတ် ခမ်း သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ စက် ဆုပ် ရွံ ရှာ ဖွယ်၊ သ စ္စာ စောင့် သော သူ တို့ သည်၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ကြ ၏။
  • 23 လိ မ္မာ သော သူ သည်၊ ကိုယ်၏ အ သိ ပ ညာ ကို ပင် သို ဝှက် တတ် ၏။ မိုက် မဲ သော သူ တို့ မူ ကား၊ ကိုယ်၏ မိုက် မဲ ခြင်း ကို ဖော် ပြ တတ် ၏။
  • 24 လျင် သော လက် ဖြင့် လုပ် ကိုင် သူ သည်၊ အ စိုး ရ လိမ့် မည်။ ပျင်း ရိ သော သူ မူ ကား၊ အ မှု ထမ်း ရ ၏။
  • 25 စိုး ရိမ် သော စိတ် သည်၊ ကိုယ် ကို ညှိုး ငယ် စေ တတ်၏။ ကျေး ဇူး စ ကား မူ ကား၊ ရွှင် လန်း စေ တတ် ၏။
  • 26 သူ တော် ကောင်း သည်၊ အ ပေါင်း အ ဖော် အား လမ်း ပြ တတ်၏။ လူ ဆိုး၏ အ လေ့ အ လာ မူ ကား၊ ကိုယ် ကို မှောက် မှား စေ တတ် ၏။
  • 27 ပျင်း ရိ သော သူ သည်၊ ကိုယ့် အ ဖို့ အ မဲ ဟင်း လျာ ကို မ ရှာ။ လုံ့ လ ဝိ ရိ ယ မူ ကား၊ လူ၌ အ ဖိုး ထိုက် သော ဘ ဏ္ဍာ ဖြစ်၏။
  • 28 ဖြောင့် မတ် ခြင်း တ ရား လမ်း၌ အ သက် တည်၍၊ သေ ဘေး နှင့် လွတ် ကင်း ချမ်း သာ ရ ၏။
回到本卷目录 回到本版本目录 回到首页