ထွက်​မြောက်-3

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မော ရှေ သည်၊ ယော က္ခ မ ဖြစ် သူ မိ ဒျန် ပ ရော ဟိတ် ယေ သ ရော၏ သိုး ဆိတ် များ ကို ထိန်း ကျောင်း ရာ တွင် သဲ တော အ နောက် ဘက် သို့ ဆောင် သွား ၍ ဟော ရပ် ခေါ် ဘု ရား သ ခင် တောင် တော် သို့ ရောက် သော်၊
  • 2 ချုံ ထဲ မှ ထွက် သော မီး လျှံ တွင် ဘု ရား သ ခင့် စေ တ မန် တော် ထင် ရှား သ ဖြင့် မီး တောက် လျက် ချုံ မ ကျွမ်း သည် ကို မော ရှေ မြင် ရာ၊
  • 3 အ ဘယ် ကြောင့် ချုံ မ လောင် ကြောင်း သိ လို ၍ ဤ ထူး ဆန်း သော ပြာ ဋိ ဟာ ကို ငါ လှည့် သွား ကြည့် ဦး အံ့ ဟု ကြံ သည့် အ တိုင်း၊
  • 4 လှည့် ကြည့် သည် ကို ထာ ဝ ရ ဘု ရား မြင် တော် မူ လျှင် မော ရှေ၊ မော ရှေ ဟု ချုံ ထဲ မှ ခေါ် တော် မူ၏။ အ ကျွန်ုပ် ရှိ ပါ သည် ဟု မော ရှေ ထူး လေ သော်၊
  • 5 ဘု ရား သ ခင် က၊ ဤ သို့ မ ချဉ်း လင့်။ သင် ရပ် တန့် သော နေ ရာ ကား သန့် ရှင်း သော မြေ ဖြစ် သော ကြောင့် ဖိ နပ် ကို ချွတ် လော့ ဟူ ၍ လည်း ကောင်း၊
  • 6 ငါ သည် သင့် အ ဘ၏ ဘု ရား၊ အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက်၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား ဖြစ် သည် ဟူ ၍ လည်း ကောင်း မိန့် တော် မူ လျှင် မော ရှေ သည် ဘု ရား သ ခင် ကို မ ဖူး ဝံ့ သော ကြောင့် မျက် နှာ ကို ကွယ် ဝှက် လေ ၏။
  • 7 ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် ရှိ ငါ့ လူ မျိုး ခံ ရ သော ညှဉ်း ပန်း ခြင်း ကို ဒိ ဋ္ဌ ငါ မြင် ပြီ။ အ အုပ် အ ချုပ် တို့ ကြောင့် အော် ဟစ် သံ ကို ငါ ကြား ပြီ။ ၎င်း တို့ ဒု က္ခ ဝေ ဒ နာ အ ကြောင်း ကို လည်း ငါ သိ ပြီ။
  • 8 သူ တို့ ကို အိ ဂျစ် လူ တို့ လက် တွင်း မှ ကယ် လွှတ်၍ ခါ န နိ၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ နေ ရာ၊ သာ ယာ ကျယ် ဝန်း လျက် နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့ ထို ပြည် က ပို့ ဆောင် ရန် ငါ သက် ဆင်း ပြီ။
  • 9 ယ ခု လည်း ဣ သ ရေ လ အ မျိုး သား တို့ အော် ဟစ် သံ သည် ငါ့ ထံ သို့ ရောက် ၍ ထို သူ တို့ အား အိ ဂျစ် လူ တို့ နှိပ် စက် ညှဉ်း ပန်း ခြင်း အ မှု ကို ငါ မြင် ပြီး ဖြစ် သော ကြောင့်၊
  • 10 ငါ့ လူ မျိုး တော် ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် ရန် ဖာ ရော မင်း ထံ သင့် ကို ငါ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။
  • 11 မော ရှေ က လည်း၊ ဖာ ရော မင်း ထံ ဝင်၍ ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် နိုင် ရန် အ ကျွန်ုပ် ကား မည် သူ နည်း ဟု ဘု ရား သ ခင် အား ပြန် လျှောက် လျှင်၊ သင် နှင့် အ တူ ငါ ရှိ မည်။
  • 12 သင့် ကို ငါ စေ လွှတ် သော အ ထိမ်း အ မှတ် ကား ထို လူ မျိုး ကို အိဂျစ် ပြည် မှ သင် ထုတ် ဆောင် ပြီး သော်၊ ဤ တောင် တော် ပေါ် တွင် ငါ ဘု ရား အား ဝတ် ပြု ရ ကြ လ တ္တံ့ ဟု ဘု ရား သ ခင် မိန့် တော် မူ ၏။
  • 13 မော ရှေ က လည်း၊ ဣ သ ရေ လ အ မျိုး သား တို့ ထံ အ ကျွန်ုပ် ရောက်၍ သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် သည် သင် တို့ ရှိ ရာ သို့ ငါ့ ကို စေ လွှတ် တော် မူ ပြီ ဟု ဆို လျှင် ထို ဘု ရား၏ နာ မ တော် ကား အ သို့ နည်း ဟု မေး ခဲ့ ကြ သော် အ ဘယ် သို့ ပြန် ပြော ရ ပါ မည် နည်း ဟူ၍ ဘု ရား သ ခင် အား မေး လျှောက် ရာ၊
  • 14 ဘု ရား သ ခင် က၊ ငါ သည် ငါ ဖြစ် ၏ ဟူ ၍ လည်း ကောင်း၊ ငါ ဖြစ် သည် မည် သော ကိုယ် တော် သည် သင် တို့ ရှိ ရာ သို့ စေ လွှတ် တော် မူ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ အား ပြန် ပြော လော့ ဟူ ၍ လည်း ကောင်း မော ရှေ အား မိန့် တော် မူ ၏။
  • 15 တစ် ဖန် မော ရှေ အား ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက် ၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် သင် တို့ ရှိ ရာ သို့ ငါ့ ကို စေ လွှတ် တော် မူ ပြီ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ကြား ပြော ရ မည်။ ထို အ မည် ကား၊ ကာ လ အ စဉ် ငါ့ အ မည်၊ လူ မျိုး အ ဆက် ဆက် ငါ့ ဘွဲ့ နာ မ ဖြစ် ၏။
  • 16 သွား၍ ဣ သ ရေ လ လူ ကြီး တို့ ကို စည်း ဝေး စေ ပြီး လျှင် သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ ဘုရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် ငါ့ အား ထင် ရှား တော် မူ လျက် သင် တို့ ကို လည်း ကောင်း၊ အိ ဂျစ် ပြည်၌ သင် တို့ အား ပြု ကြ သော အ မှု ကို လည်း ကောင်း ဒိ ဋ္ဌ ငါ ကြည့် ရှု မှတ် ထား ပြီ။
  • 17 အိ ဂျစ် ပြည်၌ ခံ ရ သော ညှဉ်း ပန်း ခြင်း မှ၊ ခါ န နိ၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ နေ ရာ၊ နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့ သင် တို့ ကို ပို့ ဆောင် ရန် ငါ ပြ ဋ္ဌာန်း ပြီ ဟု မိန့် တော် မူ ကြောင်း ကြား ပြော လော့။
  • 18 သင့် စ ကား ကို ထို သူ တို့ နား ထောင် ကြ သည် နှင့် အ ညီ သင် သည် ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အိ ဂျစ် ဘု ရင့် ထံ ဝင် ပြီး လျှင် ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ ဖြစ် ၍၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ ဟု လျှောက် တောင်း ရ မည်။
  • 19 အိ ဂျစ် ဘု ရင် သည် အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ လျက် ပင် သွား ခွင့် မ ပေး အံ့ သည် ကို ငါ သိ ၏။
  • 20 ငါ လည်း လက် ရုံး တော် ဆန့်၍ အိ ဂျစ် ပြည် တွင် ပြု လ တ္တံ့ သော အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ဖြင့် ထို ပြည် ကို ဒဏ် သင့် စေ မည်။ ထို နောက် မှ သင် တို့ ကို လွှတ် လိမ့် မည်။
  • 21 ထို လူ မျိုး ကို အိ ဂျစ် လူ တို့ ထံ မျက် နှာ သာ ရ စေ၍ သင် တို့ ထွက် သွား ရာ ကာ လ လက် ချည်း မ သွား ရ ဘဲ၊
  • 22 မိန်း မ တို့ က၊ ကိုယ့် အိမ် နီး ချင်း၊ အိမ် တွင် တည်း ခို သူ တို့ ထံ ရွှေ ထည်၊ ငွေ ထည်၊ အ ဝတ် ထည် များ ကို တောင်း ၍ သင် တို့ သား သ မီး များ ကို ဝတ် ဆင် စေ လျက် အိ ဂျစ် လူ တို့ ဥ စ္စာ ကို သိမ်း သွား ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页