ထွက်​မြောက်-4

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် မော ရှေ က၊ ထို သူ တို့ သည် အ ကျွန်ုပ် ကို မ ယုံ၊ စ ကား ကို လည်း မ နာ ခံ ဘဲ သင့် အား ထာ ဝ ရ ဘု ရား ထင် ရှား တော် မ မူ ကြောင်း ဆို ကြ လိမ့် မည် ဟု ပြန် လျှောက် သော်၊
  • 2 ထာ ဝ ရ ဘု ရား က၊ သင့် လက် ၌ ရှိ သည် ကား ဘယ် အ ရာ နည်း ဟု မေး တော် မူ လျှင် တောင် ဝေး ရှိ ပါ သည် ဟု လျှောက် ရာ၊
  • 3 မြေ ပေါ် သို့ ပစ် ချ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ပစ် ချ က၊ တောင် ဝေး သည် မြွေ ဖြစ်၍၊ ၎င်း ရှေ့ မှ မော ရှေ ပြေး လေ ၏။
  • 4 ထာ ဝ ရ ဘု ရား က လည်း၊ ထို သူ တို့ ဘိုး ဘေး များ ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ ၏ ဘု ရား၊ ဣ ဇာက်၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် သင့် အား ထင် ရှား တော် မူ ကြောင်း ယုံ ကြ စေ ခြင်း ငှါ၊ လက် ဆန့်၍ အ မြီး ကို ကိုင် ဖမ်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း လက် ဆန့်၍ ဖမ်း မိ က လက် တွင် တောင် ဝေး ပင် ဖြစ် ပြန် သ တည်း။
  • 5
  • 6 တစ် ဖန် ထာ ဝ ရ ဘု ရား က၊ သင့် လက် ကို ရင် ခွင် သို့ သွင်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း လက် ကို ရင် ခွင် သို့ သွင်း ၍ ထုတ် ပြန် သော အ ခါ ထို လက် သည် မိုး ပွင့် အ ဆင်း ကဲ့ သို့ နူ ရ ၏။
  • 7 တစ် ဖန်၊ သင့် လက် ကို ရင် ခွင် သို့ သွင်း ဦး လော့ ဟု မိန့် တော် မူ သ ဖြင့် လက် ကို ရင် ခွင် သို့ သွင်း၍ ထုတ် ရာ အ သား မှန် ဖြစ် ပြန် လေ ၏။
  • 8 ထို သူ တို့ သည် သင့် ကို မ ယုံ၊ ပ ဌ မ လ က္ခ ဏာ သက် သေ ကို မ နာ ခံ လျှင် နောက် ဖြစ် သော လ က္ခ ဏာ သက် သေ ကို ယုံ ကြ လိမ့် မည်။
  • 9 ထို လ က္ခ ဏာ သက် သေ နှစ် ရပ် ကို မျှ မ ယုံ၊ သင့် စ ကား ကို လည်း မ နာ ခံ သေး လျှင် နိ လ မြစ် ရေ ကို ခပ် ယူ၍ ကုန်း ပေါ် သို့ သွန်း လောင်း လော့။ ထို သို့ မြစ် ထဲ မှ ခပ် ယူ သော ရေ သည် ကုန်း ပေါ် တွင် သွေး ဖြစ် လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 10 ထို နောက် မော ရှေ က၊ အ ရှင် ဘု ရား၊ ယ မန် က သော် လည်း ကောင်း၊ ကျွန် တော် မျိုး အား မိန့် တော် မူ သော အ ခါ မှ သော် လည်း ကောင်း၊ စ ကား မ တတ်၊ နှုတ် ဆွံ့ လျှာ လေး သူ ဖြစ် ပါ သည် ဟု ထာ ဝ ရ ဘု ရား အား လျှောက် ဆို ၏။
  • 11 ထာ ဝ ရ ဘု ရား က လည်း၊ လူ့ နှုတ် ကို မည် သူ ပြု ပြင် သ နည်း။ အ သူ၊ ပင်း သူ၊ မြင် သူ၊ မ မြင် သူ တို့ ကို မည် သူ ပြု ပြင် သ နည်း။ ငါ ထာ ဝ ရ ဘု ရား ပင် မ ဟုတ် လော။
  • 12 သို့ ဖြစ်၍ သွား လော့။ သင့် နှုတ်၌ ငါ တည် နေ၍ မည် သို့ ပြော ရ မည် ကို သွန် သင် ပေ အံ့ ဟု မိန့် တော် မူ လျှင်၊
  • 13 မော ရှေ က၊ အ ရှင် ဘု ရား စေ အံ့ သူ လက် ဖြင့် သာ ပေး ပို့ တော် မူ ပါ ဟု လျှောက် သော်၊
  • 14 ထာ ဝ ရ ဘု ရား သည် မော ရှေ အား အ မျက် တော် ထား၍ သင့် အစ် ကို ဖြစ် သူ လေ ဝိ ဂိုဏ်း သား အာ ရုန် ရှိ သည် မ ဟုတ် လော။
  • 15 သူ သည် မု ချ ပြန် ပြော မည် ကို ငါ သိ၏။ သင့် ကို ကြို ဆို ရန် သူ ထွက် လာ ပြီ။ တွေ့ မြင် သော အ ခါ စိတ် နှ လုံး ရွှင် လိမ့် မည်။ သင် သည် သူ့ ကို နှုတ် ထည့် စ ကား ပြော၍ သင့် နှုတ် ၌ လည်း ကောင်း၊ သူ့ နှုတ် ၌ လည်း ကောင်း၊ ငါ တည် နေ လျက် မည် သို့ ပြု ကြ ရ မည် ကို လည်း သွန် သင် အံ့။
  • 16 သူ သည် ထို လူ မျိုး ရှေ့ တွင် စ ကား ပြန် လုပ်၍၊ သင်၏ နှုတ် ကိုယ် စား သင် လည်း သူ့ ဘု ရား သ ခင်၏ ကိုယ် စား ဖြစ် လိမ့် မည်။
  • 17 လ က္ခ ဏာ သက် သေ များ ကို ပြ ရန် ဤ တောင် ၀ေး ကို လည်း ကိုင် စွဲ လော့ ဟု မိန့် တော် မူ ၏။
  • 18 ထို အ ခါ မော ရှေ သည် ယော က္ခ မ ယေ သ ရော့ ထံ ပြန် သွား ၍ အိ ဂျစ် ပြည် ရှိ ကျွန် တော့် အ မျိုး သား ချင်း တို့ အ သက် ရှင် သည် မ ရှင် သည် ကို သိ မြင် ခြင်း ငှါ ၎င်း တို့ ရှိ ရာ သို့ ပြန် သွား ခွင့် ပေး ပါ ဟု ဆို သော် ယေ သ ရော က၊ အ ကြည် အ သာ သွား တော့ ဟု ပြန် ဆို လေ ၏။
  • 19 ထာ ဝ ရ ဘု ရား က လည်း၊ အိ ဂျစ် ပြည် သို့ ပြန် သွား လော့။ သင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သူ အ ပေါင်း တို့ သေ ကြ လေ ပြီ ဟု မိဒျန် ပြည်၌ မော ရှေ အား မိန့် တော် မူ သော်၊
  • 20 မော ရှေ သည်၊ သား မ ယား တို့ ကို ခေါ် ယူ ၍ မြည်း ပေါ် မှာ တင် ပြီး လျှင်၊ ဘု ရား သ ခင့် တောင် ဝေး တော် ကို ကိုင် စွဲ လျက် အိ ဂျစ် ပြည် သို့ ပြန် လေ ၏။
  • 21 ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် သို့ ပြန် ရောက် လျှင် ငါ အပ် နှင်း သော သက် သေ နိ မိတ် အ မျိုး မျိုး ကို ဖာ ရော မင်း ရှေ့ ပြ ဖြစ် အောင် ပြ လော့။ သို့ ပြ လျက် ပင် သူ့ စိတ် နှ လုံး ကို ငါ ခဲ ယဉ်း စေ သ ဖြင့် ထို လူ မျိုး ကို လွှတ် လိမ့် မည် မ ဟုတ်။
  • 22 ဖာ ရော မင်း အား လည်း ဣ သ ရေ လ သည် ငါ့ သား ဖြစ် ၏။ ငါ့ သား ဦး ပင် တည်း။
  • 23 ငါ့ သား ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ ဟု ငါ အ မိန့် ရှိ လျက် နှင့် မ လွှတ် မူ ၍ ငြင်း ခဲ့ သော ကြောင့် သင့် သား၊ သင့် သား ဦး ကို ပင် ငါ အ ဆုံး စီ ရင် မည် ဟူ ၍ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟု မော ရှေ အား မိန့် မှာ တော် မူ ၏။
  • 24 ခ ရီး စ ခန်း တွင် မော ရှေ ကို ထာ ဝ ရ ဘု ရား တွေ့ ကြုံ၍ သေ စေ ခြင်း ငှါ ကြံ စည် တော် မူ လျှင်၊
  • 25 ဇိ ပေါ ရ သည် ကျောက် စောင်း ကို ယူ၍ သား၏ အ ရေ ဖျား ကို လှီး ဖြတ် ပြီး မှ လင့် ခြေ ရင်း သို့ ပစ် လျက် စင် စစ် အ ရှင် သည် ကျွန် မ အား သွေး နှင့် စပ် လျဉ်း သော လင် ယောက်ျား ဖြစ် သည် ဟု ဆို သော် မော ရှေ ကို လွှတ် ထား တော် မူ ၏။
  • 26 ထို အ ခါ မ ယား က၊ သွေး နှင့် စပ် လျဉ်း သော လင် ယောက်ျား ဖြစ် သည် ဟု ဆို သည့် အ ကြောင်း ကား၊ လှီး ဖြတ် ခြင်း နှင့် စပ် လျဉ်း ၍ တည်း။
  • 27 ထာ ဝ ရ ဘု ရား က လည်း၊ မော ရှေ ကို ကြို ဆို ခြင်း ငှါ တော သို့ သွား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ အာ ရုန် သွား၍ ဘု ရား သခင့် တောင် တော် ပေါ် တွင် တွေ့ ကြုံ နမ်း ရှုပ် ပြီး လျှင်၊
  • 28 မော ရှေ သည် ထာ ဝ ရ ဘု ရား စေ ခိုင်း တော် မူ သော ဗျာ ဒိတ် တော် အ လုံး စုံ ကို လည်း ကောင်း၊ မိန့် မှာ တော် မူ သော လ က္ခ ဏာ သက် သေ အ ပေါင်း ကို လည်း ကောင်း အာ ရုန် အား ကြား ပြော လေ ၏။
  • 29 မော ရှေ နှင့် အာ ရုန် တို့ သွား၍ ဣ သ ရေ လ အ မျိုး သား လူ ကြီး ရှိ သ မျှ ကို စည်း ဝေး စေ ကြ ပြီး လျှင်၊
  • 30 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ လုံး စုံ ကို အာ ရုန် ပြန် ပြော၍ ထို သူ တို့ မျက် မှောက် တွင် လ က္ခ ဏာ သက် သေ များ ကို ပြ လေ သော်၊
  • 31 သူ တို့ ယုံ ကြည် လျက် ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား ကြွ ရောက် ကြည့် ရှု တော် မူ ကြောင်း ကို လည်း ကောင်း၊ ညှဉ်း ပန်း ခံ ရ ခြင်း ကို ရှု မြင် တော် မူ ကြောင်း ကို လည်း ကောင်း ကြား နာ ရ သော အ ခါ ဦး ညွှတ် ရှိ ခိုး ကြ ကုန် ၏။
回到本卷目录 回到本版本目录 回到首页