1
ထာ ဝ ရ ဘု ရား က လည်း၊ ဣ သ ရေ လ အ မျိုး သား လူ သူ တိ ရ စ္ဆာန် တို့ ဦး စွာ ဖွား သော သား ဦး အ ပေါင်း တို့ ကို ငါ့ အ ဖို့ သီး သန့် ထား လော့။ ၎င်း တို့ သည် ငါ ပိုင် ဖြစ် သည် ဟု မော ရှေ အား မိန့် တော် မူ ၏။
2
3
ထို လူ မျိုး အား မော ရှေ ဆင့် ဆို သည် မှာ သင် တို့ သည် ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ထွက် လွတ် သော ဤ နေ့ ရက် ကို သ တိ ရ ကြ လော့။ လက် ရုံး တော် တန် ခိုး ဖြင့် ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ပြီ။ တ ဆေး ခတ် သော မု့န် ကို မ စား ရ။
4
အ ဗိ ဗ ခေါ် လ၊ ယ နေ့ ၌ ပင် သင် တို့ ထွက် လွတ် ကြ ပြီ။
5
သင် တို့ ကို ပေး သ နား ရန် ဘိုး ဘေး များ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည်၊ ခါ န နိ၊ ဟိ တ္တိ၊ အာမော ရိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ နေ ရာ နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့ ဆောင် သွင်း တော် မူ ပြီး မှ လည်း ယ ခု လ တိုင်း ဤ ဝတ် ကို ပြု ကြ ရ မည်။
6
ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ကို စား လျက် သ တ္တ မ နေ့ တွင် ထာ ဝ ရ ဘု ရား ရှေ့ ပူ ဇော် ပွဲ ကျင်း ပ ကြ ရ မည်။
7
ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ကို သာ စား ရ မည်။ နေ ပြည် တစ် ဝှမ်း လုံး တွင် တ ဆေး ကို လည်း ကောင်း၊ တ ဆေး ခတ် သော မုန့် ကို လည်းကောင်း မ ရှိ စေ ရ။
8
ထို ကာ လ၌ လည်း သင် တို့ က၊ အိ ဂျစ် ပြည် မှ ငါ တို့ ထွက် လွတ် ရ သော အ ခါ ထာ ၀ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး ကြောင့် ဤ သို့ ပြု ရ သည် ဟု သား များ အား ကြား ပြော ကြ ရ မည်။
9
အား ကြီး သော လက် ရုံး တော် ဖြင့် အိ ဂျစ် ပြည် မှ ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ခဲ့ သော ကြောင့် သင် တို့ နှုတ် ၌ ထာ ဝ ရ ဘု ရား ၏ တ ရား တည် စေ ရန် ဤ ဝတ် သည်၊ လက် ၌ လ က္ခ ဏာ သက် သေ၊ မျက် မှောင် ကြား၌ အ ထိမ်း အ မှတ် သ ဖွယ် ဖြစ် ရ မည်။
10
ထို့ ကြောင့် နှစ် စဉ် အ ခါ သ မ ယ၌ ဤ ထုံး ဖွဲ့ နည်း ကို စောင့် ရှောက် ကြ ရ မည်။
11
သင် တို့ ၌ လည်း ကောင်း၊ ဘိုး ဘေး များ ၌ လည်း ကောင်း၊ သ စ္စာ ဆို တော် မူ ခဲ့ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် ခါ နာန် လူ မျိုး နေ ရာ ပြည် သို့ ဆောင် သွင်း၍ ထို ပြည် ကို ပေး သ နား တော် မူ လျှင်၊
12
သင် တို့၌ အ ဦး ဖွား သော သား များ နှင့် တိ ရ စ္ဆာန် များ၏ သား ဦး အ ပေါင်း တို့ ကို ထာ ဝ ရ ဘု ရား အား အပ် နှင်း ကြ ရ မည်။ အ ထီး ဟူ သ မျှ သည် ထာ ဝ ရ ဘု ရား ပိုင် ဖြစ် ရ မည်။
13
မြည်း မ တို့ သား ဦး ရှိ သ မျှ ကို ကား သိုး သား ငယ် နှင့် ရွေး နုတ် ရ မည်။ မ ရွေး နုတ် ခဲ့ လျှင် လည် ကို ချိုး ရ မည်။ လူ့ သား တို့ အ နက် သား ဦး အ ပေါင်း တို့ ကို ရွေး နုတ် ကြ ရ မည်။
14
နောင်၌ လည်း သင် တို့ သား များ က၊ ဤ ကား အ သို့ နည်း ဟု မေး မြန်း လျှင် ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ထာ ဝ ရ ဘု ရား သည် လက် ရုံး တော့် တန် ခိုး ဖြင့် ငါ တို့ ကို ထုတ် ဆောင် တော် မူ ရာ၊
15
ခွင့် လွှတ် ခြင်း အ မှု၌ ဖာ ရော မင်း ခဲ ယဉ်း သည် နှင့် အိ ဂျစ် ပြည် တွင် လူ နှင့် တိ ရ စ္ဆာန် တို့ သား ဦး အ ပေါင်း ကို ကွပ် မျက် တော် မူ သော ကြောင့် အ ဦး ဖွား သော အ ထီး ဟူ သ မျှ ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရ မည်။ အ ဦး ဖွား သော သား အ ပေါင်း ကို ကား ရွေး နုတ် လေ့ ရှိ သည် ဟု သင် တို့ ပြန် ဆို ကြ ရ မည်။
16
ထာ ဝ ရ ဘု ရား သည် လက် ရုံး တော့် တန် ခိုး ဖြင့် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ကြောင့် ဤ ဝတ် သည် သင် တို့ လက်၌ လ က္ခ ဏာ သက် သေ၊ မျက် မှောင် ကြား ၌ သင်း ကျစ် သ ဖွယ် ဖြစ် ရ မည် ဟု ဆင့် ဆို လေ ၏။
17
ဣ သ ရေ လ လူ မျိုး ကို ဖာ ရော မင်း လွှတ် သော် ထို လူ မျိုး သည် စစ် မှု တွေ့ ရ လျှင်၊ အိ ဂျစ် ပြည် သို့ ပြန် သွား မည် စိုး ရိမ် ရန် ရှိ သည် ဟု ဘု ရား သ ခင် အောက် မေ့ လျက်၊
18
နီး သော ဖိ လိ တ္တိ လမ်း ဖြင့် မ ဆောင် ဘဲ ပင် လယ် နီ ကမ်း၊ သဲ တော လမ်း ဖြင့် လှည့် ၍ ဆောင် တော် မူ ၏။ ဣ သ ရေ လ အ မျိုး သား တို့ သည် ခင်း ကျင်း သော တပ် စဉ် အ တိုင်း အိ ဂျစ် ပြည် မှ ထွက် သွား ကြ ၏။
19
ယ မန် ယော သပ် က၊ ဘု ရား သ ခင် သည် သင် တို့ အား အ ကြည့် အ ရှု မု ချ ကြွ ရောက် တော် မူ မည်။ ထို အ ခါ ကျွန်ုပ် အ ရိုး များ ကို ဤ ပြည် မှ ဆောင် ယူ ရ မည် ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ ကို ခိုင် ခံ့ စွာ သ စ္စာ ဆို စေ သည့် အ တိုင်း သူ့ အ ရိုး များ ကို မော ရှေ ဆောင် ခဲ့ လေ ၏။
20
တစ် ဖန် သူ တို့ သည် သု ကုတ် မြို့ မှ ချီ သွား၍ သဲ တော စ၊ ဧ သံ မြို့ ၌ စွဲ ရပ် ကြ ၏။
21
နေ့ ညဉ့် မ ဟူ၊ သူ တို့ သွား နိုင် စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား သည် နေ့ ၍ လမ်း ပြ ရန် တိမ် တိုင် အား ဖြင့် လည်း ကောင်း၊ ညဉ့်၌ လင်း စေ ရန် မီး တိုင် အား ဖြင့် လည်း ကောင်း သူ တို့ ရှေ့ က ကြွ တော် မူ ၏။
22
နေ့ အ ချိန်၌ တိမ် တိုင်၊ ညဉ့် အ ချိန် ၌ မီး တိုင် ကို သူ တို့ ရှေ့ မှ ရုပ် သိမ်း တော် မ မူ။