ထွက်​မြောက်-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို အ ခါ မော ရှေ နှင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား အား ဧ ချင်း ဖွဲ့ ဆို သော စ ကား ဟူ မူ ကား၊ ထာ ဝ ရ ဘု ရား သည် ဘုန်း တော် ထင် ပေါ် သည် ဖြစ်၍ ကိုယ် တော် အား ဧ ချင်း ဖွဲ့ ဆို ပါ အံ့။ မြင်း နှင့် မြင်း စီး သူ ရဲ ကို ပင် လယ် အ တွင်း ချ လှဲ တော် မူ ပြီ။
  • 2 ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။
  • 3 ထာ ဝ ရ ဘု ရား သည် စစ် ဗိုလ် မှူး ဖြစ် တော် မူ၏။ နာ မ တော် ကား၊ ထာ ဝ ရ ဘု ရား ပေ တည်း။
  • 4 ဖာ ရော မင်း၏ စစ် ရ ထား နှင့် ဗိုလ် ခြေ တို့ ကို ပင် လယ် အ တွင်း ချ လှဲ တော် မူ ပြီ။ လက် ရွေး ဗိုလ် မင်း တို့ လည်း ပင် လယ် နီ ထဲ၌ နှစ် မြှုပ် ကြ ၏။
  • 5 သ မု ဒ္ဒ ရာ လွှမ်း မိုး သ ဖြင့် သူ တို့ သည် နက် ရှိုင်း ရာ သို့ ကျောက် တုံး သ ဖွယ် နစ် သွား ကြ ၏။
  • 6 တန် ခိုး ကြောင့် ဘုန်း ကြီး တော် မူ သော အို ထာ ဝ ရ ဘု ရား၊ ညာ လက် တော် သည် ရန် သူ တို့ ကို ချိုး ဖဲ့ ဖျက် ဆီး တော် မူ ၏။
  • 7 ကိုယ်တော့် တစ် ဘက်၌ ထ ကြွ သူ တို့ ကို ကြီး မြတ် သော ဘုန်း တော် နှင့် ဖြို လှဲ တော် မူ၍ အ မျက် တော် ရှိန် ကို လွှတ် သ ဖြင့် ရိုး ပြတ် ကဲ့ သို့ ကျွမ်း စေ တော် မူ ၏။
  • 8 နှာ တော် ရှူ ထုတ် ခြင်း အား ဖြင့် ရေ မောက် ကြွ၍ ရေ အ လျဉ် လည်း စု ပုံ လျက် ပင် လယ် ဗ ဟို ရေ ထု သည် ခဲ မာ ရ လေ ၏။
  • 9 ငါ လိုက်၍ မှီ လိမ့် မည်။ လက် ရ ပ စ္စည်း ကို ဝေ မျှ ရ မှ ငါ ချင် ရဲ ပြေ မည်။ ဓား ကို ချွတ်၍ လက် ရုံး နှင့် ဖျက် ဆီး မည် ဟု ရန် သူ တို့ ဆို သော်၊
  • 10 ကိုယ် တော် ရှူ ထုတ် တော် မူ သ ဖြင့် ပင် လယ် လွှမ်း မိုး ၍ အား ကြီး သော ရေ ထဲ မှာ ခဲ ထုပ် ကဲ့ သို့ သူ တို့ နစ် သွား ကြ ၏။
  • 11 အို ထာ ဝ ရ ဘု ရား၊ ဘု ရား ဟူ သ မျှ တို့ တွင် ကိုယ် တော် နှင့် မည် သည့် ဘု ရား တူ ပါ သ နည်း။ သန့် ရှင်း ခြင်း ကြောင့် ဘုန်း ကြီး တော် မူ ထ သော ချီး မွမ်း ထိုက် ခြင်း ကြောင့် ကြောက် မက် ဖွယ် ဖြစ် တော် မူ ထ သော၊ အံ့ ဖွယ် ရာ များ ကို ပြု တော် မူ သော ကိုယ် တော် နှင့် မည် သည့် ဘု ရား တူ ပါ သ နည်း။
  • 12 ညာ လက် တော် ဆန့် တော် မူ လျှင် သူ တို့ ကို မြေ မျို လေ ၏။
  • 13 ရွေး နုတ် တော် မူ ခဲ့ သော လူ မျိုး ကို က ရု ဏာ တော် နှင့် လမ်း ပြ တော် မူ၍ သန့် ရှင်း သော စံ ရာ တော် သို့ တန် ခိုး တော် အား ဖြင့် ပို့ ဆောင် တော် မူ သော်၊
  • 14 လူ မျိုး များ သည် သ တင်း ကြား၍ တုန် လှုပ် ကြ၏။ ဖိ လိ တ္တိ ပြည် သူ ပြည် သား တို့ သည် နာ ကျင် ခြင်း ဝေ ဒ နာ ခံ ရ ကြ ၏။
  • 15 ထို အ ခါ ဧ ဒုံ လူ မျိုး အ ကြီး အ ကဲ တို့ ထိတ် လန့်၍ မော ဘ ဗိုလ် မှူး တို့ တုန် လှုပ် လျက် ခါ နာန် ပြည် သား အ ပေါင်း တို့ ပျက် ပြား ကြ ၏။
  • 16 အို ထာ ဝ ရ ဘု ရား၊ အ ပိုင် ရ တော် မူ သော လူ မျိုး တော် ကျော် လွန် သည့် တိုင် အောင် ထို လူ မျိုး များ အ ပေါ် သို့ ကြောက် ရွံ့ ထိတ် လန့် ခြင်း သင့်၍ လက် ရုံး တော် တန် ခိုး ကြောင့် ကျောက် တုံး ကဲ့ သို့ ဆိတ် ဆိတ် နေ ရ ကြ၏။
  • 17 အို ထာ ဝ ရ အ ရှင် ဘု ရား၊ ပိုင် တော် မူ ရာ တောင်၊ ကိန်း ဝပ် တော် မူ ရန် ပြု ပြင် တော် မူ သော အ ရပ်၊ လက် တော် ဖြင့် တည် တော် မူ သော သန့် ရှင်း ရာ ဌာ န တော် ထဲ သို့ လူ မျိုး တော် ကို သွင်း ၍ စိုက် ထူ တော် မူ လေ ပြီ။
  • 18 ထာ ဝ ရ ဘု ရား သည် က မ္ဘာ အ ဆက် ဆက် စိုး စံ တော် မူ လိမ့် သ တည်း ဟု ကျူး ဧ ကြ ၏။
  • 19 အ သို့ ဆို သော် ဖာ ရော မင်း၏ စစ် မြင်း၊ စစ် ရ ထား၊ မြင်း စီး သူ ရဲ များ တို့ သည် ပင် လယ် ထဲ သို့ ဝင် ရာ၊ သူ တို့ အ ပေါ် သို့ ပင် လယ် ရေ ကို ထာ ဝ ရ ဘု ရား စီး ပြန် စေ တော် မူ၏။ ဣ သ ရေ လ အ မျိုး သား တို့ မူ ကား ပင် လယ် အ လယ် တွင် ကြည်း ကြောင်း လျှောက် သွား ရ ကြ၏။
  • 20 အာ ရုန်၏ အစ် မ ဖြစ် သော ပ ရော ဖက် မ မိ ရိ အံ သည် ပတ် သာ ကို ကိုင်၍ မိန်း မ အ ပေါင်း တို့ လည်း ပတ် သာ တီး လျက်၊ က ခုန် လျက်၊ လိုက် သွား ကြ စဉ်၊
  • 21 ထာ ဝ ရ ဘု ရား သည် ဘုန်း တော် ထင် ပေါ် သည် ဖြစ်၍ ကိုယ် တော် အား ဧ ချင်း ဖွဲ့ ဆို ကြ လော့။ မြင်း နှင့် မြင်း စီး သူ ရဲ ကို ပင် လယ် အ တွင်း ချ လှဲ တော် မူ ပြီ ဟု အ တိုင် အ ဖောက် ဆို လေ၏။
  • 22 ထို နောက် မော ရှေ သည် ဣ သ ရေ လ လူ တို့ ကို ပင် လယ် နီ မှ ဆောင် သွား သ ဖြင့် ရှု ရ တော သို့ ရောက် ကြ လျှင် ထို တော၌ ရေ မ တွေ့ ဘဲ သုံး ရက် ခ ရီး သွား ပြီး နောက်၊
  • 23 မာ ရ စ ခန်း သို့ ရောက် သော အ ခါ မာ ရ ရေ ခါး သော ကြောင့် မ သောက် နိုင် ကြ။ ရေ ခါး ကြောင်း အ စွဲ ပြု၍ ထို စ ခန်း ကို မာ ရ ဟု သ မုတ် ကြ သ တည်း။
  • 24 ထို လူ မျိုး သည် မော ရှေ အား ညည်း ညူ လျက် မည် သည် ကို သောက် ရ အံ့ နည်း ဟု ဆို ကြ သော်၊
  • 25 မော ရှေ သည် ထာ ဝ ရ ဘု ရား ထံ ဟစ် သည် နှင့် ထာ ဝ ရ ဘု ရား ပြ ညွှန် တော် မူ သော သစ် ပင် ကို ရေ ထဲ သို့ ချ လျှင် ရေ ချို လေ ၏။ ထို အ ရပ် တွင် သူ တို့ ကို စုံ စမ်း၍ ဆုံး ဖြတ် ထုံး ဖွဲ့ တော် မူ သည် ကား၊
  • 26 သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ၍ မျက် မှောက် တော် တွင် သင့် လျော် စွာ ပြု ကျင့် လျက် မိန့် မှာ တော် မူ ချက် များ ကို နား ထောင် ခြင်း၊ ထုံး ဖွဲ့ တော် မူ သ မျှ ကို စောင့် ရှောက် ခြင်း ပြု ကြ လျှင် ငါ သည် အိ ဂျစ် လူ တို့ အ ပေါ် တွင် သင့် ရောက် စေ ခဲ့ သော ရော ဂါ တစ် စုံ တစ် ခု ကို မျှ သင် တို့ အ ပေါ် တွင် သင့် ရောက် စေ မည် မ ဟုတ်။ ငါ သည် သင် တို့ ကို ကျန်း မာ စေ သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။
  • 27 ထို နောက် စမ်း ရေ တွင်း တစ် ဆယ့် နှစ်၊ စွန် ပ လွံ ပင် ခု နစ် ဆယ် ရှိ သော ဧ လိမ် မြိုင် သို့ ရောက် ရာ ရေ အ နီး တွင် စွဲ ရပ် ကြ ၏။
回到本卷目录 回到本版本目录 回到首页