1
ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို၊ စိတ် နှ လုံး အ ကြွင်း မဲ့ ချီး မွမ်း လျက်၊ အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ကို ဖော် ပြ ပါ မည်။
2
မြင့် မြတ် သော အ ရှင်၊ ကိုယ် တော်၌ အား ရ ရွှင် လန်း လျက်၊ နာ မ တော် ဂုဏ် တော် ကို ကျူး ဧ ပါ မည်။
3
အ ကျွန်ုပ် ရန် သူ တို့ သည်၊ ရှေ့ တော်၌ ပြန် ဆုတ် ပြို လဲ ပျက် စီး ရ ကြ ပါ၏။
4
တ ရား ပလ္လင် သို့ တက် လျက်၊ ဖြောင့် မှန် စွာ ဆုံး ဖြတ် တော် မူ သော ကိုယ် တော် သည်၊ အ ကျွန်ုပ် အ မှု ကို စီ ရင် ဆုံး ဖြတ် တော် မူ ပါ၏။
5
လူ မျိုး ခြား တို့ ကို ဆုံး မ၍၊ လူ ဆိုး တို့ ကို ဖျက် ဆီး ပြီး လျှင်၊ အ မည် ပါ ကာ လ အ စဉ် အ ဆက် ချေ ဖျောက် တော် မူ ပါ ပြီ။
6
ရန် သူ တို့ သည် ကုန် ဆုံး လျက်၊ အ စဉ် ဆိတ် ညံ ရာ ရောက် ကြ ပြီ။ နုတ် ပယ် တော် မူ သော မြို့ များ လည်း အ မှတ် မျှ မ ရှိ ပါ။
7
ထာ ဝ ရ ဘု ရား မူ ကား၊ ကာ လ အ စဉ် စံ နေ၍၊ တ ရား ပ လ္လင် တော် ကို ပြင် ဆင် တော် မူ သည့် အ လျောက်၊
8
တစ် လော က လုံး ကို ဖြောင့် မတ် စွာ ဆုံး ဖြတ် လျက်၊ လူ အ မျိုး မျိုး တို့ ကို မျှ တ စွာ စီ ရင် တော် မူ လိမ့် မည်။
9
ဒု က္ခ ရောက် သော ကာ လ တွင် လည်း၊ နှိပ် စက် ခံ ရ သူ တို့ အ ဖို့၊ ထာ ဝ ရ ဘု ရား သည် ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ လိမ့် မည်။
10
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
11
လူ သတ် မှု ကို စစ် ဆေး တော် မူ သော အ ရှင် သည်၊ ဆင်း ရဲ သား တို့ အော် ဟစ် သံ ကို သ တိ မ လစ် ဘဲ၊ မှတ် သား တော် မူ သော ကြောင့်၊ ဇိ အုန် မြို့၌ စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား ထံ ကျူး ဧ လျက်၊ အ မှု တော် များ ကို၊ လူ မျိုး တို့ ဘောင် တွင် ဖော် ပြ ကြ လော့။
12
13
သေ ခြင်း တံ ခါး များ မှ၊ အ ကျွန်ုပ် ကို ချီ ကြွ တော် မူ သော အို ထာ ဝ ရ ဘု ရား၊ သ နား တော် မူ ၍၊ မုန်း ထား သူ တို့ ကြောင့် ခံ ရ သော ဒု က္ခ ကို ရှု မြင် တော် မူ ပါ။
14
သို့ မှ ဂုဏ် တော် အ ပေါင်း ကို အ ကျွန်ုပ် ဖော် ပြ ပါ မည်။ သ တို့ သ မီး ဇိ အုန် မြို့ တံ ခါး များ ၌၊ ကယ် တင် တော် မူ ခြင်း ကို အ ကြောင်း ပြု ၍ ရွှင် လန်း ပါ မည်။
15
လူ မျိုး ခြား တို့ သည်၊ တူး လုပ် သော တွင်း ၌ နစ် မြုပ် လျက်၊ ဝှက် ထား သော ပိုက် တွင် ခြေ မိ လျက် ရှိ နေ ပါ ပြီ။
16
ထာ ဝ ရ ဘု ရား သည် တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ လူ ဆိုး ကို ကိုယ့် လက် ဖြစ် ကျော့ ကွင်း ၌ မိ စေ လျက် ထင် ရှား တော် မူ ပါ ပြီ။
17
ဘု ရား သ ခင် ကို မေ့ လျော့ သူ လူ မျိုး ခြား ရှိ သ မျှ တည်း ဟူ သော လူ ဆိုး တို့ သည်၊ မ ရ ဏာ့ နိုင် ငံ သို့ ပြန် ရ ကြ မည်။
18
နွမ်း ပါး သော သူ တို့ ကို၊ အ စဉ် မေ့ လျော့ ၍ နေ တော် မူ မည် မ ဟုတ်။ သူ ဆင်း ရဲ တို့ ၏ စောင့် မျှော် ခြင်း လည်း၊ အ စဉ် ပျက် ရ မည် မ ဟုတ်။
19
အို ထာ ဝ ရ ဘု ရား၊ နိုး ထ ၍ လူ ကို အ နိုင် ပေး တော် မ မူ ပါ နှင့်။ လူ မျိုး ခြား တို့ ကို၊ ရှေ့ တော် ၌ တ ရား ဆုံး ဖြတ် တော် မူ ပါ။
20
အို ထာ ဝ ရ ဘု ရား၊ လူ မျိုး ခြား တို့ ၌ ကြောက် မက် ဖွယ် စီ မံ၍၊ လူ မျှ သာ ဖြစ် ကြောင်း သိ ကြ ပါ စေ သော။