1
အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် ထား၍ အ ကျွန်ုပ် ကို ပဲ့ ပြင် တော် မ မူ ပါ နှင့်။ မ သာ မ ယာ သော စိတ် ရှိ၍ ဆုံး မ တော် မ မူ ပါ နှင့်။
2
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ပိန် ကြုံ လျက် ရှိ သော ကြောင့် သ နား တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ ရိုး စုံ နာ ကျင် လျက် ရှိ သော ကြောင့် ချမ်း သာ စေ တော် မူ ပါ။
3
အ ကျွန်ုပ် အ သက် ဝိ ညာဉ် လည်း၊ ဒု က္ခ ပြင်း စွာ ရောက် လျက် ရှိ ခဲ့ လေ စွ။ အို ထာ ဝ ရ ဘု ရား၊ မည် မျှ ကြာ ဆိုင်း လင့်၍ နေ တော် မူ မည် နည်း။
4
အို ထာ ဝ ရ ဘု ရား၊ တစ် ဖန် ကြွ လာ၍ အ ကျွန်ုပ် အ သက် ကို ကယ် လွှတ် တော် မူ ပါ။ က ရု ဏာ တော် အ လျောက်၊ အ ကျွန်ုပ် ကို ကယ် တင် တော် မူ ပါ။
5
သေ ရာ၌ ကိုယ် တော် ကို သ တိ မ ရ တတ် ကြ ပါ။ မ ရ ဏာ့ နိုင် ငံ၌၊ ကျေး ဇူး တော် ကို မည် သူ ချီး မွမ်း ပါ မည် နည်း။
6
ငါ သည် ညည်း တွား ရ၍ မော ပန်း လျက် ရှိ၏။ ခု တင် ကို မျက် ရည် နှင့် ဖျန်း ၍ ညဉ့် တိုင်း အိပ် ရာ ကို ရွှဲ စေ ၏။
7
ပူ ဆွေး ရ ခြင်း ကြောင့် မျက် စိ ပျက် ၍၊ ရန် သူ တို့ ကြောင့် မှုန် လျက် နေ ၏။
8
ဒု စ ရိုက် ပြု ကျင့် သူ အ ပေါင်း တို့၊ ငါ့ ထံ မှ ထွက် သွား ကြ။ ငါ့ ငို ကြွေး သံ ကို ထာ ဝ ရ ဘု ရား ကြား နာ တော် မူ ပြီ။
9
ငါ့ အ သ နား တော် ခံ ချက် ကို၊ ထာ ဝ ရ ဘု ရား နား ညောင်း လျက်၊ ပ ဌ နာ ကို လက် ခံ တော် မူ ပါ မည်။
10
ငါ့ ရန် သူ ရှိ သ မျှ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ခြင်း၊ ရှောင် တ ခင် လန့်၍ အ ရှက် ကွဲ ခြင်း ခံ ရ ကြ လ တ္တံ့။