1
ထာ ဝ ရ ဘု ရား၌ ခို လှုံ သူ၊ ငါ၏ အ သက် ဝိ ညာဉ် အား၊ တောင် ပေါ် သို့ ငှက် ကဲ့ သို့ ပျံ သွား လော့။
2
လူ ဆိုး တို့ သည်၊ သ ဘော ဖြောင့် သူ တို့ ကို၊ မှောင် ခို လျက် ခွင်း ပစ် ခြင်း ငှာ၊ လေး ညှို့ တင်၍ တပ် ပြီး မြှား ဖြင့် ရွယ် ကြ ပြီ တ ကား။
3
အ ခြေ အ မြစ် များ ပျက် စီး လျှင်၊ ဖြောင့် မတ် သူ သည် မည် သို့ တတ် နိုင် အံ့ နည်း၊ ဟူ၍ အ ဘယ့် ကြောင့် သင် တို့ ဆို ရ သ နည်း။
4
သန့် ရှင်း ရာ ဗိ မာန် တော်၌ တည် လျက်၊ ကောင်း ကင် ဘုံ ရှိ ပ လ္လင် တော့် ထက် စံ တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ လူ့ သား တို့ ကို မျက် စိ တော် ဖြင့် ရှု ကြည့်၍၊ မျက် ခွံ တော် ဖြင့် စံ ချ တော် မူ၏။
5
ဖြောင့် မတ် သူ့ ကို ထာ ဝ ရ ဘု ရား စံ ချ တော် မူ၍၊ ကြမ်း ကြုတ် ခြင်း နှစ် သက် သူ နှင့် လူ ဆိုး တို့ ကို မုန်း ထား ရွံ ရှာ တော် မူ၏။
6
လူ ဆိုး တို့ အ ပေါ် သို့ ကျော့ ကွင်း များ ကို ကျ ရောက် စေ တော် မူ မည်။ မီး၊ ကန့် နှင့် လေ ပူ သည်၊ သူ တို့ သုံး သောက် ရန် ဝေ ပုံ ဖြစ် လိမ့် မည်။
7
ဖြောင့် မတ် တော် မူ သည့် အ လျောက်၊ ဖြောင့် မတ် ခြင်း ကို နှစ် သက် တော် မူ သော ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို၊ ဖြောင့် မတ် သူ သာ ဖူး မျှော် ရ လိမ့် မည်။