1
လူ ဆိုး တို့ အ ကြံ ပေး ရာ သို့ မ လျှောက် မ လိုက်၊ အ ပြစ် သား တို့ လမ်း၌ မ ရပ် မ နေ။ မ ထီ လေး စား ပြု သူ တို့ နေ ထိုင် ရာ တွင် မ နေ မ ထိုင်။
2
ထာ ဝ ရ ဘု ရား၏ တ ရား တော်၌ မွေ့ လျော်၍၊ ထို တ ရား တော် ကို နေ့ ညဉ့် မ ပြတ် စဉ်း စား ဆင် ခြင် သော သူ သည် မင်္ဂ လာ ရှိ၏။
3
မြစ် နား တွင် စိုက် ထား၍၊ အ ရွက် မ ညှိုး ဘဲ၊ ရာ သီ အ လျောက် အ သီး သီး သော သစ် ပင် နှင့် တူ လိမ့် မည်။ ကြံ တိုင်း အောင် လျက် ဆောင် တိုင်း မြောက် လိမ့် မည်။
4
လူ ဆိုး တို့ မှာ မူ၊ ထို သို့ မ ဟုတ်။ လေ လွင့် သော ဖွဲ နှင့် တူ ကြ၏။
5
သို့ ဖြစ်၍၊ လူ ဆိုး တို့ သည် တ ရား ဆုံး ဖြတ် တော် မူ ရာ တွင်လည်း ကောင်း၊ အ ပြစ် သား တို့ သည် ဖြောင့် မတ် သူ တို့ စည်း ဝေး ရာ တွင် လည်း ကောင်း၊ ရပ် တည်၍၊ နေ ရ ကြ မည် မ ဟုတ်။
6
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ လမ်း ကို သိ ကျွမ်း တော် မူ၏။ လူ ဆိုး တို့ လမ်း မူ ကား၊ ပျောက် ဆုံး ရ မည်။