1
အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ၌ အ ကျွန်ုပ် ခို လှုံ ပါ၏။ အ ကျွန်ုပ် ကို လိုက် လံ သူ အ ပေါင်း တို့ မှ ကယ် ယူ ၍ လွတ် မြောက် စေ တော် မူ ပါ။
2
သို့ မ ဟုတ် လျှင်၊ ကယ် လွှတ် သူ မ ရှိ စဉ်၊ အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို၊ ခြင်္သေ့ ကဲ့ သို့ ရန် သူ အ ပိုင်း ပိုင်း ဆွဲ ဖြတ် ပါ လိမ့် မည်။
3
အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ဤ အ မှု ကို၊ အ ကျွန်ုပ် ပြု ကျင့် မိ သော် လည်း ကောင်း၊ အ ဓ မ္မ မှု ကို ဆုတ် ကိုင် မိ သော် လည်း ကောင်း၊
4
အ ကြောင်း မဲ့ ရန် ဘက် ဖြစ် သူ့ ကို မ ကယ် ဘဲ၊ သင့် တင့် စွာ နေ သူ့ ကို မ ကောင်း ပြု လုပ် မိ သော် လည်း ကောင်း၊
5
ရန် သူ သည် အ ကျွန်ုပ် ကိုယ် ကို အ မှီ လိုက်၍၊ အ သက် ကို မြေ ကြီး ရောက် ဖိ နင်း ခွင့်၊ ဂုဏ် အ သ ရေ ကို မြေ မှုန့် ၌ ချ ထား ခွင့် ရ ပါ စေ။
6
အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် နှင့် ထ၍ အ ကျွန်ုပ် ရန် သူ တို့ ဒေါ သ ကို ခံ ရပ် တော် မူ ပါ။ ဆုံး ဖြတ် ခြင်း စီ ရင် ချက် ကို စီ မံ တော် မူ ပြီး သည့် အ လျောက်၊ အ ကျွန်ုပ် အ ဖို့ နိုး ကြား တော် မူ ပါ။
7
လူ မျိုး အ စု အ ရုံး တို့ ကို ခြံ ရံ စေ လျက်၊ သူ တို့ အ ထက် ဘ ဝဂ် သို့ ပြန် ကြွ တော် မူ ပါ။
8
ထာ ဝ ရ ဘု ရား သည်၊ လူ အ မျိုး မျိုး တို့ ကို တ ရား စီ ရင် တော် မူ၏။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ၏ ဖြောင့် မတ် ခြင်း နှင့် စုံ လင် ခြင်း အ တိုင်း၊ အ ကျွန်ုပ် ကို စီ ရင် ဆုံး ဖြတ် တော် မူ ပါ။
9
လူ ဆိုး တို့ ၏ ဆိုး သွမ်း ခြင်း ကို အ ဆုံး သတ်၍၊ ဖြောင့် မတ် သူ့ ကို တည် ကြည် စေ တော် မူ ပါ။ ဖြောင့် မတ် တော် မူ သော ဘု ရား သ ခင် သည်၊ နှ လုံး ကျောက် ကပ် ကို ပင် စစ် ဆေး တော် မူ ၏။
10
သ ဘော ဖြောင့် သူ တို့ ကို ကယ် တင် တော် မူ သော ဘု ရား သ ခင် သည်၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။
11
ဘု ရား သ ခင် သည်၊ ဖြောင့် မတ် သော တ ရား မင်း၊ နေ့ စဉ် အ မျက် ထား သော ဘု ရား ဖြစ် တော် မူ ၏။
12
လူ ဆိုး သ ဘော မ ပြောင်း လျှင်၊ ဓား တော် ကို ကျင်း လျက်၊ လေး တော် ကို တင် ၍ ရွယ် တော် မူ ၏။
13
ထို သူ့ အား၊ မီး မြှား တော် များ ကို ပြင် ဆင် လျက်၊ သေ ဘေး လက် နက် များ ကို ရွယ် တော် မူ ၏။
14
ကြည့် လော့။ ထို သူ သည် ဒု စ ရိုက် ဖွား ခြင်း ဝေ ဒ နာ ကို ခံ စား လျက်၊ မ ကောင်း သော အ ကြံ ကို သ န္ဓေ ယူ၍၊ မု သာ ကို ဖွား မြင် ပြီ။
15
တွင်း ကို တူး ဖော်၍ ကိုယ် တူး သော တွင်း ထဲ သို့ ကျ လေ ပြီ။
16
မ ကောင်း သော အ ကြံ သည်၊ ကိုယ့် ဦး ခေါင်း ပေါ် သို့ ပြန် ရောက်၍၊ ကြမ်း ကြုတ် ခြင်း သည်၊ ကိုယ့် ထိပ် ပေါ် သို့ သင့် ရောက် လိမ့် မည်။
17
ဖြောင့် မတ် တော် မူ ခြင်း အ လျောက်၊ ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း မည်။ မြင့် မြတ် သော ထာ ဝ ရ ဘု ရား၏ နာ မ တော် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို မည်။