1
ဘု ရား သ ခင် မ ရှိ ဟု၊ ယုတ် မာ သူ တို့ သည် စိတ် တွင် အောက် မေ့၍၊ ဖောက် ပြန် လျက် စက် ဆုပ် စွာ ပြု ကျင့် ကြ ပြီ။ အ ကောင်း ပြု ကျင့် သူ တစ် ယောက် မျှ မ ရှိ။
2
နား လည် သော သူ၊ ဘု ရား သ ခင် ကို ရှာ သော သူ ရှိ မ ရှိ ကို သိ မြင် ရန်၊ ထာ ဝ ရ ဘု ရား သည် ကောင်း ကင် ဘုံ မှ လူ့ သား တို့ ကို ငုံ့ ကြည့် တော် မူ ရာ၊
3
ခပ် သိမ်း တို့ လမ်း လွဲ၍ ညစ် ညမ်း လျက် ရှိ နေ ကြ ကုန် ပြီ။ အ ကောင်း ပြု ကျင့် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ ချေ။
4
ငါ့ လူ မျိုး ကို ထ မင်း အ ဖြစ် စား လျက်၊ ထာ ဝ ရ ဘု ရား ကို ပ ဌ နာ မ ပြု ဘဲ၊ ဒု စ ရိုက် ပြု ကျင့် သော သူ ခပ် သိမ်း တို့ သည်၊ အ သိ ပညာ မဲ့ ကြ သ လော။
5
ဖြောင့် မတ် သော လူ မျိုး တွင်၊ ဘု ရား သ ခင် ရှိ နေ တော် မူ သော ကြောင့်၊ ထိတ် လန့် ကြောက် ရွံ့ လျက် နေ ကြ ပြီ တ ကား။
6
ထာ ဝ ရ ဘု ရား ၌ ခို လှုံ သော ဆင်း ရဲ သား ၏ အ ကြံ အ စည် ကို၊ သင် တို့ အ ရှက် ခွဲ ကြ မည် လော။
7
ဣ သ ရေ လ လူ မျိုး၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ဇိ အုန် မြို့ တွင်း မှ ပေါ် လာ ပါ စေ သော။ သုံ့ ပန်း ခံ ရ သော လူ မျိုး တော် ကို၊ ထာ ဝ ရ ဘု ရား ပြန် လာ စေ တော် မူ သော အ ခါ၊ ယာ ကုပ် အ မျိုး ရွှင် လန်း၍၊ ဣ သ ရေ လ အ နွယ် ဝမ်း မြောက် ရ လိမ့် မည်။