1
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို မည် မျှ ကြာ အ စဉ် မေ့ လျော့၍၊ မျက် နှာ တော် ကို မည် မျှ ကြာ လွှဲ ထား တော် မူ မည် နည်း။
2
ကိုယ့် စိတ် ဖြင့် ကြံ ဖန် လျက်၊ တစ် နေ့ လုံး စိတ် ပူ လျက်၊ မည် မျှ ကြာ နေ ရ ပါ မည် နည်း။ အ ကျွန်ုပ် အပေါ် တွင် ရန် သူ ကြီး မြင့် လျက်၊ မည် မျှ ကြာ နေ ရ ပါ မည် နည်း။
3
အ ကျွန်ုပ် ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကြည့် ရှု နား ညောင်း၍၊ အ သေ အိပ် ခြင်း ကို အ ကျွန်ုပ် မ အိပ် ရ စေ ခြင်း ငှာ၊ မျက် စိ လင်း စေ တော် မူ ပါ။
4
သို့ မ ဟုတ် လျှင်၊ ရန် သူ က၊ ငါ နိုင် လေ ပြီ ဟု ဆို ၍၊ အ ကျွန်ုပ် ရွေ့ ရ သည့် ကာ လ၊ ရန် ဘက် တို့ ရွှင် လန်း ကြ ပါ မည်။
5
အ ကျွန်ုပ် မူ ကား၊ ကိုယ် တော်၏ က ရု ဏာ တော် ၌ ကိုး စား ပါ၏။ ကယ် တင် တော် မူ ခြင်း ကြောင့် စိတ် ရွှင် လန်း ပါ မည်။
6
ထာ ဝ ရ ဘု ရား သည် ကြွယ် ဝ စွာ သ နား တော် မူ သော ကြောင့်၊ ကိုယ် တော် အား ငါ သီ ချင်း ဖွဲ့ ဆို မည်။